Thursday, January 27, 2011

ဒုကာကွယ် ရေး ဦးစီးချုပ် တာဝန်မှ အနားယူ

25 Jan 2011
Freedom News Group

ဒုတိယ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှုးကြီး မောင်အေး ဟာ ဇန်န၀ါရီလ ၂၄ ရက်နေ့ မှာ လက်ရှိ ရာထူးတာဝန် ဖြစ်တဲ့ နိုင်ငံတော် အေးချမ်းသာ ယာ ရေး နဲ့ ဖွံ့ ဖြိုးရေးကောင်စီ ဒုဥက္ကဌ အဖြစ်က ၎င်း၊ ဒု ကာကွယ်ရေး ဦးစီးချုပ် နေရာ ကနေ ၎င်း နှုတ် ထွက်လိုက်ပြီး အသစ် ပေါ်ထွက် လာမယ့် အစိုးရ အဖွဲ့ မှာ လည်း ဘာတာဝန် မှ မယူတော့ ဘူးလို့ သတင်းရရှိ ပါတယ်။
Freedom News အနေ နဲ့ ဒီသတင်း ကို အတည် ပြု ဖို့ ခက်ခဲပေမယ့် နေပြည်တော်ကာကွယ်ရေး ၀န်ကြီးဌာန က အကြီးတန်း အရာ ရှိ တစ်ဦးက တော့ ” ဒီသတင်း ကိုမနေ့ ညက စကြားတယ် ၊ နှစ် ရက် လောက် ဆိုရင် တော့ သဲသဲ ကွဲကွဲ သိရပြီ ၊ လွတ်လပ်ရေး နေ့ ညစာ စား ပွဲ မှာ ကတည်း က သူက မတ် လ ၂၇ ရက်နေ့ ကျွန်တော့် ရဲ့ နောက်ဆုံး ညစာစား ပွဲ ပဲ လို့ ပြောသွားတယ်” ဟု အဆိုပါ ဗိုလ်မှုးကြီးက ပြောသည်။

ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး က ရာထူးကနှုတ် ထွက် သွားပေမယ့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းကတော့ မကြာခင် ပေါ်ပေါက် လာမယ့် စစ်တပ် ကြီးစိုး မယ့် အစိုးရ သစ် ရဲ့ သမ္မတ အဖြစ် ရာနှုန်း ပြည့် ရာထားခံထားရတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ် မှုးကြီး မောင်အေး ကတော့ သူဟာ အရပ် ၀တ် ကို လဲဝတ် လို စိတ်မရှိဘူး လို့ လွတ်လပ်ရေးနေ့ (သီးသန့် ) ညစာ စား ပွဲ မှာ ပြောခဲ့တယ် လို့ သိရပါတယ်။

ဒီသတင်း တွေ နဲ့  ဆက်လက်ပြီး သိရတဲ့ သတင်း တစ်ခု ကတော့ တိုင်းမှုး အသစ်တွေ ဖြစ်တဲ့ ဗိုလ်မှုးချုပ် ရဲအောင် ၊ ဗိုလ်မှုးချုပ် စိုးလွင်၊ ဗိုလ်မှုးချုပ် မောင်မောင်အေးဗိုလ်မှုးချုပ် ဇေယျာအောင် စ တဲ့ တိုင်းမှုး အသစ် တွေ အား လုံး ကို ယခင် က လိုဗိုလ်ချုပ် ရာထူး တိုးပေးမှာ မဟုတ်တော့ ဘူး လို့ သိရပါတယ်။

မြန်မာ နိုင်ငံ ရဲ့ ဒုတိယ စစ်ခေါင်းဆောင် အဖြစ် တာဝန် ယူ ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီးမောင်အေး ကို ၁၉၃၇ ခုနှစ် ဒီဇင်ဘာ လ မှ စစ်ကိုင်း တိုင်း ကန့် ဘလူ မြို့ နယ်မှာ မွေးဖွား ခဲ့ပြီး ၁၉၅၅ ခုနှစ်မှ စစ်တပ်ထဲ ၀င်ရောက် ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ မေ
မြို့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ် စဉ် ၁ ကနေ အောင်မြင် ခဲ့ပါတယ်။၁၉၈၆ ခုနှစ် မှာအရှေ့ မြောက် ပိုင်း စစ်ဌာနချုပ် တိုင်းမှုး အဖြစ် တာဝန် ယူ ခဲ့ပြီးအဲဒီအချိန် က တိုင်းမှုး အဖြစ် တာဝန် ယူရ သူတွေ ထဲ မှာ သူတစ်ဦး တည်းစစ်ခေါင်းဆောင် နေရာကို တက်လှမ်း နိုင် ခဲ့ခြင်း ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ် မှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ရာ ထူးရရှိခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ ဒု ကာကွယ်ရေး ဦးစီးချုပ် ရာထူး နဲ့  နိုင်ငံတော်အေးချမ်းသာ ယာ ရေး နဲ့ ဖွံ့ ဖြိုး ရေးကောင်စီ ဒုဥက္ကဌ ရာထူး ကို ရယူခဲ့ပါတယ်။

သူ့ ရဲ့ ဇနီး ဖြစ်သူ ဒေါ်မြမြစန်း ဟာ ကာကွယ်ရေး ၀န်ကြီးဌာန မှာ ပဲ ဗိုလ်မှုး အဆင့် ထိ တာဝန် ယူခဲ့ပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)