Saturday, May 26, 2012

လူထု တောင်းဆိုမှုကို အကြမ်း မဖက်မိဖို့ အာဆီယံ အတွင်းရေးမှူးချုပ် သတိပေး

Suu_Rinမြန်မာ လူထု၏ လျှပ်စစ် စွမ်းအင် ရရှိရေး ဆန္ဒ ထုတ်ဖေါ်မှုများကို အေးဆေး ညင်သာစွာ ဖြေရှင်းသင့်ကြောင်း၊ အကြမ်း ဖက်ဖို့မသင့်ကြောင်း၊ ဒီကိစ္စသည် စစ်အုပ်ချုပ်ရေး စနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရာတွင် ဖြစ်တတ်သည့် ပြသနာများပင်ဖြစ်ကြောင်း သဘောထား သင့်သည်ဟု  အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်က မြန်မာ အစိုးရကို ကြာသပတေးနေ့က တိုက်တွန်း သတိ ပေးလိုက်ကြောင်း ရိုက်တာ သတင်းဌာနက ရေးသား ထားပါသည်။

ထို့ပြင်မြန်မာနိုင်ငံသည် လက်ရှိ သွားနေသည့် လမ်းကြောင်းမှ သွေဖည်မသွားသင့်ကြောင်း၊ အတိုက်အခံများ အပေါ် ဖိနှိပ်မှုများ မလုပ်မိရန် အရေးကြီး ကြောင်းလည်း ပြောဆိုပါသည်။

“နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်း တစ်ရပ်သည် ပွင့်လင်းသည့် ဒီမိုကရေစီလူ့ဘောင်ဖြစ်ချင်လိုလျှင် လူထု လှုပ်ရှားမှုများ ဖိအားများ၊ တောင်းဆိုချက်များ ပဋိပက္ခများ တင်းမာမှုများကို ပြန်လည် အကြမ်းမဖက်ဘဲ ညှိနှိုင်းဖြေရှင်းရန် အသင့်ပြင် ထားရလိမ့်မည်ဟု ဆူရင်ပစ်ဆူဝမ် က ရိုက်တာသတင်းဌာနက တွေ့ဆုံ မေးမြန်း ရာမှာ ပြောဆိုခဲ့ပါသည်။

အာဆီယံအနေနှင့် မိမိတို့၏ အတွေ့အကြုံများကို အသုံးပြုပြီး မြန်မာနိုင်ငံရဲ့အခက်အခဲများကို ကူညီဖြေရှင်းဖို့ အသင့်ရှိ ကြောင်း၊ လူထု တောင်းဆိုမှုများကို စီမံဖြေရှင်းရာမှာ ဘယ်လို အကြမ်းဖက် တာမျိုးကိုမှ မမြင်တွေ့ လို ကြောင်း လည်း ပြောဆိုခဲ့ပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)