Wednesday, December 8, 2010

မဲ့ကူကင်းရွာမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်ခိုင်း

December 7th, 2010


jacba
ဟုတ်ကဲ့ပါခင်ဗျား…“ကူညီတယ်၊ ကယ်ဆယ်တယ်၊ လူသားချင်း စာနာထောက်ထားတယ်” စသဖြင့် လူ့အခွင့် အရေးစာမေးပွဲ ကြီးမှာ အမှတ်ပြည့်နီးပါးရခါနီးတဲ့ ထိုင်းစစ်တပ် အပါအ၀င် ထိုင်းပြည်သူ့စစ်၊ ထိုင်းဒေသခံ မြို့စောင့်တပ်ဖွဲ့၊ ထိုင်းအာဏာ ပိုင် အဖွဲ့အများဟာ ငါ့သမီး လေးတော်လှချည့်၊ ယောက်မမြင်း စီးထွက်ဆို သလို၊ လူအခွင့်အရေးချိုးဖောက်ခဲ့ကြပါပြီ။

 ဒီဖြစ်ရပ်ကတော့ မဲ့ကူကင်းရွာ ယာယီကယ်ဆယ်ရေးစခန်းထဲကလက်ရှိ နေထိုင်သူ စစ်ပြေးဒုက္ခသည် ၁၀၀၀ လောက်ကို ဒီကနေ့ နေ့လည် ၁၂ နာရီမှာ မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ် ညှိနှိုင်းပြီးပြီ၊ ဒါကြောင့် နေရပ်ရင်း ကျေးရွာတွေကို ပြန်လို့ရပြီ ဘာညာနဲ့ ဆက်သွယ်ဖြစ်ကြပုံရပါတယ်။

ဒီလိုနဲ့ပဲ ၁၂ နာရီမှာ မဲခေါင်ကင်းရွာ ကယ်ဆယ်ရေးစခန်းကနေ စစ်ပြေး ဒုက္ခသည်တွေက အထုပ်အပိုးကိုယ်စီနဲ့ သောင်ရင်းဖြစ်ကမ်းနား ၁၀- ဘတ်ဂိတ်ကိုပဲ ဆင်းခါရှိသေးတယ်။ ၁၂း၃၀ နာရီမှာ ဖလူးလေးရွာ ဘက်က လက်နက်ကြီးသံတချက်ကြားရပြီး ရေလယ်ကိုရောက်နေတဲ့ စက်လှေတွေကလည်း အခုပဲနောက်ပြန်လှည့်ရတော့ မလိုလို၊ ၁၀-ဘတ် ဂိတ် ကူတို့ဆိပ်မှာ ထိုင်းစစ်တပ်ခြံရံပြီး လိုက်ပါလာတဲ့ စစ်ပြေးဒုက္ခသည် တွေ မှာလည်း အထိတ်တလန့်နဲ့ ပေါ့ဗျာ။
Add caption
ဒီလိုနဲ့ အခြေအနေအရပ်ရပ်အပေါ် နားလည်သွားပုံရှိတဲ့ ထိုင်းအာဏာပိုင် တွေဟာ မွန်းလွဲ ၁း၃၀ နာရီကစပြီး ကယ်ဆယ်ရေးစခန်းအနီးက ၀ပ်မဟာဝုန်ဘုန်းကြီးကျောင်း နဂါး နှစ်ကောင်ကျောင်း အတွင်းမှာရော၊ အပြင်မှာပါ ရစ်သီရစ်သီနဲ့ မြန်မာပြည်ဘက်ကမ်း ဖလူးလေးရွာ၊ မင်း လက်ပန်ရွာတွေဆီ မပြန်ဘဲ နေကြသူတွေကို ပြန်ခေါ်ပါတယ်။
ကဲ… ပြောတဲ့စကားက ကြည့်ပါဦး။ ဟိုဘက်ကမ်းမပြန်ရဲ့တဲ့သူတွေ၊ စခန်းထဲပြန်ဝင်ကြတဲ့ ခင်ဗျ။
ဒီလိုနဲ့ လူ ၃၀၀ လောက်ပြန်လာကြပြီး လူ ၁၀၀၀ ကျော်ရှိတဲ့အထဲက လူ ၃၀၀ လောက် ပဲ ယာယီကယ်ဆယ်ရေးစခန်းမှာ လက်ရှိ ရှိပါတော့တယ်။
သတင်း၊ ဓါတ်ပုံ JACBA
http://www.naytthit.net/?p=5012

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)