Sunday, June 5, 2011

အာရပ်လို တော်လှန်ရေးမျိုး မြန်မာပြည် ကြုံနိုင်ဟု ဂျွန်မက်ကိန်း သတိပေး

ကိုပေါက် | သောကြာနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၁ ခုနှစ်


နယူးဒေလီ (မဇ္ဈိမ) ။      ။ မြန်မာအစိုးရ အနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး သန္နိဋ္ဌာန်မရှိလျှင် အာရပ်ကမ္ဘာလို တော်လှန်ရေးမျိုး ကြုံတွေ့ရနိုင်ကြောင်း အမေရိကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်းက မြန်မာအစိုးရကို သောကြာနေ့တွင် သတိပေး လိုက်သည်။


ရန်ကုန်မြို့ အမေရိကန် စင်တာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ဗီယက်နမ်စစ်ပြန်က ထိုကဲ့သို့ သတိပေးစကား ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တစစ ပြုပြင်ပြောင်းလဲရေး မလုပ်ခဲ့တဲ့ နိုင်ငံတွေဟာ နောင်မှာ
jmc_ne1s
အာရပ်ကမ္ဘာ တော်လှန်ရေးမျိုး ကြုံတွေ့ရနိုင်ကြောင်း အမေရိကန် စင်တာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည့် ဂျွန်မက်ကိန်း 
(ဓါတ်ပုံ မဇ္ဈိမ)
မရှောင်မလွှဲသာဘဲ တော်လှန်ရေးနဲ့ ကြုံတွေ့ကြရမှာ ဖြစ်တယ်” ဟု သူက ပြောသည်။

မြန်မာအစိုးရသစ် အနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ပြုလုပ်ရန် အမှန်တကယ် သန္နိဋ္ဌာန်ရှိကြောင်း ပြသနိုင်မည်ဆိုလျှင် အမေရိကန်သည် ရိုင်းပင်းသော လက်တွဲဖော် ဖြစ်လာမည်ဟု  သူ၏ ကြေညာချက်တွင် ဆိုထားသည်။

ထို့အပြင် အမေရိကန်- မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်ရေးသည် နွေးထွေးသော စကားလုံးများ အပေါ် မတည်ဆောက်ဘဲ ခိုင်မာသည့် လုပ်ဆောင်ချက်များဖြင့်သာ တည်ဆောက်ရန်နှင့် အရေးအကြီးဆုံး ခြေလှမ်းအဖြစ် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ချွင်းချက်မရှိ လွှတ်ပေးရန် ဖြစ်သည်ဟု
 ဖော်ပြပါရှိသည်။

မကြာခင် စတင်ရန်ရှိသော ဒေါ်အောင်ဆန်းစုကြည်၏ နယ်ခရီးများတွင် လုံခြုံရေးနှင့် လူ့အခွင့်အရေး အတွက် စိတ်ချ သေချာစေရန်လည်း တောင်းဆိုထားသည်။

ယခင် ခရီးစဉ်ကဲ့သို့ အကြမ်းဖက်မှုမျိုး မပေါ်ပေါက်စေရန် အစိုးရသစ်၏ ကာကွယ်ပေးနိုင်စွမ်းသည် ပြောင်းလဲမှု လိုလားကြောင်း ပြသရာရောက်သည့် အရေးကြီးသော စမ်းသပ်မှုတခုဟု ဂျွန်မက်ကိန်းက ပြောဆိုခဲ့သည်။

အမေရိကန် ဆီးနိတ်အမတ်သည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဇွန် ၁ ရက်နေ့တွင် ရောက်ရှိလာပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရသစ် ခေါင်းဆောင်အချို့၊ NLD ပါတီ၊ တိုင်းရင်းသား လွှတ်တော်အမတ်များနှင့် မြန်မာ့နိုင်ငံရေး ပြောင်းလဲရန်အတွက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)