Saturday, March 24, 2012

ပြည်သူတွေ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရဖို့ ကြိုးစားသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

Fri, Mar 23rd, 2012
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူး မဲဆွယ်စည်ရုံးရေး ခရီးစဉ်

လာမယ့် ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
သူဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ့် ကော့မှူးမြို့နယ် ကို မက်လ ၂၂ ရက်နေ့က မဲဆွယ်စည်းရုံးရေးအဖြစ် သွားရောက် ခဲ့ပါတယ်။ ဒီ ခရီးစဉ်မှာ တွံတေး
မြို့နယ် ဘုရားကြီးကျေးရွာက မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာမှာရှိတဲ့ မိဘမဲ့ခလေး ၆၀၀ ကျော်ကို သွားရောက် တွေ့ဆုံအားပေး ခဲ့ပါတယ်။ ဒီ
ခရီးစဉ်မှာ သူ့အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ကော့မှူး ဒေသခံတွေကို ရှင်းပြ ပြောဆို သွားခဲ့သလို
ဥပဒေ စိုးမိုးရေးဟာလည်း အရေးကြီးကြောင်း ဒါ့အပြင် ပြည်သူတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့် ရဖို့အတွက် ကြိုးစား လုပ်ဆောင် သွားမယ်လို့
သူက ပြောဆိုသွား ခဲ့ပါတယ်။




Source:http://www.burmavjmedia.net/?p=9394

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)