17 Jan 2012 KNG
နိုဝင်ဘာ ၂၉၊ ၂၀၁၁ က မြန်မာအစိုးရနှင့် ကေအိုင်အို ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီတွင် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည်။
ဆက်လက်၍ “တိုက်ပွဲဖြစ်နေလို့ မဆွေးနွေးနိုင်တာမျိုးမရှိဘူး။ တိုက်ပွဲရှိရှိ မရှိရှိ ပြည်ထောင်စုအစိုးရက ဆန္ဒရှိရှိနဲ့ဆွေးနွေးဖို့ဖိတ်ခေါ်ရင် တက်ရောက်ဖို့အဆင်သင့်ပဲ” ဟု အထွေထွေအတွင်းရေးမှူး-၂ က ဆိုသည်။
KIO သည် ၎င်းတို့ဆန္ဒသဘောထားပါဝင်ခြင်းမရှိသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်ခံခြင်းမရှိဘဲ UNFC (ညီိညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ) အားဖြင့်သော်လည်းကောင်း တိုင်းရင်းသားအားလုံးပါဝင်နိုင်သည့် အဆင့်သို့ရောက်ရှိနိုင်ရန် နိုင်ငံရေးရည်မှန်းချက်ပန်းတိုင် ဆုပ်ကိုင်ထားသည်ဟု ဆိုသည်။
နိုဝင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ နှစ်ဖက်ကိုယ်စားလှယ်များ နောက်ဆုံး အကြိမ်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တစ်စုံတစ်ရာ သဘောတူညီချက် ထုတ်ပြန်ခြင်းမရှိပါ။
ယခုရက်ပိုင်းအတွင်း ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-South) တို့သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီလက်မှတ်ရေးထိုးကြသည်။
No comments:
Post a Comment