Sunday, November 27, 2011

အဝါရောင်မိုးကြောင့် အန္တရာယ်ဖြစ်မည်ကို ကချင်ဒေသခံများ ကြောက်ရွံ့နေကြ

နိုဝင်ဘာလ ၂၆ရက်။ (ကေအိုင်စီ)

ကချင်ပြည်နယ်အရှေတောင်ပိုင်း တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်ဒေသတွင် အဝါရောင်မိုး ရွာသွန်းခဲ့ခြင်းကြောင်း ဒေသခံနှင့် စစ်ပြေးဒုက္ခသည်များ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေကြသည်။

နိုဝင်ဘာ ၂၁ရက်နေ့က စတင် ရွာသွန်းခဲ့သည့် ထိုအဝါရောင် မိုးစက်သည် ဟင်းသီးဟင်းရွက်များ အိမ်ခေါင်မိုးများကိုပါ ပေါက် စေသည့်အတွက် မည်သည့်အန္တရာယ်ဖြစ်စေသည်ကို မသိရသေးသော်လည်း အသီးအရွက်နှင့် သောက်သုံးရေ သုံးမိလျှင် အန္တရာယ်ရှိနိုင်ကြောင်း ယူဆနေကြသည်။

အရွက်တွေမှာဆို အကွက် အကွက်ဖြစ်နေတယ်ဆိုတော့ လူတွေ ကြောက်နေကြတာပေါ့ အန္တရာယ် တစုံတခု ဖြစ်လာမှာကို ကြောက်ရွံ့နေကြတာပေါ့။”ဟု မိုင်ဂျာယန်ဒေသခံတဦးက ပြောသည်။

ထိုအဝါရောင်မိုး ရွာသွန်းပီးနောက် ဒေသအတွင်းရှိ အဖွဲ့အစည်းများနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တို့က အသီးအ ရွက်နှင့် သောက်သုံးရေများ မသုံးမိစေရန် တားမြစ်ထားသည်ဟုလည်း သိရသည်။

မိုင်ဂျာယန်ဒေသသည် ကချင်လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ရာနယ်မြေဖြစ်ပီး မြန်မာအစိုးရတပ်နှင့် (KIA) တို့ မကြာခဏ တိုက်ပွဖြစ်ပွားနေသည့် နေရာလည်း ဖြစ်သည်။

ဘာတွေဖြစ်လာနိုင်မလဲဆိုတာ လောလောဆယ် ဘယ်သူမှ မသိပေမယ့်လည်း အဲဒီမိုးထိတဲ့ အရွက်တွေဆို အကွက်လို ခြောက် သလို လူတွေဆိုရင် ယားတာတို့ ဖြစ်နေတယ်ဆိုတော့ ဒါဟာ အန္တရာယ်ဖြစ်နိုင်တယ်ဆိုပြီး ကြောက်နေကြတာပေါ့။”ဟု ကချင်အ မျိုးသမီးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

အဝါရောင်မိုးသည် ပေါက်ကွဲသံတခုကြားရပီးနောက် ရွာချလာသည့် မိုးစက်များဖြစ်သည်ဟုလည်း ဒေသခံတွေက  ပြောသည်။

ယခု အဝါရောင်မိုး ရွာသွန်းသည့် မိုင်ဂျာယန်မိုနှင့် အနီးတဝိုက်ဒေသသည် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ထွက်ပြေိးမ်းရှောင်နေကြရသည့် စစ်ပြေးဒုက္ခသည်သောင်းနှင့်ချီ ရှိနေသည့်ဒေသတခုလည်းဖြစ်သည်ဟု ကချင်အမျိုးသမီးအဖွဲ့က ပြော သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)