Saturday, February 5, 2011

စစ်အစိုးရ ရိက္ခာတင်ကား (၄) စီးဘုရားသုံးဆူဒေသသို့ ရောက်လာ


နော်ဂျူနီဒါး၊ ကောင်းဝါသတင်းဌာန
တပို့တွဲလဆန်း ၁ရက်။ဖေဖေါ်ဝါရီ ၄၊၂၀၁၁။
နော်ဂျူနီဒါး(ဖေဖေါ်ဝါရီ-၄)။ ။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ် ဘုရားသုံးဆူမြို့ တွင် ကရင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့  ကေအန်ယူနှင့် တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော်ဒီကေဘီအေတို့ပိတ်ဆို့မှုကြားမှ စစ်အစိုးရ၏     ရိက္ခာ တင်ကားများ(၄)စီး ဘုရားသုံးဆူသို့ရောက်နေပြီး ကျန်(၄)စီးမှာ ချောင်းဆုံတွင် ဆန်အိတ်များချရန် ကျန်နေကြောင်း ကားသမားတစ်ဦးမှပြောပါသည်။
“ကားအားလုံးအရေအတွက် (၂၅) စီးရှိတယ်။ ဘုရားသုံးကို (၄) စီးရောက်သွားပြီး။ (၃) စီးက ချောင်းဆုံမှာ ဆန်အိတ်ချနေတယ်။ တင်လာတဲ့ပစ္စည်းတွေကတော့ ဆန်၊ အမဲပုံး ၊ ကျည်ဆန် ၊ နို့ ဗူး တွေပါတယ်။ ကားတွေကတော့ ၁၀ ဘီးကား (၂) စီး ၊ ၆ ဘီး ကား (၁၄)စီး ၊ ၄ ဘီးကားတွေလည်းပါ တယ်။ မနေ့ ကတော့ (နအဖ) စစ်သားတွေက သူတို့ လာရာလမ်းကို ရှင်းတဲ့အနေနဲ့  လက်နက်တွေ လှမ်းပစ်တယ်”

စစ်အစိုးရ ရိက္ခာတင်ကား(၈)စီးမှာ ယမနေ့ည(၈း၀၀)နာရီအချိန် ချောင်းဆုံသို့ရောက်လာသည်ပြီး ကျန်တစ်စီးမှာ ကျုံမဲ့ပရန်ရွာအနီးတွင် တိမ်းမှောက်နေသည် ဟုဒေသခံများက ပြောသည်။

ရိက္ခာများသာမက စစ်တပ်ကာရန် သံဆူကြိုးနှင့် တာတိုပစ် (၁၀၅) လောင်ချာများလည်း ပါလာကြောင်း ကားသမားတစ်ဦးမှပြောပါသည်။

ဘုရားသုံးဆူတွင် စစ်အစိုးရတပ်မတော်အင်အားတပ်ရင်း (၅)ရင်းမှရိက္ခာပြတ်တောက်နေသဖြင့် ပုဂ္ဂလိက ပိုင်ကားများကို စစ်တပ်ကအတင်းအဓမ္မချောဆွဲပြီးဘုရားသုံးဆူနှင့် သံဖြူဇရပ်ကားလမ်းမပေါ်ရှိ တောင်စွန်း ကျေးရွာအခြေချစခန်းမှ ဘုးရားသုံးဆူသို့ ရိက္ခာများကို တင်ပို့  စေသည်။

ရိက္ခာတင်ကားများဘုရားသုံးဆူသို့ လာရာလမ်းတွင် ကရင်လက်နက်ကိုင်တောင်လှန်ရေးအဖွဲ့ကေအန်ယူ ဘက်မှ ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် ဇန်န၀ါရီလ (၂၇) ရက်နေ့ တွင်သံဖြူဇရပ်မှ လိုက်ပါလာသောကားမောင်းသမား တစ်ဦးနှင့် ကားနောက်လိုက်သမား တစ်ဦး သေဆုံးခဲ့ရသည်။

ယခုအချိန်တွင် ဘုရားသုံးဆူဒေသတွင် (နအဖ) စစ်တပ်နှင် ကေအန်ယူတို့  မကြာခဏဖြစ်ပွါးခဲ့သော တိုက် ပွဲများကြောင့် ဒေသခံများအနေနှင့် ဘ၀လုံခြုံရေးအာမခံချက်မရှိဟု စစ်ရေးအကဲခတ်နေသူများမှ သုံးသပ် ပြောဆိုနေသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)