Tuesday, April 19, 2011

ဗိုလ်ချုပ် တစ်ဦး ဦးဆောင်မှုဖြင့် မျိုးချစ် မြန်မာ့ တပ်မတော် ကွန်ယက် ဖွဲ့ စည်း

18 Apr 2011
Freedom News Group

မြန်မာ့ တပ်မတော် မှ ဗိုလ်ချုပ် အဆင့်ရှိ အရာရှိ တစ်ဦးဦးဆောင်မှု ဖြင့် မျိုးချစ် မြန်မာ့တပ်မတော်ကွန်ယက်ကိုမြန်မာ နှစ်ဆန်း တစ်ရက်နေ့ ကရန်ကုန်နှင့် ဧရာဝတီ တိုင်းကြားရှိ မြစ်ရေပြင် တစ်ခု ကစက်လှေ တစ်စီးပေါ်မှာ ဖွဲ့ စည်းခဲ့သည်ဟု FNG မှ သတင်း ရရှိသည်။


လက်ရှိ တာဝန်ထမ်းဆောင် ဆဲ စစ်ဗိုလ်ချုပ် တစ်ဦး ဦးဆောင်မှုဖြင့် ဗိုလ်မှုးကြီး တစ်ဦး ကိုယ်တိုင် ဦးဆောင်ပြီး ဖွဲ့ စည်းခဲ့သည့်
မျိုးချစ် မြန်မာ့ တပ်မတော် ကွန်ယက်တွင် မှော်ဘီလေတပ် စခန်း၊မိတ္ထီလာလေတပ် စခန်း ၊လေကြောင်းရန် ကာကွယ်ရေးတပ်မှ
အရာရှိများ၊ ဟိုင်းကြီး ကျွန်းရေတပ်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်မှ အရာရှိများ၊ ပင်မစစ်လက်နက် ခဲယမ်း တပ် ၊ အင်းတကော်၊ ရဲမွန် နှင့် အင်းတိုင် မှတပ်များ အား လုံး ပါဝင် သည် ဟု မှော်ဘီ လေတပ် စခန်း မှအရာ ရှိတစ်ဦး က FNG သို့ ပြောသည်။

မျိုးချစ် မြန်မာ့ တပ်မတော် ကွန်ယက် ဟာ လက်ရှိ တပ်တွင်း မှာ ပေါ်ပေါက် နေ တဲ့ ပြဿနာ တွေ ကိုအဓိက ဖြေရှင်း ဖို့  ဖြစ် ပြီး အနာဂတ် မှာ တော့ ပြည်သူ ကို အကာအကွယ်ပေး ရန် အတွက် ရည်ရွယ်ဖွဲ့ စည်းခြင်း ဖြစ်သည်။

ယခုသတင်း နဲ့  တစ်ဆက် စပ်တည်း ကြားရသည့် အခြား သတင်း တွင် ဧပြီလ ၁ ရက် နေ့ က စတင်တာဝန်ထမ်း ဆောင် ခဲ့ သည့် ကာကွယ် ရေး ဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သည်လည်း ၎င်း အား အခြား ပြိုင် ဘက် များ က လုပ်ကြံမည် ဟု သတင်း ရရှိသောကြောင့် လုံခြုံရေး ထူထပ် စွာဖြင့် သွား လာနေရ ကြောင်း နေပြည် တော်မှ အမည် မဖော်လို သည့် အရာ ရှိ တစ်ဦး ကပြောသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)