Wednesday, April 4, 2012

ရှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ် အမှတ် ၃ မှာ ကျားဖြူပါတီ (SNDP) အနိုင်ရ

2012-04-03
ဧပြီလ ၁ ရက်နေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော် လစ်လပ်နေရာကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီ SNDP က အနိုင်ရရှိကြောင်း လာရှိုးရှိ ကျားဖြူ ပါတီဝင်များကို ကိုးကားပြီး ရှမ်းသတင်းဌာနက ဖော်ပြထားပါတယ်။

(Photo: AFP)
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပါတီရုံးတွင် သြဂုတ်လ ၄ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအတွက် လားရှိုး၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ ကွမ်းလုံ ငါးမြို့နယ်က မဲစာရင်းပေါင်းအရ ကျားဖြူပါတီ (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ ဦးစိုင်းစံမင်းက NLD ပါတီအား ၁၅၂၆ မဲအသာဖြင့် အနိုင်ရရှိသွားပြီလို့ ဆိုပါတယ်။
ကျားဖြူပါတီရဲ့ မဲရရှိမှုမှာ ၄၇၂၂၆ မဲဖြစ်ပြီး NLD ပါတီမှာ ၄၅၇၀၀ မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၄၅၂၉၆ မဲ၊ ကိုးကန့်ပါတီက ၁၇၈၇၄ မဲ၊ လားဟူပါတီက ၆၃၀၆ မဲ အသီးသီး ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/news/election-sndp-won-04032012120049.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)