Friday, March 25, 2011

အမှတ် (၁၉) နယ်ခြားစောင့်တပ်ရင်း သရက်ဖြူစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

23 Mar 2011
နေ့သစ်

ကရင်ပြည်နယ် မြဝတီအနီးက မယ်ပလဲ၊ ဝှေ့ရှမ်း၊ ထိပေါပလော ကြားမှာရှိတဲ့ သရက်ဖြူစခန်းမှာ အခြေပြုတဲ့ နယ်ခြား စောင့်တပ် တပ်ရင်း ၁၉ ကို ကေအန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၂၂ ရက်နေ့က ဝင်ရောက်တိုက် ခိုက် သိမ်းပိုက်လိုက်ပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်အောင် ပြောပြတာက ..
“ဒီ သရက်ဖြူစခန်းမှာ တာဝန်ယူတာက BGF တပ်ရင်း ၁၉ ပါ ဗိုလ်မှူး ဒီးဒီး က ဦးဆောင်တယ်။ ၂၂ ရက်နေ့ နေ့ခင်း ၁၁ နာရီလောက်မှာ ကျနော်တို့ဘက်က စခန်းကို သိမ်းပြီး မီးရှို့ပစ်ခဲ့တယ်။ စစ်အာဏာရှင်လက်အောက်မှာ နယ်ခြားစောင့် အဖြစ်နဲ့ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေကို ကျနော်တခုပြောချင်တယ်၊ ကျနော်တို့ တော်လှန်းရေးညီအကိုတွေအချင်းချင်း  
အမြန်ပူးပေါင်းဖို့လိုပြီ စစ်အာဏာရှင်က နယ်ခြားစောင့်တပ်တွေကို ရှေ့မှာထားပြီး ထိုးကျွေးထားတာဖြစ်တယ်။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင်တော့ လုံးပါးပါးပြီး ပျောက်သွားလိမ့်မယ်။ ကျနော်တို့လည်း ညီအကိုအချင်းချင်းမတိုက်ချင်ပါဘူး၊ ခုလောလောဆယ် သူတို့တွေဟာ စစ်အာဏာရှင်ရဲ့ ဒေါက်တိုင်၊ စစ်အာဏာရှင်က အသုံးချခံဖြစ်နေတဲ့ အတွက် မဖြစ်မ နေတိုက်နေရတာဖြစ်တယ်” လို့ ပြောပြသွားပါတယ်။

ကော့ကရိတ်မြို့နယ်ထဲက ထိပိုးစံရွားအနီးမှာလည်း ကေအန်ယူ တပ်ရင်း ၁၀၁ နဲ့ ဒီကေဘီကေ တပ်ရင်း ၉၀၅ တို့ ပူး ပေါင်း တပ်ဖွဲတွေက နအဖ ခလရ (၉၇) ကို မတ်လ ၂၃ ရက်နေ့က တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေ အသေး စိတ်ကိုတော့ မသိရှိရသေးပါ။

အခုဆိုရင် ကေအန်ယူနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေဟာ မြဝတီမြို့နယ် ကော့ကရိတ်မြို့နယ်တွေမှာ လူထု စည်းရုံးရေး လုပ်ငန်းတွေ လူထု အုပ်ချုပ်ရေးလုပ်ငန်းတွေ ပြုလုပ်နေပြီး နအဖ တပ်စခန်းတွေကို ဆက်လက်ထိုးနှက်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့လဲ ကြားသိရပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)