Sunday, November 6, 2011

ရေကြီးမှု အရေးပေါ်ကြေညာချက်အရ မဟာချိုင်ဒေသ ရေမြုပ်နိုင်ဖွယ်ရှိ

သတင်း - နိုင်ငံတကာ
BKK_flood_005ထိုင်းနိုင်ငံ မဟာချိုင်ဒေသဟာ၊ ရေနစ်မြှုပ်သွားဖွယ်ရာ ရှိပြီး၊ နေထိုင်တဲ့ လူတွေ အရေးပေါ်ရွှေ့  ပြောင်းပေး ရမယ်လို့  ထိုင်းအာဏာပိုင် များက နိုဝင်ဘာ(၅) ရက်နေ့  မနက်(၃) နာရီမှာ ရုပ်မြင် သံကြားနဲ့  အခြားသတင်းတွေ ထဲမှာ ကြေညာ ထားပါတယ်။ မဟာချိုင်ဒေသဟာ မြန်မာတွေ (၄)သိန်းလောက် ရှိပြီး အထူးသဖြင့် မွန်လူမျိုးသည် အများစုဖြစ်သည်။ ထို့ ကြောင့် အမြန်ရွှေ့ ပြောင်းကြပါရန် ထပ်ဆင့် အသိပေးအပ်ပါတယ်။


၎၊ ၁၁၊ ၁၁ ဘန်ကောက်မြို့ မြောက်ဘက် အရပ်က ရေတွေဟာ မြို့ တွင်းပိုင်းကို တစ်ရက်ကို ၁ ကီလိုမီတာလောက် ၀င်လာ နေပါတယ်။ မြို့ လယ်ခေါင်လို့ ပြောလို့ ရတဲ့ ပတူနမ့် အရပ်ကို ရေရောက်ဖို့ ၁၀ ကီလိုလောက်ဘဲ လိုတော့တယ်။ မြို့ တွင်းပိုင်းဟာ မြေနိမ့်ပိုင်းဖြစ်လို့ အခု အတိုင်းရေ၀င်လာသည့်နှုန်းနဲ့  ဆို့ ရင် တစ်ပတ်လောက် အတွင်းမှာ မြို့ လယ်ခေါင်ကို ရေ၀င်နိုင်ပါတယ်။
ဘန်ကောက်မြို့ ရဲ့ အရှေ့ ဘက်နဲ့  အနောက်ဘက်မှာလည်း ရေကြီးနေလို့  ဘန်ကောက်မြို့ ကို ရေ၀ိုင်းထားတယ်လို့ ပြော နိုင်ပါတယ်။ အဓိက ရေဆင်းလာနေတဲ့ ဘန်ကောက်မြို့ မြောက်ဘက်အရပ် ကီလိုမီတာ ၂၀၀ ကျော်အထိကို ရေကြီးနေတဲ့ အတွက် အဲ့ဒီဘက်မှာ ရေကျစပြုနေပြီးဖြစ်ပေမယ့် အဲ့ဒီက ရေတွေဟာ ဘန်ကောက်မြို့ ဘက်ကို ဦးတည်စီးဆင်းနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘန်ကောက်မြို့ လယ်ခေါင်ကိုရေမ၀င်အောင် အစိုးရက တာတမံတွေ့ နဲ့ ပိတ်ထားပေမယ့်လည်း တားဆီးနိုင်မယ့် အနေအထားမှာ မတွေ့ ရသေးပါဘူး၊ နေ့စဉ် ဆိုသလိုဘဲ ရေတာတမံတွေ ပေါက်လိုက်ပြင်လိုက်ဖြစ်နေတုန်း ပါဘဲ။ ရေတွေကလည်း ရေပုတ်တွေဖြစ်လို့  ရေကြီးနေတဲ့ နေရာက ပြည်သူတွေဟာ အစိုးရကို အမျက်ဒေါသထွက် နေကြပါတယ်။ ဖြစ်သင့်သည်မှာ မြန်မာနိုင်ငံသားများအနေနှင့် လောလောဆယ် ဘန်ကောက်မြို့ မှ အခြားနေရာသို့ ခေတ္တရှောင် ရှားသင့်ပါသည်။ နောက်ဆက်တွဲအနေနှင့် ရေကြီးမှုများ ရက်ရှည်လာသည်နှင့်အမျှ စားကုန်များ၊ သောက်သုံးရေများ၊ ရောဂါဘယများ၊ ဖြစ်လာနိုင်ဖွယ်ရာရှိပါသည်။ ဤသို့ ကြောင့် မြန်မာနိုင်ငံ အလုပ်သမားများအနေနှင့် မိမိနေရပ်သို့ ပြန်ရင်ဖြစ်စေ၊ သို့ မဟုတ်ပါက အခြားရေကြီးမှု မရှိသည့်နေရာများသို့  ပြောင်းသွားရန်လိုအပ်ပါသည်။
BKK_flood_004
(ဓါတ်ပုံ-အင်တာနက်)
မဲဆောက်မြ၀တီ လမ်းဖက်ကို ပြန်လိုသူများအဖို့ ၊ အချက်အလက်များ သိရှိနိုင်ရန် ကိုလေး (၀၈၄ ၆၂၂၀၄၀၆) ကိုဆက် သွယ်မေးမြန်းနိုင်ပြီး၊ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စံခဘူရီရှိ ဘုရားသုံးဆူမြို့ နယ်စပ် ဖက်သို့ ပြန်လိုသူများအဖို့ ၊ လိုအပ် ချက်များကို မေးပါက နိုင်ကောင်းမွန်--- ၀၈၉ ၀၅၉၄၈၆၉ ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ လိုအပ်ပါက မြန်မာသံရုံးမှ သံအဖွဲ့ ဝင် ဗိုလ်မှူး နိုင်ထွန်း ---- ၀၈၂၇၇၉၀ ၇၇၂ ကိုလည်း မေးမြန်းနိုင်ပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)