Tuesday, November 22, 2011

၉၀ ရွေးကောက်ပွဲနိုင် တိုင်းရင်းသားပါတီများ ပါတီမှတ်ပုံတင်ရေး မစဉ်းစားသေး

နိုဝင်ဘာလ ၂၁ရက်။ (ကေအိုင်စီ)

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိပီး တရားမဝင်ပါတီအဖြစ် အဖျက်သိမ်းခံထားရသည့် တိုင်းရင်းသား နိုင်ငံရေးပါတီများမှာ ပါတီမှတ်ပုံတင်ရေး/မတင်ရေးကိစ္စကို ယနေ့အထိ မစဉ်းစားရသေးကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။

နိုဝင်ဘာ ၁၈ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပါတီမှတ်ပုံတင်ပီး လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆုံးဖြတ်ခဲ့သော်လည်း တိုင်းရင်းသားနိုင်ငံရေးပါတီများက နိုင်ငံရေးအကျဉ်းသားများ မလွှတ်သေး သရွေ့ ပါတီမှတ်ပုံတင်မည့်ကိစ္စ စဉ်းစားဦးမည်မဟုတ်ကြောင်း ပြောဆိုနေကြသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ကျနော်တို့က ထောင်ထဲမှာရှိနေတဲ့ တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ မလွတ်သေးတော့ ဒီမှတ်ပုံတင်မယ့်ကိစ္စကို စဉ်းစားမှာမဟုတ်သေးဘူးဟု ကေအိုင်စီသို့ ပြောသည်။

NLD ပါတီအနေနှင့် ပါတီမှတ်ပုံတင်ပီး ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချလိုက်သည့်အပေါ် သူ့အနေနှင့် ကန့်ကွက်စရာ မရှိ ကြောင်းလည်း က ပြောဆိုသည်။

၁၉၉၀ခုနှစ်က ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများဖြစ်ကြသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ALD) မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(MNDF) ဇိုမီအမျိုးသားကွန်ဂရက်(ZNC) စသည့်ပါတီများလည်း ၎င်းတို့၏ပါတီ မှတ်ပုံတင်မည့်ကိစ္စကို စဉ်းစားခြင်း မရှိသေးကြောင်း သိရသည်။

မွန်အမိုသားဒီမိုကရေစီအဖွဲ့ချုပ်(MNDF) ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပါတီမှတ်ပုံတင် မတင်ဆိုတဲ့ကိစ္စက ကျနော်တို့ မစဉ်းစား သေးဘူး ဘာလို့လဲဆိုတော့ ကျနော်တို့က နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့၊ ပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ စတာတွေကို ဖြစ်မ လာသေဲးနဲ့ ကျနော်တို့ မှတ်ပုံတင်မှာမဟုတ်ဘူးဟု ပြောသည်။

ထိုနည်းတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လည်း သူတို့ ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း မရှိသေးပါက ပါတီမှတ်ပုံတင်မည် မဟုတ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးပါတီများ ပါတီမှတ်ပုံတင်ချိန်တွင် မှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့သည့် ၁၉၉၀ ရွေး ကောက်ပွဲတွင် အနိုင်ရရှိထာား NLD ပါတီ အပါအဝင် တိုင်းရင်းသားပါတီချိုမှာ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံထား သည်။

NLD ပါတီ အပါအ၀င် အဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံကာ ကျင်းပခဲ့ သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီမှတ်ပုံတင်ခြင်းမပြု ရွေးကောက်ပွဲကို ဆန့်ကျင်လာခဲ့ကြသည်။

NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားကြသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် စုပေါင်း ဖွဲ့စည်းထား သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်လည်း ဖြစ်သည်။





KNU ငြိမ်းချမ်းရေးကော်မတီဝင်များ အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့
နိုဝင်ဘာလ ၂၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့သည် ယခုလ နိုဝင်ဘာလ ၁၉ရက်မှ ၂၀ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ကေအဲန်ယူ ဗဟိုသစ်တောဌာနမှူး ပဒိုစောအားတိုးက “အခုသွားတာ သဘောတူညီချက် လက်မှတ် သွားထိုးဖို့ သွားတာမဟုတ်ဘူးနော်။ Informal အနေနဲ့သွားတာပဲနော်။ ဒါကြောင့် ဒီတွေ့ဆုံမှုမှာ သဘောတူချက် လက်မှတ် ထိုးတာတို့ လုံးဝ မပါဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းတွေ့ဆုံမှုတွင် (၁)အပစ်အခတ်ရပ်စဲရေး (၂)ဆက်ဆံရေးရုံးများ အပြန်အလှန်ထားရှိရေး (၃)လက်နက်မပါဘဲ နယ်မြေ ကျော်ဖြတ်ခွင့်ပြုရေး (၄)တိုင်းရင်းသားအားလုံးနှင့် အဖွဲ့ပေါင်းစုံပါဝင်သည့် ဗဟိုအဆင့် ဆွေးနွေးပွဲအတွက် နေရာ၊ သတ်မှတ် ရေး စသည့် အချက်လေးချက်ကို ပဏာမအဆင့် သဘောတူညီခဲ့ကြသည်ဟု ကေအဲန်ယူဘက်က ပြောဆိုသည်။

နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကိစ္စတွင် ကရင်ဒေသအခြေအနေနှင့် တခြားတိုင်းရင်းသား ဒေသအခြေအနေနှင့် မတူညီသော ကြောင့် အချေအတင် ဆွေးနွေးသွားရမည့်သဘောရှိသလို  အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိမှာသာလျှင် ကျန်သည့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပဒိုစောအားတိုးက ပြောသည်။

ယခုတကြိမ် တွေ့ဆုံမှုတွင် အစိုးရဘက်မှ သမ္မတဦးသိန်းစိန် တိုက်ရိုက် ခန့်အပ်စေလွှတ်သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းတစ်ဦးသာ ဦးဆောင်ဆွေးနွေးခဲ့ပြီး ကေအဲန်ယူဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ ပဒိုစောဒေးဗစ်ထော၊ စစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ပဒိုစောအားတိုးတို့ ပါဝင်သည်။

ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် နောက်ပိုင်းတွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန်ရှိသော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ပဒိုစောအားတိုးက ယခုလို ပြောသည်။

“ကျနော်တို့ ကေအဲန်ယူက သက်ဆိုင်ရာ ကော်မတီတွေ အားလုံးပြန်ပြီးတော့ ညှိနှိုင်းတိုင်ပင်ရအုံးမယ်။ ဆွေးနွေးရအုံးမယ်။ အဲဒီကိစ္စမှာ ကျနော်တို့ သတ်မှတ်ရက်အပေါ်မှာ ဦးအောင်မင်းကိုယ်တိုင် လက်ခံပြီးတော့ လာပြီးကြိုဆိုမယ်လို့ ပြောထားတာ ရှိတယ်”ဟု ၎င်းက ပြောသည်။

ယခုတွေ့ဆုံမှုမှာ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)၏ မူအရ တွေ့ဆုံဆွေးနွေးခြင်း မဟုတ် ဘဲ ကေအဲန်ယူ ကိုယ်စားလှယ်အရ တွေ့ဆုံခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ နိုဝင်ဘာလ ၁၉ရက်နေ့တွင် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ သည် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များဖြစ်သည့် သျှမ်း၊ ချင်း၊ ကချင်၊ ကရင်နီ ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း တွေ့ ဆုံခဲ့သည်ဟု သိရသည်။

ကေအဲန်ယူသည် ၁၉၄၉ခုနှစ်မှ ယနေ့အချိန်ထိ မြန်မာအစိုးရအဆက်ဆက်နှင့် ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့သော် လည်း အောင်မြင်မှု မရရှိခဲ့ပေ။ သမ္မတဦးသိန်းစိန် တက်လာပြီးနောက် ကေအဲန်ယူနှင့် တရားဝင် တွေ့ဆုံမှုသည် ယခုအကြိမ် နှင့်ဆိုလျှင် (၂)ကြိမ်မြောက်ဖြစ်သည်ဟု  ကေအဲန်ယူဘက်က အတည်ပြု ပြောကြားခဲ့သည်။



တိုင်းရင်းသားအရေး ထိရောက်စွာ လုပ်နိုင်ရန် မွန်ပြည်သစ်ပါတီ NDF မှ တ်ထွက်
နိုဝင်ဘာလ ၁ရက်။ နန်းသူးလေ (ကေအိုင်စီ)

မွန်ပြည်သစ်ပါတီ(NMSP)အနေဖြင့် တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးများကို ထိရောက်စွာ လုပ်ကိုင်လိုသောကြောင့် အမျုး သားဒီမိုကရေစီတပ်ပေါင်းစု-မဒတ(NDF)အဖွဲ့မှ နိုဝင်ဘာလ ၁၆ရက်နေ့က နှုတ်ထွက်လိုက်ပြီးဖြစ်သည်ဟု သိရသည်။

နိုဝင်ဘာလ ၁၄ရက်မှ ၁၆ရက်နေ့အထိ ပြုလုပ်ခဲ့သည့် အဌမအကြိမ်မြောက် ညီလာခံအပြီးတွင် NMSP က ယင်းသို့ တ်ထွက် လိုက်ခြင်း ဖြစ်သည်။

ဘ၀တူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် NDF နှင့် UNFC တပ်ပေါင်းစုနှစ်စု၏ တာဝန်ကို အဖွဲ့အ စည်းတခုအနေဖြင့် ထမ်းဆောင်ရသည်မှာ နိုင်ငံရေးလုပ်ဆောင်ချက်များ ထိရောက်မှု အားနည်းနေသည့် အနေအထားကြောင့် ယခုလို တ်ထွက်ရခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီမှ အထွေထွေ အတွင်းရေးမ နိုင်ဟံသာက ပြောသည်။

ကျနော်တိုအနေနဲ NDF ကို အပြစ်မြင်လို့ နှုတ်ထွက်ရခြင်း မဟုတ်ပါဘူး။ အဖွဲ့အစည်းတခုအနေနဲ့ တပ်ပေါင်စုနှစ်စုကို လှည့် လုပ်နေမယ်ဆိုရင် ထိထိရောက်ရောက် သိပ်မလုပ်နိုင်ဘူး။ နောက်ပြီး လူခွဲဝေမှုအပိုင်းမှာလည်း အရမ်းအားနည်းနေတယ်။ ဒါ ကြောင့် နိုင်ငံရေးကို တနေရာတည်းကနေ ပိုပြီးထိရောက်မှုရှိအောင် လုပ်ချင်လို့ တ်ထွက်လိုက်ခြင်း ဖြစ်တယ်ဟု သူက ပြော သည်။

သို့သော် NMSP အနေဖြင့် ရာသက်ပန် နှုတ်ထွက်ခြင်းမျိုးမဟုတ်ဘဲ လိုအပ်ပါက ပြန်လည် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ် သည်ဟုလည်း နိုင်ဟံသာ ဆက်လက် ပြောဆိုသည်။

NMSP ရှေ့လုပ်ငန်းစဉ်အ UNFC တွင် အဓိကလုပ်ဆောင်သွားပြီး တိုင်းရင်းသားအားလုံး စုစည်းမှုဖြင့် ရည်မှန်းချက်ပန်း တိုင်ကို ဆက်လျှောက်သွားမည်အပြင် ဒီမိုကရေစီအင်အားစုများနှင့် အမျိုးသမီးအင်အားစုများနှင့်လည်း ဆက်လက် ပူးပေါင်း လုပ်ကိုင်သွားမည်ဟု ဆိုသည်။

တဆက်တည်းမှာပင် အမျုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF)ကလည်း ၎င်းတို့၏ အဌမအကြိမ်မြောက် ညီလာခံနှင့် ပတ် သက်၍ နိုဝင်ဘာလ ၁၈ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲရလာဒ်ကို ဆက်လက် ဆန်ကျင်တိုက်ဖျက်သွားရန်၊ စစ်မှန်၍ တရားမျှတသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်အတွက် တတိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေးမှတဆင့် အမျုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက် သွားရန်တို့ကို ထည့်သွင်းဖော်ပြထားသည်။

အဆိုပါညီလာခံတွင် မွန်ပြည်သစ်ပါတီ တ်ထွက်လိုက်ခြင်းအပေါ် ဦးခွန်အိုးက “NDF အနေနဲ့ကလည်း တိုင်းရင်းသားတပ် ပေါင်းစုတစ်ခုဖြစ်တဲ့ UNFC ကို စစ်ရေး နိုင်ငံရေးအရ်နိုင်တဲ့ဘက်ကနေပြီး အစွမ်းကုန် ကူညီသွားမယ်ဆိုတဲ့ မူဝါဒလည်း ချမှတ်ထားပါတယ်။ ဒီအပေါ် NMSP ကလည်း ဟိုဘက်မှာ ကိုးစားလုပ်ကိုင်သွားဖိုတ်ထွက်ခွင့်တောင်းတာကို ကျနော်တိုအ နေနဲကလည်း ကျေကျေနပ်နပ်နဲပဲ လက်ခံပေးလိုက်တာပါပဲ။ဟု ဆိုသည်။

အမျုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF)ကို ၁၉၇၆ခုနှစ်၊ မေလ ၁၀ရက်နေ့တွင် KNUNMSP ALP CNF PPLO၊ LDU PSLF WNO စသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး မွန်ပြည်သစ်ပါတီက ၁၉၈၂ခုနှစ်ဇူလိုင်လတွင် ပါဝင် လာခဲ့ခြင်း ဖြစ်သည်။




၂၀၀၈ ဖွဲ့စည်းပုံဖြင့် နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်ကြောင်း ABMA ကြေညာချက်ထုတ်
နိုဝင်ဘာလ ၂၁ရက်။ နန်းသူးလေ (ကေအိုင်စီ)

အမျုးသားဒီမိုကရေစီအဖွဲချုပ်(NLD)မှ ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်လိုက်ခြင်းသည် ရွှေဂုံတိုင်ကြေညာစာ တမ်းနှင့် ဆန်ကျင်နေသည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့် မည် မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး(ABMA) က ဆိုသည်။

“NLD အနေနဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းတွေကို အကောင်အထည် မဖော်နိုင်သေးပဲနဲ ဒါကို လက်ခံပြီးတော့ လုပ်လိုက်တဲ့အ တွက် နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ညီညွှတ်ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး အပါအ၀င် လူအခွင့်အရေးတွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်ကနေ ရအောင် လုပ်ယူနိုင်လိမ့်မယ်လို သိပ်ပြီး သံသယရှိတယ်။ နောက်ပြီး ဖြစ်နိုင်ဖိုကလည်း အင်မ တန်မှ ခက်ခဲပါတယ်ဟု ABMA မှ ဦးပဉ္ဖင်း နန္ဒမာလာက ပြောသည်။

နိုဝင်ဘာလ ၁၈ရက်နေ့က ပြုလုပ်ခဲ့သည့် အမျုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-NLD ၏ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ပါတီ မှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ယနေရက်စွဲ ဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

NLD ၏ ဆုံးဖြတ်ချက်သည် ရွှေဂုံတိုင် ကြေညာစာတမ်းမှ လမ်းကြောင်းလွဲသွားသည့်အပြင် ပြည်သူလူထ ဆန္ဒနှင့် ကွာဟ ချက်များ ရှိနေသည်ကို ထောက်ပြလိုသည့် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဦးနန္ဒမာလာက ပြောသည်။

ရွှေဂုံတိုင်ကြေညာစာတမ်းထဲမှာဆိုရင် နိုင်ငံရေးအကျဉ်းသားများကို ခွင်းချက်မရှိ လွှတ်ပေးဖို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန် လည် သုံးသပ် ပြင်ဆင်ရေး နောက်ပြီး တိုင်းရင်းသား လူမျုးများအားလုံး အခွင့်အရေး တန်းတူညီမျှမှုရရှိရေး၊ ၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲ ရလဒ်ဖြစ်တဲ့ ပြည်သူလွှတ်တော်ကို အသိအမှတ်ပြုတာတွေ တစုံတခုမှ မတွေ့ရှိရသေး ရွေးကောက်ပွဲဝင် တာဟာ ဦးပဉ္ဖင်းတိုအနေနဲ့ သိပ်ပြီးတော့ မနှစ်သက်တဲ့သဘောပါဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အပါအ၀င် ပြည်တွင်းပြည်ပ အင်အားစု အသီးသီးသည် အမျုးသား ဒီမိုကရေစီဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာစာတမ်းကို ကိုင်စွဲကာ အမးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန်ကျင်ခဲ့ကြပြီး ယခုလည်း ယခင် အခြေအနေနှင့်မခြား ဒီမိုကရေစီကို ဖော်ဆောင်မည့် အပြောင်းအလဲ မတွေ့ရှိရသေးကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

အစိုးရအနေဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်လိုပါက တိုင်းရင်းသားဒေသများတွင် လက်ရှိ ဖြစ်ပွားနေသည့် စစ်ပွဲ မျာနှင့်အတူ လူအခွင့်အရေးချုးဖောက်မှုမျာကို ပ်တန့်ပြီး နိုင်ငံရေး အကျဉ်းသားများကိုလည်း ခွင်းချက်မရှိ လွှတ်ပေးရေးနှင့် တိုင်းရင်းသား လူမျုးစုအားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ပေးသင့်ကြောင်း ထိုထုတ်ပြန်ချက်ထဲတွင် တိုက် တွန်ားးသည်။

ABMA အနေဖြင့် တိုင်းသူပြည်သူသား ဒကာ ဒကာမအပေါင်းတို့၏ ဓမ္မစစ် ဘ၀မှန်ကို ရှေ့ရှုသောအားဖြင့် ၎င်းတိုက်တွန်းချက် ပါအတိုင်း ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေး အဖြေရှာရေးနှင့် ဒီမိုကရေစီအခွင့်အရေးများ ရရှိရေးတိုအတွက် ပြည်သူအပေါင်းနှင့် လက်တွဲ ကြိုးပမ်းဆောင် ရွက်သွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကို ၂၀၀၇ခုနှစ်၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလတွင် မြန်မာနိုင်ငံရှိ သံဃာအဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာပြည်တွင်းအပြင် အမေရိကန်၊ အိန္ဒိယနှင့် ဂျပန် နိုင်ငံများတွင်လည်း အဖွဲ့ဝင်သံဃာတော်များ ရှိသည်။


NLD ၏ ဆုံးဖြတ်ချက်အပေါ် ENC ကြိုဆို
နိုဝင်ဘာလ ၂၁ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ယခုလ ၁၈ရက်နေ့က ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲ ၀င်ရောက်ရန် ဆုံးဖြတ် ချက်အပေါ် တိုင်းရင်းသားလူမျိုးများကောင်စီ (Ethnic Nationalities Council-ENC)က ကြိုဆိုကြောင်း ယမန်နေ့က ကြေညာ ချက် ထုတ်ပြန်လိုက်သည်။

အထွေထွေ အတွင်းရေးမှူး ဒေါက်တာရွှေခါးက “ကျနော်တို့ ကြိုဆိုတယ် ဆိုတာက အခုချိန်မှာ မြန်မာပြည်က အပြောင်းအလဲ တွေ နောက်ပြန်မဆုတ်ဖို့ရယ်။ အပြောင်းအလဲကနေ နောက်ထပ် ကြီးမားတဲ့ အပြောင်းအလဲဖြစ်လာဖို့ ယုံကြည်လို့ပါ။”ဟု ကေအိုင်စီကို ပြောသည်။

၂၀၁၄ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း-အာစီယံ၏ ဥက္ကဌ ဖြစ်လာမည့် မြန်မာနိုင်ငံကိုလည်း ကြိုဆိုသည်ဟု လည်း ENC က ပြောသည်။

တဆက်တည်း၌ပင် လက်ရှိ မြန်မာ့နိုင်ငံရေးပြဿနာကို ညှိနှိုင်းဆွေးနွေးမှုဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဒေါ်စုနှင့် သမ္မတ ဦးသိန်းစိန်အကြား တွေ့ဆုံမှုတွင် နားလည်မှုအဆင့်သို့ ရောက်စေပြီး အပေါင်းလက္ခဏာအသွင်ဆောင်ကာ NLD အား ပါတီမှတ်ပုံတင်ခြင်းအဆင့် ဦးတည်စေခဲ့ကြောင်း ENC ၏ ကြေညာချက်တွင် ထောက်ပြထားသည်။

မြန်မာအစိုးရအား အလားတူ ချဉ်းကပ်မှုများ ပြုလုပ်၍ ကချင်ဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများ ချက်ချင်းရပ်ဆိုင်းပေးစေ ပြီး တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်လာရန် တိုက်တွန်းထားသကဲ့သို့ အကျဉ်းထောင်အတွင်း ကျန် ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကိုလည်း ချက်ချင်း လွှတ်ပေးရန်လည်း ENC က တောင်းဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဒေသတွင်းဆိုင်ရာ၊ နိုင်ငံတကာနှင့်ဆိုင်သော လူမျိုးစု ပဋိပက္ခများ၊ လူသားနှင့် မူးယစ်ဆေးဝါး ကုန် ကူးမှုများ၊ HIV/AIDS နှင့် အခြားကူးစက်ရောဂါများ အဆုံးသတ်ရန် ကမ္ဘာ့ကုလသမဂ္ဂ-UN၊ ဥရောပယူနီယံ-EU၊ အမေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အာစီယံကဲ့သို့ နိုင်ငံများက မြန်မာအစိုးရအား ကူညီပံ့ပေးရန် လိုအပ်သည်ဟု ENC ၏ ကြေညာချက်၌ ပါရှိသည်။

ဒေါက်တာရွှေခါးက “ဒီကိစ္စဟာ ဒေသတွင်းမှာကော၊ နိုင်ငံတကာမှာပါ သက်ဆိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။ အာစီယံရဲ့ အိမ်ရှင် ဥက္ကဌ ဖြစ်လာတော့မယ်ဆိုရင် အိမ်ရှင်က ဒီကိစ္စတွေကို ဆောင်ရွက်နေကြတာဖြစ်တယ်။ မြန်မာအစိုးရလည်း ဥက္ကဌဖြစ်မယ် ဆိုရင် ဒီကိစ္စကို အင်တိုက်အားတိုက် ဆောင်ရွက်ရမှာ ဖြစ်တယ်။”ဟု ရှင်းပြသည်။

တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) သည် ၂၀၀၁ ခုနှစ် သြဂုတ်လ၌ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် စတင် ဖွဲ့စည်းခဲ့ သည်။ စတင်ဖွဲ့စည်းစဉ်က ENSCC (Ethnic Nationalities Solidarity and Cooperation Committee) နာမည်ဖြင့် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)