ကရင်ပြည်နယ် မြ၀တီခရိုင် အတွင်း မကြာမီ ဖွင့်လှစ်မည့် ချူးကလိ မြို့နယ်ခွဲကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က တိုက်ခိုက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် တာဝန်ကျ ဌာနဆိုင်ရာ
ဝန်ထမ်းများ ကြိုတင် ရှောင်တိမ်းနိုင်ရန် သတိပေးထားသည်။
DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က “မကြာခင် နအဖ က မြ၀တီမြို့နယ်ခွဲ ဆိုပြီး ချူးကလိမှာ ဖွင့်ပွဲလုပ်ဖို့ရှိတယ်၊ အဲဒီမြို့သစ် ဖွင့်ဖို့အတွက် အင်္ဂါနေ့က မြ၀တီမြို့ထဲ စစ်ကားကြီးအစီး ၄၀ ကျော်ဝင်လာ တယ်၊ မြို့သစ်မှာ တာဝန်ကျတဲ့ ဆေးရုံ ၀န်ထမ်းတွေ၊ ပညာရေးဌာနက လူတွေ၊ အခြားဌာနက လူတွေကို ကျနော်တို့ ကြိုပြီး သတိပေးတာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြ၀တီမြို့နယ်ခွဲ ချူးကလိမြို့သစ်သည် မြ၀တီတောင်ဘက် မိုင် ၃၀ ကျော်အကွာ မြ၀တီနှင့် ကြာအင်းဆိပ်ကြီး မြို့နယ် အစပ်တွင် တည်ရှိပြီး လက်ရှိလုံခြုံရေး တာဝန်ကို ရဲ ၀န်ထမ်း ၁၀၀ ကျော်က တာဝန်ယူထားသည်ဟု သိရသည်။
“ကျနော်တို့ရဲ့ အဓိက ပစ်မှတ်က နအဖပဲ ဖြစ်တယ်၊ ဒါပေမယ့် စစ်ဆင်ရေး လုပ်တဲ့အချိန်မှာ အရပ်သား တချို့ကို ထိခိုက် ခဲ့တာတွေရှိတဲ့ အတွက် ကြိုတင်အသိပေးရတာ ဖြစ်တယ်”ဟု ဗိုလ်မှူးဆန်းအောင်က ဖြည့်စွက် ပြောကြားသည်။
DKBA ၏ အဆိုအရ ၎င်းမြို့သစ်တွင် ထိုင်းနိုင်ငံဘက်၌ ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များအား မြန်မာဘက်ကပြန် လည်လက်ခံမည့် အစီအစဉ်ကို နှစ်ဘက် အာဏာပိုင်များ သဘောတူညီမှု ရရှိထားသည်ဟုလည်း သိရသည်။
မြန်မာအစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများကို ထိုင်းနိုင်ငံက အားပေးမည်မဟုတ်ကြောင်းနှင့် ထိုင်း နယ်မြေကိုလည်း ခြေကုတ်ယူခွင့်မပြုဟု ထိုင်းအာဏာပိုင်များက မကြာသေးမီက ထုတ်ဖော်ပြောဆိုမှုများနှင့် ပတ်သက် ၍လည်း DKBA က လက်မခံနိုင်ကြောင်း ပြောဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ DKBA ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပိတ်သည့်ပြဿနာသည် နှစ်နိုင်ငံနယ်ခြား သောင်ရင်းမြစ် အတွင်း ထိုင်းဘက်မှ ကမ်းထိန်းနံရံတည်ဆောက်ရာ မြန်မာဘက်ကမကျေနပ်၍ ချစ်ကြည်ရေးတံတားကိုပိတ်လိုက်ြ
ဖေဖော်ဝါရီ လလယ်ပိုင်းကလည်း ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ကားလမ်းကို ဖြတ်တောက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် ယနေ့မှစ၍ အရပ်သားများ ခရီးသွားလာခြင်းမပြုလုပ်ရန် DKBA က သတိပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက်တလုံးစခန်းကို တိုက်ခိုက်မှုကြောင့် မြ၀တီ မှ ကော့ကရိတ်သို့ ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့်မှာ မြ၀တီသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။
ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဆိုပါ DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ် အတွင်းရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။
No comments:
Post a Comment