Monday, February 7, 2011

ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ကျိုက်ဒုံမှာ စစ်တပ်က အဓမ္မချောဆွဲ

ဖလူးရွာနားမှ ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသားပေါ်တာများ

နအဖ စစ်တပ်က တပ်ရိက္ခာတွေကို တပ်စခန်းတွေရှိတဲ့ နေရာအရောက် ပို့ဆောင်ပေးဖို့အတွက် ကြာအင်းဆိပ်ကြီးဘက် က ကျိုက်ဒုံမှာ အရပ်သားတွေပိုင်ဆိုင်တဲ့ ယာဉ်တွေကို ဒီရက်ပိုင်းမှာ အတင်းအဓမ္မ ချောဆွဲနေပါတယ်။

 စစ်တပ်ရိက္ခာတွေကို အဇင်း ဘက်က ထိဒါးပေါင် နအဖ တပ်စခန်းကို ပို့ဆောင်မှာဖြစ်တယ်။ ကျိုက်ဒုံမှာ ကားတွေကို ချောဆွဲ၊ လူတွေကို ပေါ်တာဆွဲ လုပ်နေတယ်။ အရပ်သားကားတွေ အနေနဲ့လည် မလိုက်ရဲကြဘူး။ သူတို့လည်း မြဝတီ ကော့ကရိတ် ကားလမ်းမှာ နအဖ နဲ့ ပတ်သက်တဲ့ ကားတွေ စစ်ကားတွေကို ဒီအေဘီအေဘက်က တိုက်ခိုက်နေတယ် ဆိုတာ ကြားတဲ့အတွက် နအဖ နောက်လိုက်ရမှာ အထူးစိုးရိမ်နေကြတယ်လို့ ဒီကေဘီအေ တပ်မဟာ ၅ မှ
ဗိုလ်ဆန်းအောင် က ပြောပြသွားပါတယ်။
ဇန်နဝါရီလ ၇ ရက် ၁၃ ရက် ၃၀ ရက်နဲ့ ၃၁ ရက်နေတွေမှာ ဒီကေဘီအေဘက်က မြ၀တီမြို့နယ်အတွင်းရှိ ကော့ကရိတ် မြ၀တီကားလမ်း တံတားကျိုးအနီးတဝိုက်နဲ့ ကော့ကရိတ်မြို့နားမှာ ကားလမ်းပေါ်တိုက်ခိုက်မှုတွေကို ဒီကေဘီအေ ဘက် က ပြုလုပ်ခဲ့ပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)