ကူးဒူ
သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား အင်အားစုတို့အကြား ပစ်ခတ်ရပ်စဲရေးသဘောတူလက်မှတ် ရေးထိုးနေကြတဲ့အချိန် အတောအတွင်းမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ ယခုဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ပါတယ်။
နိုင်ဟံသာ
UNFC ပြောရေးဆိုခွင့်ရှိသူ
“တဖက်ကပြောင်းလဲလာ မှုအပေါ်မှာ ကျနော်တို့ကလည်း အခွင့်ကောင်းတရပ်အနေနဲ့ဒါကို အသုံးချပြီးတော့မှ အပြောင်းလဲဖြစ်သွားဖို့ဆိုတဲ့ဟာကို ကျနော်တို့ကလည်း အတတ်နိုင်ဆုံး လိုက်လျောပြီးတော့မှ ဒါက အဲဒီအပြောင်းအလဲကို တကယ့်အပြောင်းအလဲ အကောင်းဖက်ကို ပြောင်းလဲဖို့ အားဖြစ်သွားအောင် ကျနော်တို့က ၀ိုင်းဝန်းပြီးတော့မှ တချို့နေရာမှာ ၀င်ပြီးတော့ညှိနှိုင်းတယ် ဆွေးနွေးတယ်။ ဒါက ဒီအကွက်ကောင်းကို တဖက်ကပြောမယ်ဆိုရင်တော့ ကျနော်တို့က စမ်းသပ်ရင်းနဲ့ တဖက်က တကယ့်အပြောင်းအလဲဖက်ကို ရောက်သွားနိုင်မလားဆိုပြီးတော့မှ သတိနဲ့ပေါ့နော ကျနော်တို့က ၀င်ပြီးတော့မှ ဒီတွေ့ဆုံဆွေးနွေးရေး ကိစ္စအပေါ်မှာ ၀င်ပြီးမှ လုပ်ဆောင်တာဖြစ်တယ် ”
အေဘယ်ဒွိ
UNFC ဒုဥက္ကဌ
(ဓါတ်ပုံ-ကေတီ)
ဗမာလူမျိုးနဲ့ ဗမာလူမျိုး မဟုတ်တဲ့ အကြားမှာ တန်းတူမှု မရှိဘူး။ အဲဒါကြောင့် ဒီပြဿနာက ဒီအထိဆက်ဖြစ်နေတာဖြစ်တယ်။ အနာဂတ်မှာ ဒီပြဿနာကို ကျနော်တို့ တိုင်းရင်းသားတွေက ငြိမ်းချမ်စွာ ဖြေရှင်းချင်ပါတယ်။”
ဒေါက်တာ လှဂျာ
KIO head of Research and Legality
(ဓါတ်ပုံ-ကေတီ)
အဲဒါကြောင့် နိုင်ငံရေးစားပွဲပေါ် တင်ဖို့ပဲ ရှိပါတယ်။ အဲဒါကြောင့် တပ်ကို ရုတ်ပေးပါ။ စစ်ပွဲ ပစ်ကြခတ်ကြတာတွေ ရပ်ဖို့ဆိုရင် ၁။ တပ်ကို ရုတ်ပေးပါ။ ၂။ ဒီဟာကို နိုင်ငံရေး အနှစ်သာရရှိတဲ့ နိုင်ငံရေးအရ ဆွေးနွေးသွားမယ်ဆိုတဲ့ဟာကို အာမခံချက်ရှိအောင် ကျနော်တို့ နိုင်ငံတကာလည်းပဲ သက်သေပြုကြပါစေလို့ တောင်းဆိုထားပါတယ်။ ဒါကြောင့် ယခု ယခင်နဲ့ ကွာတာကတော့ စစ်အစိုးရဆိုပြီးတော့မှ နိုင်ငံရေးမူကို လက်မခံဘူး။ ဒီတခေါက်တော့ ဒီဟာလက်ခံတဲ့ လေသံတော့ ပေးပါတယ်။ သို့သော် တကယ်တမ်း စားပွဲပေါ် ထိုင်ကြတဲ့ ဘယ်လိုရလဒ်မျိုး ရှိလာမယ်ဆိုတာတော့ မသိရသေးပါဘူး။”
ဗိုလ်မှူး စန်းအောင် - ကလိုထူးဘောစစ်ရေးဗျူဟာမှူး
DKBA
“အခုငြိမ်းချမ်းရေး သွားပြီးထိုးတဲ့ ကျနော်တို့ကြုံသလောက်က သူ(အစိုးရ)ကကျနော်တို့ကို သူ့ရဲ့စကား… ဥပမာ..အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး အခုလူငယ်စကားနဲ့ ပြောမယ်ဆိုလို့ရှိရင် ဆံပင်ဖြူတဲ့လူကို ဆံပင်အမဲဆိုးထားတယ်… မလှတဲ့လူကို ကိုးရီးယားမင်းသမီးနဲ့တူအောင် အလှပြင်ဆိုင်မှာ ပြင်ခိုင်းတဲ့အနေထားလည်းရှိတယ်။ ဒါဟာကျနော်တို့ သိနားလည်ရသလောက်ပေါ့… ကျနော်တို့…သိရက်သားနဲ့ ဘာလို့သွားလဲ အဲလိုမေးမယ်ဆိုလို့ရှိရင်လည်း အများကြီးပြောလို့ရတယ်။ အေမသိရင်သူက ကျနော်တို့ငြိမ်းချမ်းရေး တံတားတခုဆောက်ပေးတယ် သူဆောက်တဲ့ငြိမ်းချမ်းရေးတံတားဟာ ကျနော်တို့ တော်လှန်ရေအင်အားစုအတွက် ကျနော်တို့တိုင်းရင်းသားအတွက် ခိုင်မာတဲ့ငြိမ်းချမ်းရေး တံတားမဟုတ်ဘူး ကျနော်တို့သွားတယ် လုပ်တုတ်လုတ်တုတ်နဲ့ ကျိုးမလားပြိုမလား ပြုတ်ကျမလားဟို အသည်းထိတ်ထိတ်ရင်ဖိုဖိုနဲ့… ကျနော်တို့စစ်တိုက်တာတောင် ကျနော်တို့ဒီလောက်မကြောက်ရဘူး။ ဒီငြိမ်းချမ်းရေးတံတားပေါ်မှာ ကူးနေတာ ကျနော်တို့အကြောက်တရားအများကြီးရှိတယ်။ ဒါပေမယ့် လုပ်ကြည့်တယ် နော်..မလုပ်တဲ့အသင်းအဖွဲ့တွေလည်း အများကြီးရှိတယ် ဒါပေမယ့် အဲဒီအသင်းအဖွဲ့တွေလည်း လုပ်ပါလည်းကျနော်တို့မပြောဘူး။ မလုပ်ပါလို့လည်းကျနော်တို့မပြောဘူး ဒါပေမဲ့ကျနော်တို့လုပ်လိုက်တဲ့ငြိမ်းချမ်းရေးရော ဘယ်လောက်ခိုင်မလဲ။ ကျနော်တို့မေးခွန်းထုတ် လိုက်ရင်ကျနော်တို့လည်း ဟို ကျနော်တို့ဇွဲကပင် တောင်လိုခိုင်တယ်လို့မပြောရဲဘူး အဲလောက်ပဲကျနော်ပြောချင်တယ်”
ခွန်ဥက္ကာ
PNLO တွဲဘက်အတွင်းရေးမှူး
(ဓါတ်ပုံ-ဒီဗွီဘီ)
No comments:
Post a Comment