Saturday, March 5, 2011

နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းနေရာ ဒေသခံပြည်သူများ လက်မခံကြ


စောချစ်သူ ၊ ဗိုလ်မုတ်သုန် (ဓါတ်ပုံ .. ဧရာဝတီ မှ)
၂၀၁၀ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ကစပြီး အပစ်ရပ် ဒီကေဘီအေ တပ်ဖွဲ့မှ နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းခဲ့ရတဲ့ ကရင်ပြည်နယ်အတွင်းက တပ်ဖွဲ့တွေကို တပ်ရင်းနေရာတွေ သတ်မှတ်၊ တပ်ရင်းတည်းဆောက်ရေး လုပ်ငန်းတွေ အ တွက် ကုန်းကျစရိတ်တွေ ချပေးခဲ့ပါတယ်။ ကရင်ပြည်နယ်တွင်း နယ်ခြားစောင့်တပ်ဖွဲ့ထဲကမှ ဗိုလ်မုတ်သုန် ဦးဆောင်း တဲ့ နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းနေရာချထားမှုကို ဒေသခံရွာသားတွေက လက်မခံနိုင်ပဲ ဖြစ်နေကြပါတယ်။

 နအဖ တပ်ရင်း ၃၅၃ နဲ့ အပြင်ကွင်းကလေးကြားမှာရှိတဲ့ မင်းသမီးတောင်နေရာကို နယ်ခြားစောင်တပ်ရင် ၁၀၂၂ အ တွက် တပ်ရင်းတည်းဆောက်ရေးပြင်ဆင်နေချိန်မှာပဲ မတ်လ ၄ ရက်နေ့က ဒေသခံပြည်သူတွေက လက်မခံ ကန့်ကွက် တဲ့အတွက် သက်ဆိုင်ရာ ဒေသအကြီးအကဲတွေနဲ့ ပြန်ပြီ ညှိနှိုင်းနေရပါတယ်။
အခြေအနေကို အပြင်ကွင်းကလေးရွာသားတဦး ပြောပြတာက…
“သူတို့ နယ်ခြားစောင့်တပ်နေရာယူတာက ဘာပဲပြောပြော ကျနော်တို့ ရွာသားပိုင်မြေတွေပါ။ သူတို့ တပ်လာတည်တာ လည်း နစ်နာသူတွေအတွက် ဘာနစ်နာကြေးမှမရဘူး၊ မဲ့ပလယ် နဲ့ ဝှေ့ရှမ်းကြားမှာလည်း ဟိုတခါတုန်းက ရွာသားမြေ တွေကို ဒီလိုပဲ တပ်နေရာအတွက်ဆိုပြီး အလုခံရသေးတယ်လေ၊ တည်ဆောက်ရေးအတွက် ငွေတွေလဲ ရထားကြတာပဲ၊ နောက် သူတို့က ကျနော်တို့ ရွာသားတွေကြားထဲ လာနေရင် ဟို တောထဲက တိုက်နေတဲ့ အဖွဲ့တွေ ခဏခဏလာတိုက် ရင် ကျနော်တို့ ရွာသားတွေက ကြားထဲက ခံရအုံးမယ်၊ ကျနော်ကတော့ လက်မခံဘူး။ သူတို့က ရွာလူကြီးကိုလည်း ညှိ နေတယ် မရဘူး၊ ခု ကွင်းကလေး ဆရာတော်ကို ဝင်ညှိပေးဖို့ သူတို့သွားစည်းရုံးနေတယ်” လို့ ပြောပြသွားပါတယ်။
ကရင်ပြည်နယ်အတွင်း နယ်ခြားစောင့်တပ်ရင်းတွေကို ၁၀ ရင်းအထိ ဖွဲ့စည်းထားပြီး အင်အား ၂၀၀၀ လောက်ရှိပါတယ်။ တာဝန်ထမ်းဆောင်နေတဲ့ အနိမ့်ဆုံးအဆင့်ကို လုပ်ခလစာ ၃ သောင်ခွဲအထိ သတ်မှတ်ထားပါတယ်။ နယ်ခြားစောင့် တပ်ရင်း တရင်းကို တပ်ရင်းတည်းဆောက်ရေးအတွက် ကျပ်ငွေ သိန်း ၁၀၀၀ သတ်မှတ်ပေးထားတယ်လို့လဲ သိရှိရပါ တယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)