Thursday, February 2, 2012

လယ်မြေအသိမ်းခံရမည့်အရေး လယ်သမားများ သမ္မတထံ မေတ္တာရပ်ခံစာတင်

ဖေဖော်ဝါရီလ ၁ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

ရှမ်းပြည်နယ်- တောင်ကြီးမြို့ရှိ ကျေးရွာတချို့တွင် ရာနှင့်ချီသည့် လယ်ယာမြေများကို အစိုးရတပ်မှ တပ်မြေကျောက်တိုင်များ လာရောက်စိုက်ထူထားသဖြင့် ဒေသခံများ လယ်ယာမြေ အသိမ်းခံရမည့်အရေး သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံစာတင် ထားကြောင်း သိရသည်။

တောင်ကြီးမြိုနယ် နမ့်ဆီ၊ ပင်ငိုကျေးရွာများမှ လယ်ဧက ၆၁၀အား တပ်မြေအဖြစ် ကျောက်တိုင် စိုက်ထူထားခြင်းခံရသည့် လယ်သမား ၁၀၇ဦးနှင့် နောင်လေ၊ ထီဝေါ်၊ ကန်လောင်းနှင့် ထီတယမ်ကျေးရွာများ၏ လယ်မြေဧက ၁၇၀အား အလံနီ စိုက်ထူ ခြင်းခံနေရသည့် လယ်သမား ၄၄ဦး (စုစုပေါင်း၁၅၁ဦး)တို့မှ စုပေါင်းပြီး မေတ္တာရပ်ခံသည့် တောင်းဆိုစာများ တင်ခဲ့ခြင်း ဖြစ် သည်။

ဒေသခံများသည် သမ္မတထံ စာတင်ရန် ရှမ်းပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးသိန်းမောင်ထံ သွားရောက်တိုင်ပင်မှုများ ရှိခဲ့ပြီး ၎င်း၏ ကံပြုချက်အရ တောငကြီးမြို့နယ် ကံ့ခိုင်ရေးပါတီမှတဆင့် ဇန်န၀ါရီလ ၃၀ရက်နေ့က သမ္မတထံ စာတင်ခဲ့ သည်ဟု ပအိုဝ့်လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့်တောင်ကြီးမို့ခံ ခွန်ခမ်းကောင်က ပြောသည်။

ထိုဒေသမှ ပြည်သူများသည် တောင်ယာလုပ်ငန်းဖြင်အဓိက အသက်မွေးဝမ်းကြောင်း ပြုကြသည်။ အစိုးရမှ ၎င်းလယ်မြေများ သိမ်းလိုက်လျှင် ဒေသခံများ၏ ဘ၀ရပ်တည်ရေးမှာ စိုးရိမ်ရကြောင်း ခွန်ခမ်းကောင်က ယခုလို ပြောသည်။

သူက ဒီနယ်တစ်ဝိုက်က ရွာသူရွာသားတွေက မြေယာလုပ်ငန်းတွေပဲ လုပ်နေရတာ အဲဒီမြေတွေကို သိမ်းသွားမယ်ဆိုရင် သူတို့တော့ ငတ်ပြီပဲဟု ပြောသည်။

တပ်မြေအဖြစ် စိုက်ထူထားခံရသည့် မြေယာများတွင် ဂျုံ၊ ကြက်သွန်ဖြူနှင့် ပဲစင်းငုံတို့ အဓိက စိုက်ပျိုးကြသည်။ ထိုမြေယာများ အသိမ်းခံရလျှင် ဒေသခံများမှာ တခြားဒေသများတွင် ဘိန်းအစားထိုး စိုက်ပျုးရမည့်အရေးနှင့် ကျမ်းအလုပ်များ လုပ်ကိုင် လာရမည်ကို စိုးရိမ်နေကြသည်။

ယခင်က ထိုဒေသများတွင် ပင်းပက်သံမဏိစက်ုံ အမှတ်() ၀န်ထမ်းအိမ်ယာများ တည်ဆောက်ရန် ဒေသခံများ၏ ဆိုင်ခန်း ငယ်ပေါင်း ၂၀ခန်းနှင့် လူနေအိမ် ၄လုံး ရေ့ပြောင်းပေးခဲ့ရသည့်အပြင် လယ်ယာမြေ မတရား သိမ်းဆည်းခံခဲ့ရသည်အဖြစ်များ လည်း ကြုံခဲ့ဖူးသည်။

ဒေသခံတစ်ဦးကအရင် အသိမ်းခံရတဲ့ မြေယာတွေအတွက် တချို့ လျော်ကြေးရတယ်။ တချို့ကတော့ မရကြဘူး။ ရရင် လည်း အနည်းအပါးပါပဲ ဒီငွေလောက်နဲ့ အဆင်မပြေတာတွေ များတယ်။ဟု ဆိုသည်။

ယင်းဒေသတွင် လက်ရှိ မြေတစ်ဧကလျှင် အပြင်ပေါက်ဈေးမှာ သိန်း ၃၀ကျပ် ၀န်းကျင်ရှိသည်ဟု သိရသည်။

ပီးခဲသည်ဒီဇင်ဘာလ ၂၄ရက်နှင့် ဇန်န၀ါရီလ ၆ရက်နေ့တို့တွင် အစိုးရမှ အဆိုပါလယ်မြေများကို အမှတ်အသား လာရောက် စိုက်ထူခဲ့ကြသော်လည်း မည်သည့်ရည်ရွယ်ချက်ဖြင့် စိုက်ထူခြငှ်းင့် လာရောက်စိုက်ထူသည်တပ်ကို ဒေသခံများက မသိရှိကြ ပေ

ခွန်ခမ်းကောင်ကအခုလို ချမ်းတဲ့ရာသီမှာ ရွာသားတွေက လယ်မြေတွေကို မနက် ၉နာရီလောက် ရောက်တော့မှ တွေ့ရ တယ်။ ဘယ်သူ လာစိုက်ထားမှန်းကို မသိဘူး။ တောင်ကြီးဘက်ထိ စုံစမ်းတော့လည်း အခုထိ မသိရသေးဘူးဟု ပြောသည်။

လယ်ယာမြေ ကျောက်တိုင်စိုက်ထူခံရသည့်အကြောင်းနှင့်သက်ပြီး ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်(PNO)ထံ ဆက်သွယ်မေး မြန်းရာမှာ ၎င်းကိစ္စနှင့်သက်ပြီး မသိရှိကြောင်း ဖြေကြားခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)