Thursday, March 22, 2012

သံလွင်တိုင်း(မ်)ကို မွန်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေသင့်

Wednesday, 21 March 2012
မတ်လ ၂၁ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

မွန်ပြည်နယ်အတွင်း မကြာမီ ထုတ်ဝေခွင့်ရတော့မည့် သံလွင်တိုင်း(မ်) သတင်းဂျာနယ်ကို မွန်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေသင့် ကြောင်း တိုင်းရင်းသားသတင်းဌာနတစ်ခုဖြစ်သည့် ကေအိုင်စီ အယ်ဒီတာ နန်းဖော့ဂေက ပြောသည်။



၎င်းက “ကိုယ့်မွန်ဒေသက သတင်းတွေကို အဓိကထားပြီး ထုတ်မယ့် ဂျာနယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အခုလက်ရှိ ထုတ်နေတဲ့ဂျာနယ်တွေ နဲ့စာရင် ပုံစံမတူဘဲ တစ်မျိုးတော့ ကောင်းတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ့်တိုင်းရင်းသားစာပေကို ထိန်းသိမ်းတဲ့အနေနဲ့ မွန်ဘာသာ ကော၊ မြန်မာဘာသာကော ထုတ်နိုင်ရင် အကောင်းဆုံးလို့ မြင်ပါတယ်”ဟု ပြောသည်။

ပြည်တွင်းထုတ် သတင်းဂျာနယ်များအနေဖြင့် မွန်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် အခြေအနေနှင့် အကြောင်းအရာများကို ရေးသားဖော် ပြမှု အားနည်းနေသဖြင့် မွန်ပြည်နယ်အကြောင်းကို ပိုမိုကျယ်ပြန့်စွာ သိရှိစေရန် သံလွင်တိုင်း(မ်)ဂျာနယ်ကို မြန်မာဘာသာဖြင့် ဧပြီလ ဆန်းပိုင်းတွင် စတင်ထုတ်ဝေသွားမည်ဟု အယ်ဒီတာ အဖွဲ့ဝင် နိုင်မင်းမင်းနွယ်က ပြောသည်။

“အဓိကထွက်လာတဲ့ ဂျာနယ်တော်တော်များများက ရန်ကုန်ကို အခြေပြုပြီးတော့ နယ်သတင်းတွေက နယ်မှာ တကယ်ဖြစ် ပျက်နေတဲ့ လယ်သမားအရေးတို့ အလုပ်သမားအရေးတို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတို့က သိပ်ပြီးတော့ များများစားစား ဖော်ပြခြင်း မခံရဘူးဗျ”ဟု ၎င်းက ပြောသည်။

ထိုသတင်းဂျာနယ်ထုတ်ဝေရန် ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၅ရက်နေ့က စာပေနှင့် စာနယ်ဇင်းအဖွဲ့ထံသို့ ထုတ်ဝေခွင့်တောင်းထားပြီး လာ မည့်အပတ်တွင် ခွင့်ပြုချက်ကျမည်ဟု သိရသည်။

မော်လမြိုင်မြို့တွင် အခြေစိုက်မည့် သံလွင်တိုင်းမ်ဂျာနယ်က ထုတ်ဝေသူနှင့် အယ်ဒီတာချုပ်မှာ မွန်ပြည်သစ်ပါတီက တွဲဖက်အထွေထွေ အတွင်းရေးမှူးဟောင်း နိုင်ချမ်းတွဲ့ ဖြစ်သည်။ အယ်ဒီတာအဖွဲ့ဝင်အဖြစ် နိုင်ဇေ၊ နိုင်အောင်ထူး၊ နိုင်ရာဇာနှင့် နိုင်မင်းမင်းနွယ်တို့က ဆောင် ရွက်မည်ဖြစ်သည်။ သတင်းထောက် ငါးဦးကိုလည်း ခန့်ထားပြီး ဖြစ်သည်။

လစဉ် ထုတ်ဝေသွားမည့် ၎င်းဂျာနယ်ကို စောင်ရေ သုံးထောင်မှ ငါးထောင်ကြား ထုတ်ဝေကာ တစ်စောင်လျှင် ငါးရာကျပ်ဖြင့် မွန်ပြည် နယ်နှင့် တနင်္သာရီတိုင်းသို့ ဖြန့်ချီသွားမည် ဖြစ်သည်။

ကရင့်စာဖတ်ပရိသတ်တစ်ဦးဖြစ်သည့် စောလောအဲ့ထူးက “ကရင်ပြည်နယ်ထဲမှာဆိုရင် မြို့နဲ့ ဝေးလံခေါင်းပါးတဲ့ နေရာတွေက သတင်း တွေဆိုရင် အခုပြည်တွင်းက ဂျာနယ်တွေက လိုက်လို့ မမှီဘူးလေ။ ဒါကြောင့် အကယ်၍များ ကရင်ပြည်နယ်ထဲမှာ ထုတ်ဝေနိုင်မယ့် စာ စောင်ရှိရင် သိပ်ကောင်းတာပေါ့”ဟု ပြောသည်။

တိုင်းရင်းသားဒေသများရှိ သတင်းများကို ပြည်နယ်နှင့် တိုင်းအသီးသီးက ဒေသများအနေဖြင့် ပိုမိုသိရှိလိုသည့်အတွက် လွတ်လပ်သည့် တိုင်းရင်းသားကိုယ်စားပြု သီးသန့်သတင်းဂျာနယ်များ ပိုမိုထွက်ရှိစေရန် လိုလားလျက်ရှိကြောင်း နန်းဖော့ဂေက ပြောသည်။

၂၀၁၁ခုနှစ် အောက်တိုဘာလက မြန်မာပြည်တွင်း၌ The Union အမည်ဖြင့် တိုင်းရင်းသားအရေး ဂျာနယ်ထုတ်ဝေရန် စီစဉ်မှုများ ရှိခဲ့ သော်လည်း စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ခွင့်ပြုချက်မရရှိခဲ့၍ ယနေ့အထိ ထုတ်ဝေနိုင်ခြင်း မရှိခဲ့ပေ။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)