ဟိန်းခိုင်ထွန်း၊ ၂၀၀၄ ခုနှစ် အောက်တိုဘာ
House Arrests Ex-Spy Chief Release But Probation Era
Updated
စစ်ထောက်လှမ်းရေး အရာရှိ နှစ်ဆယ် ကျော်ကို ပြန်လည် လွှတ်ပေးမည်ဟုအကျဉ်းသား မိသားစုသတင်း ရပ်ကွက်မှ သတင်းရရှိ (နံနက် ၁၁း၀၀)စနေနေ့နံနက် ၅ နာရီ မိနစ် ၃၀ နေအိမ် အကျယ်ချုပ်မှ ကွင်းလုံး ကျွတ် လွတ်မြာက်ခြင်း မဟုတ်ပဲ အကန့်အသတ် ဖြင့်သာ လွတ်မြောက်ခြင်း ဖြစ်သည်ဟု ထပ်မံ သတင်း ရရှိသည်။

လ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ အပြန်ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရပြီးနောက် အမိန့် မနာခံမှု လာဘ်စားမှု၊ မရိုးမသားလုပ်မှုများဖြင့် ရာထူးမှ ဖယ်ရှာခြင်းခံခဲ့ရသည့် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း နှင့်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်အား ဒီဇင်ဘာလ ၃ရက်နေ့သောကြာနေ့ ည ၁၂ နာရီခန့် တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။ ဗိုလ်ချုပ်ခင်ညွန့်အား နေအိမ် အကျယ်ချုပ်မှ ပြန်လည်လွှတ်ပေးသည် ဆိုသည့် သတင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်ခင်ညွှန့်၏ အိမ်အနီးတွင် နေထိုင်သူ တစ်ဦးက ည ၁၁ နာရီ ခွဲလောက်မှာ စစ်ကားတွေရောက်လာတယ်။ ရဲကား နှစ်စီးလဲ ပါတယ်။ ဘာဖြစ်လဲ ဆိုတာ တစ်လမ်း လုံးက စောင့်ကြည့်နေကြတာ ။ နောက်အားလုံးပဲ ရယ်ရယ်မောမောနဲ့ ပြန်ထွက်
သွားတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကိုလည်း ခြံထဲမှာတွေ့ တယ်။ ပြီးတော့ သူ ခြံတံခါးရှေ့ က လုံခြုံရေး အစောင့် တွေက သံဆူးကြိုးတွေဖယ်လိုက်တယ်။ အစောင့်တွေကတော့ အခုထိ ရှိသေးတယ်။ ဘေးအိမ်တွေမှာလည်း သူ့ လို နေအိမ်အကျယ်ချုပ် တစ်ယောက် ရှိသေးတယ် ဟု FNG သို့ ပြောသည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် နေအိမ် အကျယ်ချုပ် ဖြင့် ခြောက်နှစ်ကျော် နေထိုင်စဉ် ကာလ အတွင်းငွေကြေး ပြတ်လပ်၍ ၎င်း၏ Air Force ဂျာကင် များ ကို လုံခြုံရေး အစောင့် စစ်သားများမှ တစ်ဆင့်အပေါင်ဆိုင်များ တွင် သွားရောက် ရောင်းချရသည် ဟု သိရသည်။
No comments:
Post a Comment