ကေအိုင်စီ သတင်း
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသရှိ နယ်ခြားစောင့်တပ် BGFတပ်ဖွဲ့ဝင်များသည် ယမန်နေ့က ၎င်းတို့၏ တံဆိပ်များကိုချွတ်၍ DKBA တံဆိပ်များကို ပြန်ဝတ်ဆင်ကာ ယခင် DKBA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကျော်သန်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားလိုက် သည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၁၀၁တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစော ဖောဒိုက “ကျော်သန်းကို သူ့လူတွေ ဖမ်းထားလိုက်ပြီ။ မြိုင်ကြီးငူမှာ ဘီဂျီအက်ဖ်မရှိ တော့ဘူး။ ဒီကေဘီအေ ပြန်ဖြစ်ကုန်ပြီ။ ဘီဂျီအက်ဖ်ကို မလုပ်တော့ဘူး။ ဒီကေဘီအေကို ပြန်ပြီးတော့ ကူးပြောင်းတာ”ဟု ပြောသည်။
အလားတူ နယ်ခြားစောင့်ကို ငြင်းဆန်နေသည့် ဒီကေဘီအေ တပ်မှူးတစ်ဦးကလည်း“ ဟုတ်တယ်။ အခု ဗိုလ်ချုပ်ကျော်သန်းကိုလည်း မြိုင်ကြီးငူမှာ သူ့လူတွေ ဖမ်းဆီးထိန်းသိမ်းထား လိုက်တယ်။”ဟု ကေအိုင်စီကို ပြောသည်။
၎င်းဖြစ်စဉ်သည် နယ်ခြားစောင့်အချင်းချင်းကြားတွ
သို့သော် ထိုကိစ္စနှင့်ပတ်သက်ပြီး BGF တပ်ရင်း ၁၀၁၈မှ ထိပ်တန်းအရာရှိတစ်ဦးက “နယ်ခြား စောင့်တပ်နဲ့ ဒီကေဘီအေက တူတူပဲလေ။ သူတို့အင်္ကျီဟောင်းတွေကို တခါတလေပြန်ဝတ်လို့ ဖြစ်ရင်ဖြစ်မှာပေါ့၊ ဗိုလ်ချုပ် ကျော်သန်းကို ပြန်ဖမ်းတယ်ဆိုတာက ကျနော်ဘာမှ မကြားပါလား ”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ခုနှစ် သြဂုတ်လတွင် ဒီကေဘီအေတပ်ဖွဲ့ဝင် အများစုသည် နယ်ခြားစောင့် တပ်သို့ အသွင်ကူးပြောင်းခဲ့ပြီး လအနည်းအနည်းငယ်အကြာတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွား
မြိုင်ကြီးငူဒေသတွင် နယ်ခြားစောင့်တပ် BGF ၁၀၁၁ နှင့် ၁၀၁၂တပ်ရင်းတို့ အခြေချလှုပ်ရှား လျှက်ရှိသည်ဟု သိရသည်။
No comments:
Post a Comment