17 Nov 2011 07:02 AM PST
စောဖိုးမူး (ကေအိုင်စီ)ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အစိုးရစစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)တို့ တိုက် ပွဲငယ်များ ၆ရက် ဆက်တိုက် ဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်က ၂၀ဦးကျော် သေဆုံးခဲ့သည်ဟု KNLA ဘက်က ပြောသည်။
ကော့ကရိတ်မြို့ တောင်ဘက် ၁၀မိုင်ကျော်အကွာတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ် ခလရ(၂၀၂)၊ ခမရ(၃၅၇) တပ်ရင်း တို့အား လမ်းဖား၊ အစွန်း၊ နန်းရွှေမှုန်၊ ဆောပလာ စသည့်ကျေးရွာများ၌ KNLA တပ်ရင်း(၁၈)နှင့် တပ်ရင်း(၂၀၁) ပူးပေါင်းကာ ယခုလ ၈ရက်နေ့မှ ၁၄ရက်နေ့အထိ ဆက်တိုက် ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်
ကေအဲန်ယူ ကော့ကရိတ်မြို့နယ် ပြန်ကြားရေးတာဝန်ခံတစ်ဦးက “၈ရက်ကနေ ၁၄နေ့အထိ နေ့တိုင်းပဲ တိုက်ပွဲဖြစ်တယ်။ ပြောက်ကျားစစ်ဆိုတော့ လေး၊ ငါးမိနစ်လောက်ပဲ ကြာမယ်။ ကျနော်တို့ စာရင်းအရ ရန်သူ ၁၄ယောက်သေတယ်။ ၈ယောက် ဒဏ်ရာရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းပစ်ခတ်မှုများအတွင်း အစိုးရစစ်တပ်ဘက်က သေဆုံးသူများထဲတွင် တပ်ကြပ်ကြီး ၂ဦး ပါဝင်သကဲ့သို့ ဒဏ်ရာရရှိသူများထဲ တွင် တပ်ရင်းမှူးတစ်ဦး ပါဝင်ခဲ့ပြီး KNLA ဘက်က ထိခိုက်သေဆုံးမှုမရှိကြောင်း သူက ဆက်ပြောသည်။
ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)တပ်
ယခု တိုက်ပွဲဖြစ်ပွားရာ ဒေသတွင် အစိုးရစစ်တပ် တပ်မ(၂၂)နှင့် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂) လက်အောက်ခံ တပ်ရင်း များ လှုပ်ရှားသကဲ့သို့ DKBA၊ KNLA တပ်ရင်းတပ်ဖွဲ့များ လှုပ်ရှားလျှက်ရှိသည်။
No comments:
Post a Comment