Tuesday, April 10, 2012

ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် အစိုးရတို့ ပဲခူးတိုင်းတွင် တိုင်းအဆင့် တွေ့ဆုံဆွေးနွေးခဲ့

ဧပြီလ ၁၀ရက်။ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့မနက် ၉နာရီမှ ၁၁နာရီကျော်အထိ ပဲခူးမြို့ရှိ ရွှေဝါထွန်းဟိုတယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စု ဝန်ကြီးအချို့နှင့် တိုင်းအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယခုတွေ့ဆုံဆွေးနွေးမှုတွင် အစိုးရဘက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ ပဲခူးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း အပါအဝင် တောင်ပိုင်းတိုင်း တိုင်းမှူး၊ တရားဥပဒေချုပ်နှင့် အခြားအကျိုးတော်ဆောင်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။
ကေအဲန်ယူဘက်မှ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗိုလ်မှူးကြီး မိုးဖြူ၊ ဗိုလ်မှူးချုပ် အယ်ကလူသိန်း၊ ဗိုလ်မှူး ထူးထူးလေး၊ နော်မေဦး၊ ပဒိုစောအားတိုး၊ ပဒိုစောသောသီဘွဲ၊ နော်ဘလူးမေးနိုက်ဇံ၊ ပဒိုစောတာဒိုမူးနှင့် စောအောင်ဝင်းရွှေတို့ တက်ရောက်ခဲ့သည်။
ထိုဆွေးနွေးပွဲတွင် အဓိကအားဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များအတွက် ဆက်လက် လုပ်ဆောင်ရ မည့် အချက်များကို ဆွေးနွေးခဲ့ကြသလို နှစ်ဖက်တပ်များ၏ နေရာများကို အတိအကျ သတ်မှတ်ဖို့ နှင့် ယမန်နေ့က ဖွင့်လှစ်လိုက်သည့် ပဲခူးတိုင်း ဆက်ဆံရေးရုံးတွင် တာဝန်ယူ အလုပ်လုပ်မည့် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် သြဇာအာဏာရှိပြီး အရည်အချင်းပြည့်ဝသည့် ကိုယ်စားလှယ်များကို ရွေးချယ်ထားရန်အတွက် နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပဲခူးမြို့ရှိ ရွှေဝါထွန်းဟိုတယ်တွင် ပြုလုပ်သည့် ယနေ့ဆွေးနွေးပွဲတွင် ရန်ကုန်မြို့မှ အမေရိကန် အထက်လွတ်တော်အမတ်နှင့်အဖွဲ့ အစည်းအဝေးပြုလုပ်စဉ် လာရောက်လေ့လာခဲ့သလို ထိုအစည်း အဝေးပြီး ၁၁နာရီခွဲခန့်တွင် အဆိုပါ အမေရိကန် အထက်လွှတ်တော်အမတ်အဖွဲ့သည် ကေအဲန်ယူ ငြိမ်းချမ်း ရေးကိုယ်စားလှယ်များနှင့် ၁၅မိနှစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံဆွေးနွေးရာတွင် အမေရိကန် လွှတ်တော်အမတ်အဖွဲ့ဘက်မှ ယခုအစိုးရနှင့် တွေ့ဆုံမှုတွင် ဘယ်လောက်အထိ အားရကျေနပ်မှုရှိကြောင်းကို မေးမြန်းခဲ့သလို ကေအဲန်ယူဘက်မှလည်း ယခုလက်ရှိအ ချိန်တွင် အားရကျေနပ်ကြောင်းနှင့် ပဋိပက္ခဖြစ်ပွားသည့်ဒေသများအတွင်းရှိ လူထုများ၊ ဌာနေမဲ့ ပြည် သူများ၏ အခြေအနေများကို ပြန်လည် ဆွေးနွေးတင်ပြခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)