Sunday, December 19, 2010

မြန်မာ့ညူကလီးယားကိစ္စ လာရောက်စစ်ဆေးဖို့ IAEA တောင်းဆို

2010-12-18

မြန်မာနိုင်ငံမှာ ညူကလီးယား အစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ သံသယဖြစ်စရာ နေရာတွေကို လာရောက်စစ်ဆေးခွင့် ပြုဖို့အတွက် IAEA ခေါ် ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီက မကြာသေးခင် လပိုင်းတွေအ တွင်း စစ်အစိုးရကို စာရေးသား တောင်းဆိုထားကြောင်း ဒီကနေ့ ထုတ်ဝေတဲ့ Wall Street Journal သတင်းစာက ရေးသားလိုက်ပါတယ်။

 မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လုပ်ဆောင်လာရာမှာ အဲဒီအထဲမှာ ညူကလီးယားနည်းပညာတွေ၊ တာဝေးပစ်ဒုံးပျံတပ်ဆင်တာတွေနဲ့ မြေအောက်လိုဏ်ခေါင်း တူးဖော်တာတွေ ပါဝင်တယ်ဆိုပြီး အမေရိကန် ပြည်ထောင်စု အပါအဝင် အာရှနိုင်ငံတွေက စိုးရိမ်နေကြတာပါ။


အီရန်၊ ဆီးရီးယား စတဲ့ နိုင်ငံတွေကို မြောက်ကိုရီးယား စစ်လက်နက်ပစ္စည်းတွေ ပင်လယ်ရေကြောင်း က သယ်ယူရာမှာ မြန်မာဆိပ်ကမ်းကတဆင့် ကြားခံလွှဲပြောင်းပြီး ပို့ဆောင်ပေးနေတယ်လို့ အမေရိကန်အရာရှိ တွေက စွပ်စွဲထားပါတယ်။ ဒါ့ပြင် မကြာသေးခင် နှစ်တွေအတွင်း မြန်မာရေပိုင်နက်နဲ့ လေကြောင်းပိုင်နက် တွေကို ဖြတ်သန်းပြီး ဒုံးကျည်အစိတ်အပိုင်းတွေ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား သင်္ဘောတွေနဲ့ လေယာဉ်တွေကို အမေရိကန်က ကြားဖြတ် တားမြစ်ခဲ့တယ်လို့လည်း ဝါရှင်တန်ပို့စ် သတင်းမှာ ရေးသားထားပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)