Thursday, 24 May 2012 17:05
အဆိုပါ ရထားလမ်းအား ပထမ အဆင့်အနေဖြင့် ထိုင်းနိုင်ငံရှိ ကန်ချနဘူရီခရိုင်မှ ကီလိုမီတာ (၁၅၀) အကွာအဝေးတွင် ရှိ သော ထားဝယ် ရေနက်ဆိပ်ကမ်းအထိ ဖောက်လုပ်သွားမည်ဖြစ်ပြီး ဒုတိယ အဆင့်အဖြစ် ထားဝယ်မြို့အား ဖြတ်ကျော်ကာ ရန်ကုန်မြို့အထိ ဆက်သွယ်သွားမည်ဖြစ်သည်။ အဆိုပါ မီးရထားလမ်းသည် အာရှ ကွန်ယက် မြန်နှုန်းမြင့် မီးရထားလမ်းနှင့် ချိတ်ဆက်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထိ ရောက်ရှိသွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။