Thursday, December 16, 2010

နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းမှ ဗိုလ်ကြီး စောဒိုစိုး(စောဃော်သကူး) အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦးနဲ့အတူ ဒီကေဘီအေထံ လာရောက်ပူးပေါင်း

December 16th, 2010

ဗိုလ်ကြီး ဃော်သကူး
BGF ၁၀၂၂ တပ်ရင်းမှ ဗိုလ်ကြီး စောဒိုစိုး(စောဃော်သကူး) အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦးနဲ့အတူ ဒီကေဘီအေ ဗိုလ်ကျော် သက် ထံသို့ လက်နက် အပြည့်အစုံနဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က လာ ရောက်ပူးပေါင်းခဲ့ပါတယ်။

အရှေ့တောင်တိုင်းလက်အောက်ခံ မြဝတီအခြေစိုက် BGF ၁၀၂၂ တပ်ရင်းမှူး  ဗိုလ်မုတ်သုန် ဦးစီးတဲ့ တပ်ဖွဲ့က ဖားချောင်းစခန်းမှာ တာဝန်ယူထား တဲ့ ဗိုလ်ကြီး စောဒိုစိုး ဦးဆောင်ကာ ဒီဇင်ဘာ ၁၄ ရက်နေ့က ဒီကေဘီအေနဲ့ ပူးပေါင်းဖို့ ရောက်ရှိလာခဲ့ပါတယ်။
လာရောက်ဆုံဆည်းတဲ့ ဖလူးကြီး ဖလူးလေးရွာကြားက ဗိုလ်ကလန ဘုရားကုန်း
ဒီကေဘီအေအဖွဲ့ကို ကူးပြောင်းလာတဲ့ BGF မှ ရဲဘော်များကတော့
၁၊ စောဒိုးစိုး (စောဃော်သကူး) (ဗိုလ်ကြီး)
၂၊ စောကဒူး (တပ်ကြပ်)
၃၊ စောဒိုးခို့သ (ရဲဘော်)
၎၊ စောစိုးလေး(ရဲဘော်)
၅၊ စောယော့ကူး (ရဲဘော်)
၆၊ စောထူးလင်း (ရဲဘော်)
၇၊ စောဇော်ထိုက် (ရဲဘော်)
၈၊ စောနိုင်ဦး (ရဲဘော်)
၉၊ စောကြူ (ရဲဘော်)
၁၀၊ စောကြာကူး (ရဲဘော်) တို့ ဖြစ်ပါတယ်။
သူတို့နဲ့အတူ အာပီဂျီ၇ တလက်၊ အသီး ငါးလုံး၊ အမ် ၁၆ နှစ်လက်၊ အေကေ သုံးလက်၊ ကာဘိုင် သုံးလက် ၊ ၄၀ မမ တလက်၊ ခြောက်လုံးပြူး တလက်၊ စကားပြောစက်တလုံး၊ ရှေ့ထွက်မိုင်း ငါးလုံး၊ လက်ပစ်ဗုံး ဆယ်လုံး စတဲ့ လက်နက်ငယ် လက်နက်ကြီးများနဲ့ ဒီ ကေဘီအေထံ လာရောက်ပူးပေါင်းကြခြင်း ဖြစ်ပါတယ်။

ဒီကေဘီအေထံ လာရောက်ပူးပေါင်းတဲ့ ဗိုလ်ကြီး စောဒိုစိုး ပြောပြတာက
“ကျနော်တို့ နယ်ခြားစောင့်တပ်က စထွက်ခွာတာ နိုဝင်ဘာ ၈ ရက်ကတည်းက ပါ။ ရန် သူ နအဖ တပ်တွေကို ရှောင်ကွင်းလာနေရတဲ့အတွက် ခုမှရောက်လာတာပါ။ ကျနော် တို့ BGF ဖွဲ့ကြတော့ ကျနော်တို့ ရဲဘော်ဟောင်းတွေ ခေါင်းဆောင်ဟောင်းတွေကို တပ် ထဲကအနားပေးပြီး ဖယ်ထုတ်နေတယ်။ ခုဆို ကျနော်တို့ တပ်တွေထဲမှာ သူတို့ လူတွေနဲ့ တကယ့်အရေးကြီးတဲ့ နေရာတွေကို ပေးထားတယ်။ ကျနော်တို့ ဒီကေဘီအေ အ ဟောင်းတွေက BGF တပ်ထဲမှာ အရာမရောက်ဖြစ် ကုန်ပြီလေ။ တဖြည်းဖြည်း ကျနော် တို့တွေဟာ ညှပ်တဲ့လက်မ မရှိတဲ့ ကဏန်းလိုလို၊ အဆိပ်မရှိတဲ့ မြွေလိုလိုဖြစ်ကုန်တယ်။ ကျနော်တို့ တော်လှန်ရေးစလုပ်တုန်း ကရော၊ ဒီကေဘီအေ စလုပ်တုန်းကရော ကျနော် တို့ ပြည်သူလူထုအတွက် အမျိုးသားထုအတွက် တခုခု အကျိုးရှိတာ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ခဲ့တာ ခု ဘာတခုမှဖြစ်မလာဘဲ ကျနော်တို့ကိုပါ လည်ပင်းညှစ်ဖို့ လုပ်လာ တယ်။ ဆက်ပြီး နအဖ အောက်မှာဆက်နေ နေရင် တဖြည်းဖြည်း ကျနော်တို့ ပြောက် သွားမှာပဲ”
လို့ ပြောသွားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်က တငေါရွာအနီးမှာ နယ်ခြားစောင့်တပ်ရင်း (၁၀၁၅) တပ်ဖွဲ့ကို နအဖ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရတခ လက်အောက်ခံ ခမရ (၃၃၉) တပ်ရင်းက တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်တပ်မှ ၇ ဦး ကျ ဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)