AFP သတင်းဌာန
မတ် ၅၊ ၂၀၁၁
ပျက်ကျသွားသည့် AN-148 အမျိုးအစား လေယာဉ်တစီး။ ခရီးသည် ၁၀၀ ခန့် တင်ဆောင်နိုင်သော လေယာဉ် ဖြစ်သည် (ဓာတ်ပုံ - flickr/Dmitry Terekhov) နောက်ဆက်တွဲသတင်း - http://en.rian.ru/russia/20110305/162874868.html တွင် ဖော်ပြထားချက်အရ သေဆုံးသူ မြန်မာ၂ဦးမှာ ထိန်လင်းအောင်၊ ဇော်ထွန်းအောင် တို့ ဖြစ်သည်။
အနည်းဆုံး မြန်မာ ၂ ဦး ပါဝင်သွားသည့် လေယာဉ်တစီး ရုရှနိုင်ငံ အလယ်ပိုင်းတွင် ယနေ့ ပျက်ကျသွား ကြောင်း Russian သတင်းဌာနများက ဆိုသည်။
စမ်းသပ်မောင်းနှင်သည့် AN-148 အမျိုးအစား ထိုလေယာဉ်တွင် လိုက်ပါသွားသူ စုစု ပေါင်း ၆ ဦး၏ ရုပ်အ လောင်းကို Voronezh မြို့တော်နှင့် ကီလို ၁၃၀ (မိုင် ၈၀) အကွာတွင် တွေ့ရှိရသည်ဟု ဒေသခံ အရေးပေါ် ကူညီကယ်ဆယ်ရေး ၀န်ကြီးဌာနက ပြောကြားကြောင်း RIA သတင်းဌာနက သတင်းထုတ်ပြန်သည်။
လေယာဉ်တွင် မြန်မာပြည်သား အနည်းဆုံး ၂ ဦး ပါဝင်ကြောင်း၊ လေယာဉ်ကို မြန်မာ ပည်သို့ မပို့ဆောင်မီ စမ်းသပ်မောင်းနှင်ခြင်း ဖြစ်ကြောင်း Voronezh လေယာဉ်ထုတ်လုပ်ရေး သတင်းရပ်ကွက်က RIA သတင်း ဌာနကို ပြောသည်။
"လေယာဉ်ကို စမ်းနေတာ ၂ ပတ်လောက်တော့ ရှိပြီ။ ဒီနေ့အဖို့ ပထမဆုံးအကြိမ် ပျံနေတုန်း ဖြစ်သွားတာ။ မြန်မာပြည်ကိုပို့ဖို့ စီစဉ်ထားတာ။ မြန်မာ အနည်းဆုံး ၂ယောက်၊ ရုရှ ကတော့ အနည်းဆုံး ၂ ယောက် ပါ သွားတယ်" ဟု အဆိုပါ သတင်းရပ်ကွက်က ပြော သည်။
No comments:
Post a Comment