Wednesday, April 4, 2012

ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ တရုတ် CPI ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်း ပြန်လည် စတင်ရန်အတွက် လူနှင့်ပစ္စည်းများ ပြန်လည်ဝင်ရောက် တင်ပို့ခွင့် ပြုရန် အကြောင်းကြားစာ..


၂၀၁၂ မတ်လက မြစ်ဆုံစီမံကိန်းအတွင်းမှ ယန္တယားများအား လာရောက်စစ်ဆေးနေတဲ့ တရုတ်ဝန်ထမ်းများ..
 
အများပြည်သူရဲ့ ဆန္ဒသဘောထားကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းလိုက်ပါပြီဆိုတဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့က ကြေငြာချက်ကို လေ့လာ ဆန်းစစ်ရပါတော့မယ်။ ဒီကြေငြာချက်ဟာ ကျွန်တော်တို့ ပြည်သူတွေကို ပျက်ရယ်ပြုနေသလားပဲ..။ ပြီးခဲ့တဲ့ မတ်လဆန်းကတည်းက တရုတ်အင်ဂျင်နီယာတွေ ပြန်ရောက်နေကြောင်း ဒီမိုဝေယံဖေ့စ်ဘွတ်နဲ့ ဘလော့ဂ်မှာ အကြိမ်ကြိမ်ဖော်ပြခဲ့ပါတယ်...။
ယခုအထက်ပါ.. ကချင်ပြည်နယ်အစိုးရထံကို CPI ကုမ္ပဏီမှ အင်ဂျင်နီယာနဲ့ လုပ်သားဦးရေ (၅၀၀)အတွက် ကဒ်ပြားတွေ ထုတ်ပေးဖို့နဲ့ စက်ယန္တယား အစရှိတာတွေ ပြန်လည်တင်သွင်းဖို့ အခွန်ကင်းလွတ်စွာနဲ့ ဝင်ရောက်ခွင့်ပြုဖို့ မတ်လ(၂၈)ရက်နေ့ ရက်စွဲနဲ့ ကျွန်တော်ပြည်သူတွေ ရွေးကောက်ပွဲမှာ အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူပြီး နောက်ကျောကနေ တောင်းဆိုနေပါပြီ..။ ကဲကျွန်တော်တို့ ပြည်သူတွေ ဘာဆက်လုပ်ကြမလဲ.. ကျွန်တော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးပါ...။ အားလုံးဘက်ပေါင်းစုံက ဖော်ထုတ်၊ ကန့်ကွက်ကြပါ...။

ဒီမိုဝေယံ
မြစ်ဆုံ မတ်လဆန်းက မြင်ကွင်း ဓာတ်ပုံတွေပါ..။ အလျဉ်းသင့်သလို ထပ်မံဖော်ပြပါမည်။
ဓာတ်ပုံ ဒီမိုဝေယံ
ဒီမိုဝေယံမှ ဖော်ပြခဲ့တဲ့ မြစ်ဆုံဆည် သတင်းများ ပြန်ဖတ်ချင်ရင် ပို့စ်အောက်က Posted in  မြစ်ဆုံဆည် သတင်းများကို နှိပ်ပြီး ပြန်ဖတ်နိုင်ပါတယ်..။
Source: http://www.demowaiyan.org/2012/04/cpi.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)