- 23 Nov 2011
- Published Date
- Written by KNG
အမျိုးအမည်မသိသေးသည့် ထိုဓါတုလက်နက်များကို နိုဝင်ဘာလ ဒုတိယအပတ်တွင် ဖကောန်ကျေးရွာသို့ ထိုးစစ်ဆင်ရာ၌ မြန်မာအစိုးရက အသုံးပြုနေခြင်းလည်းဖြစ်သည်ဟု ဆိုသည်။
ဓါတုလက်နက်ပါဝင်သည့် လက်နက်ကြီးကျည်သည် သာမန် လက်နက်ကြီးကျည်ထက် ပေါက်ကွဲသံ ပိုကျယ်လောင်ကာ ပထမ အမျိုးအစားသည် လေထု အတွင်း ပေါက်ကွဲခြင်းဖြစ်ပြီး ဒုတိယ အမျိုးအစားသည် မြေကြီးပေါ်ကျမှသာ ပေါက်ကွဲသည်ဟု ဆိုသည်။
မြန်မာစစ်တပ်များ အသုံးပြုသည့် ဓာတုအဆိပ်ငွေ့များ ပစ်ခတ်သော လက်နက်။
ထိုမီးခိုးငွေ့များကို ရှူရှိုက်မိသူများ အဆိပ်သင့်ကာ သတိလစ်ခြင်း၊ အမြင်အာရုံေ၀၀ါးသွားခြင်း၊ အော့အန်ခြင်းနှင့် နုံးချိ ချိနဲ့သွားခြင်းများ ဖြစ်ပေါ်စေသည်ဟု ဒေသခံများပြောသည်။
သမ္မတ ဦးသိန်းစိန်အစိုးရက တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်နေသည်ဟု နိုင်ငံတကာကို ပြောဆိုနေချိန် KIA အား တပ်ရင်း ၁၀၀ ကျော်မှ စစ်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်နေပါသည်။
No comments:
Post a Comment