08 November 2010. EPA/STR
ဒီကနေ့ မြဝတီမြို့မှာ ဒီကေဘီအေ တပ်ဖွဲ့တွေက မနက်ဖြန် မေလ ၂၆ မှာ ကြံ့ဖွံ့ရုံးကို ဦးတည်တိုက်မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေအရ မြို့ခံပြည်သူများ စိုးရိမ်နေကြပါတယ်။ မြဝတီမြို့ ကြံ့ဖွံ့ရုံးတည်ရှိရာ ရပ်ကွက် ၅ မှာ နေထိုင်ကြတဲ့ ပြည်သူများမှာတော့ အထူးစိုးရိမ်နေကြပြီး ကြံ့ဖွံ့ရုံးနဲ့ ဝေးရာ နေရာတွေကို တချို့ရပ်ကွက်သူ ရပ်ကွက်သားများ ပြောင်းရွှေ့နေကြတယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ မနက်ကလည်း မြဝတီမြို့မှာ ချိန်ကိုက်ဗုံးတလုံးပေါက်ကွဲခဲ့ပြီး တဦးတယောက်မှ ထိခိုက်မှုမရှိခဲ့ပါဘူး။ ဗုံးမကွဲခင် မေလ ၁၈ ရက်နေ့ ကတည်းက ဗုံးထောင်သမားတွေ မြို့ထဲရောက်နေတယ်ဆိုပြီး မြဝတီ တမြို့လုံးကို ရဲနဲ့ ရပ်ကွက်လုံခြုံရေးတွေ မွှေနှောက်ရှာဖွေခဲ့ကြပေမယ့် ဗုံးထောင်သမားကို မတွေ့ရှိကြပါ၊ ဒါပေမယ့် မေလ ၁၉ ရက်နေ့မနက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ အလားတူ မေလ ၁၈ ရက်နေ့တုန်းကလည်း နေပြည်တော်နားက ဆင်သေဘူတာမှာ လူစီးမီးရထားတစီး ဗုံးပေါက်ကွဲမှု တခုဖြစ်ခဲ့ပြီး ခရီးသည် ၂ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မေလ ၁၄ ရက်နေ့ကလည်း မုဒုံမြို့ ဆက်သွယ်ရေးရုံးကို မိုင်းထောင်ဖေါက်ခွဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က တိုက်ခိုက်သွားကြောင်း ပြည်ပသတင်းမီဒီယာများမှာ ဖေါ်ပြခဲ့တာ သိရှိခဲ့ရပါတယ်။
ယခုလို တိုက်ပွဲဖြစ်မယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ခဏခဏဖြစ်နေတာ၊ ဟိုနေရာ ဒီနေရာ ဗုံးတွေ ခဏခဏကွဲနေတာတွေဟာ အထွေထွေ မကျေနပ်ချက်တွေကို သူ့နည်းသူ့ဟန်နဲ့ ဖေါ်ပြနေကြတာဖြစ်ပြီး၊ လူထုအုံကြွမှုဖြစ်လာနိုင်တဲ့ အခြေအနေကို ဖေါ်ပြနေခြင်းသာ ဖြစ်တယ်လို့ စောင့်ကြည့်အကဲခတ်နေသူ တချို့က သုံးသပ်နေကြပါတယ်။
No comments:
Post a Comment