တော်လှန်အသိ ကမ္ဘာထိဝယ်
လိုရာပန်းတိုင် ရှေ့မဏ္ဍိုင်ဝယ်
ပေးလှူဆက်သက် ကရင့်ဇာနည်ရဲမက်
တရှိုက်သဲ့သဲ့ ငိုညည်းသံထွက်
လွှမ်းခြုံဝေယံ မိုးသို့ညံသည်
တုန်ဟီးကမ္ဘာ ထိုရွာတခွင်ဝယ်
အို..ဘယ်ဘ၀က၀ဋ်ကြွေး ရှိနေသေးဟု
အိုဘဲ့သင်က အစိုးရတဲ့
လူမျိုးကြီးမဟာ စစ်ဝါဒီတွေသာ
ကိုင်ဆုပ်ချုပ်နင်း ကျွန်သက်သွင်းလို့
တိုင်းပြည်ကဆင်းရဲ အို.. ဒုက္ခပင်လယ်ထဲ
ကရင်အပေါင်း လူရွယ်ကောင်းတို့
စည်းလုံးချိန်တန် လွတ်မြောက်ချိန်တန်ပြီ
ကျွန်ပြုလိုသူမှန်သမျှ လက်နက်ကိုဆွဲတော်လှန်ကြ
သို့မှသို့မှ..အမိကရင်ပြည်အလှ စဉ်တင့်ပမည်
No comments:
Post a Comment