Sunday, June 12, 2011

ကေအန်ယူ ဒီကေဘီအေ ပူးပေါင်းတပ်တွေနဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ် လမ်းဖားရွာအနီးမှာ ရင်ဆိုင်ထား

June 11, 2011
နေ့သစ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းက လမ်းဖါးရွာအနီးမှာ ကေအန်ယူ ဒီကေဘီအေ ပူးပေါင်းတပ်တွေနဲ့ ကျိုက်ဒုံဘက်ကို တက်လာတဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၂ တပ်တို့ ဇွန်လ ၁၀ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ကြံ့ဖွံ့ အစိုးရ တပ်မှ အရာရှိတဦး အပါအဝင် ၄ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ သိရှိရပါတယ်။



ဒီကေဘီအေ ဗျူဟာ ၂ မှ ဗိုလ်မှူးကြီး စိန်မြင့် ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်ရင်း ၁၈ တို့ ပူးပေါင်းတိုက်ခိုက်ကြတာ ဖြစ်ပြီး ယမန်နေ့ နေ့လည် ၁၁ နာရီခန့်မှ ၁၂ နာရီခန့်ထိ ၁ နာရီကြာ ဖြစ်ပွားခဲ့ပါတယ်။ အခြေအနေဟာ ရင်ဆိုင်တိုက်ပွဲတခု ဖြစ်နေပြီး ညနေပိုင်း ၄ နာရီလောက်မှာလည်း ထပ်မံ ဖြစ်ပွားခဲ့ပါသေးတယ်။ ကြံ့ဖွံ့စစ်တပ်ဘက်မှ ၄ ယောက်ကျ၊ ၂ ဦး ဒဏ်ရာရရှိတယ်လို့ သိရှိရပြီး အသေစိတ်ကိုတော့ မသိရှိရသေးပါ။ လမ်းဖါးရွာအနီးမှာ ဒီနေ့ ဇွန်လ ၁၁ ရက်နေ့အထိ ၂ ဖက်တပ်တွေ ရင်ဆိုင်ထားတုန်းပဲလို့ ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကော်ဒိုစိုး က အခုလို့ ဆက်သွယ်ပြောပြလာပါတယ် … “မနေ့ကတည်းက ဖြစ်နေတာ ခုထိ ရင်ဆိုင်ထားတုန်းပဲ သူတို့ဘက်က လူနာတွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်။ အနီးအနားရွာက စက်လှေတွေ၊ ထော်လာဂျီတွေ ချောဆွဲထားတယ်။ ကျနော်တို့ ဘက်က သူတို့ ပြန်ထွက်မယ့် လမ်းပေါက်တွေ အားလုံးကို ပိတ်ထားတယ်။”
ပြီးခဲ့တဲ့ မေလ အတွင်းမှာ နယ်ခြားစောင့်ကို လက်မခံတဲ့ ဒီကေဘီအေတပ်ဖွဲ့တွေနဲ့ ကေအန်ယူတပ်ဖွဲ့တွေ ပူးပေါင်းကာ မြိုင်ကြီးငူဌာနချုပ်ကို သိမ်းပိုက်လိုက်ပြီးနောက် ကရင်ပြည်နယ် ကော့ကရိတ် မြဝတီ ကျိုက်ဒုံ မြို့နယ်တွေအတွင်းမှာ ဒီကေဘီအေ ဘက်က စစ်ရေးလှုပ်ရှားမှု စည်းရုံးရေး လှုပ်ရှားမှုတွေ တိုးမြှင့်လာတာကို တွေ့မြင်နေရပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)