“အဓိက ကတော့ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ဒုက္ခသည် စခန်းက လူတွေကို ပြန်လည်နေရာ ချထားဖို့ ဖြစ်ပါတယ်။ အဲဒီအစီ အစဉ် နဲ့ သူတို့ရောက်လာကြတယ်။ ကရင်ပြည်နယ် ၀န်ကြီးချုပ်ရဲ့ အစီစဉ်တခုပေါ့ဗျာ။ လာတာ ဖြစ်ပါတယ်။ ကျနော်တို့ ကတော့ အခုလာကြည့်တဲ့နေရာက ကျနော်တို့ လုပ်ပိုင်ခွင့် မရှိတဲ့နေရာ ဖြစ်တဲ့အကြောင်း ဒီနေရာတွေက ကေအန်ယူတို့၊ ကေအာရ် စီတို့ရဲ့ နေရာဖြစ်ပါတယ်။ သူတို့နဲ့ တင်ပြဆွေးနွေး ရလိမ့်မယ်လို့ KKO ပြောရေးဆိုခွင့်ရှိသူက ပြောပါသည်။ KKO အဖွဲ့နှင့် ဆွေးနွေးပြီးနောက် အစိုးရ လေ့လာရေးအဖွဲ့သည်၊ (၂) ရက်တာ နေပြီး မြ၀တီကို ပြန်မည်ဖြစ်ပါသည်။ အစိုးရ သည်၊ ထိုင်းနိုင်ငံကို ရောက်ရှိနေသော မြန်မာဒုက္ခသည် စခန်းကို ပြန်လည် နေရာချရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု KKO ဖက် က ယူဆနေပါသည်။ သို့သော် လက်ရှိအစိုးရ၏ အခြေအနေ အတိုင်း ဆိုလျှင် ထိုင်းနိုင်ငံကို ရောက်ရှိနေသည့် မြန်မာ ဒုက္ခ သည်များကမူ မြန်မာနိုင်ငံကို ပြန်ရန် အချိန် စောလွန်းသေကြောင်း၊ မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ အမျိုးသားပြန် လည်သင့် မြတ်ရေးမရမချင်း ဒုက္ခသည်များ နေရပ်ပြန်ရေးသည်၊ မဖြစ်နိုင်သေးကြောင်းနို့ဖိုး ဒုက္ခသည်စခန်း တာဝန်ခံတဦးက ပြောပါသည်။
“ အစိုးရကတော့ ဒုက္ခသည် စခန်းကို ဖျက်ချင်နေတာလေ၊ တကယ့် ပြသနာကိုတော့ ဖြေရှင်း မပေးဘူးလေ၊ အခု ကြည့် အပစ်ရပ်ရေး အခွင့်အရေးရတာနဲ့ နိုင်ငံတကာကို သွားတဲ့လူသွား၊ နေရာချထားရေး လုပ်တဲ့လူကလုပ်နဲ့ ပျာများနေတာ၊ ဒါကတော့ သူတို့ စိတ်ရင်းကို မြင်နေရတယ်၊ ဒီတော့ ဒီကိစ္စသူတို့ လုပ်ပြပြီးရင် ဘာဆက်လုပ်မယ် ထင်လဲ၊ သူတို့တပ်တွေ လွှတ်ပြီးတော့ အဲဒီ လူထုတွေကို ချုပ်ချယ်ခိုင်းမယ်၊ ပြီးတော့ နှိပ်စက်ဦးမယ်၊ တောက်လျှောက် လုပ်ရပ်က အဲဒါဘဲလေ၊ ဟု နို့ဖိုးဒုက္ခသည် စခန်း တာဝန်ခံ တဦးက ပြောပါသည်။
Source: http://phophtaw.org/burmese/index.php/news/local-news/1462-dkba----.html