Sunday, February 13, 2011

ဆစ်ဒနီမြို့က ပဒိုမန်းရှာလားဖန်းအတွက် ၃နှစ်ပြည့် ရက်လည် ဆွမ်းကျွေးပွဲ (မှတ်တမ်းဓါတ်ပုံ)

၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ (ချစ်သူများနေ့)တွင် လုပ်ကြံခံရသည့် ပဒိုမန်းရှာလားဖန်း ၃နှစ်ပြည့် ရက်လည်ဆွမ်းကျွေးပွဲနှင့် ဆုတောင်းပွဲကို သြစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ၃နေရာခွဲကာ ကျင်း ပပြုလုပ်ခဲ့သည်။



မနက် ၆နာရီတွင် ကရင့်တော်လှန်ရေး သမားဟောင်းများ၊ ပဒိုမန်းရှာကို ချစ်ခင်လေးစားသူများက ဦးစီးကာ မန်းချစ်ဦး၊ နန်းမမိုးတို့အိမ်တွင် ဆွမ်းကျွေးတရားနာ ကျင်းပပြုလုပ်ခဲ့သည်။

ဒါ့အပြင် မနက် ၈နာရီတွင် မန်းချစ်စိန် နန့်ဟယ်လင်တို့အိမ်တွင်လည်း ကွယ်လွန်သွားခဲ့သူ ပဒိုမန်းရှာအတွက် ခရစ်ယာန်ဘာသာဖြင့် ၀တ်ပြုဆုတောင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

နေ့လည် ၁၀နာရီတွင် ပဒိုမန်းရှာကို ချစ်ခင်လေးစားသည့် ကိုမျိုးဝင်းမိသားစုတို့ကလည်း ဆစ်ဒနီ စိန်မေရီအရပ်ရှိ မြန်မာ ဘုန်းကြီးကျောင်းတွင် နေ့လည်ဆွမ်းကျွေးပြီး တရားနာ ရေစက်ချကာ ပဒိုမန်းရှာအတွက် ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။(အဲခေါင်သောင့်မှ)



No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)