Sunday, May 20, 2012

ထားဝယ် အထူးစီးပွားရေးဇုန်ကြောင့် နစ်နာချက် ဒေသခံပြည်များ တင်ပြ

May 19

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ ထားဝယ်ခရီးစဉ်အတွင်း ထားဝယ် ရေနက်ဆိပ်ကမ်းဧရိယာသို့ ရောက်ရှိ စဉ် ဒေသခံများစုပေါင်းကာ လက်မှတ်ရေးထိုးတောင်းဆိုမှုတခု ပြုလုပ်ခဲ့ပါသည်။ ၈၈ ကျောင်းသားများ၏ လူထုတွေ့ဆုံပွဲ သို့ တက်ရောက်သူဒေသခံ ၂၀၀ ကျော်က ထားဝယ်စီမံကိန်းကြောင့် မြေယာသိမ်းဆည်းတာတွေနဲ့ ပတ်သက်ပြီး မေလ ၁၇ ရက်နေ့က တောင်းဆိုတင်ပြခဲ့ပါတယ်။

တောင်းဆိုချက် လေးချက်ပါတဲ့ ပန်ကြားလွှာတစောင်ကို နဘုလယ်ဒေသခံရွာသူ၊ ရွာသားတွေ စုပေါင်းလက်မှတ်ထိုး ထားကာ နိုင်ငံတော် သမတကြီးနဲ့ မီဒီယာတွေကို တင်ပြ တောင်းဆိုပေးရန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ထံ ပေးအပ်ခဲ့ပါတယ်။
ထားဝယ် အထူးစီးပွားရေးဇုန်ဧရိယာကြောင့် နစ်နာခဲ့ရတဲ့ ဒေသခံပြည်တွေ တင်ပြတောင်းဆိုထားတဲ့ အချက်တွေက တော့ …
၁။ လျော်ကြေးပေးရာတွင် မညီမျှမှုများ၊ မကျေနပ်မှုများ၊ တိုက်ရိုက်နစ်နာသူ ကာယကံရှင်ထံ အပြည့်အ၀ မရရှိမှုများ ဖြစ်ပေါ်နေခြင်းသည် အမှန်တကယ်ပေးလျော်သူ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံသူနှင့် တိုက်ရိုက် ဈေးစကားပြောခွင့် မရခြင်း ကြောင့် ဖြစ်ပေါ်နေရခြင်းဖြစ်သည်။ ညှိနှိုင်း ဈေးအမှန်ဖြစ်လိုလျှင် ပြည်သူ့ ၀န်ထမ်းများက ရုံးခန်းသို့ခေါ်ကာ ဈေးဆစ် ပေးခြင်းများ မပြုလုပ်ပါရန် တောင်းဆိုပါသည်။
၂။ ယခုကာလပေါက်ဈေးအဖြစ် မြေတဧကကို ၃ သိန်းခန့် ပေးလျော်ဈေးဖြတ်ပြီး တချိန်တွင် တစ်ဧက သိန်း ၃၀၀၀ ခန့် တန်မည့် အချိန်တွင် ဒေသခံများကို မခံစားနိုင်တော့ရန် လျော်ငွေ ပမာဏ အနည်းငယ်ဖြင့် အပြတ်ဖယ်ထုတ်ခြင်းကို လက်မခံနိုင်ပါ။ လျော်ငွေသည် ယာယီဖြေရှင်းမှုဖြစ်ပြီး တန်ဖိုးမြင့်လာမည့် ဈေးကွက်ပေါက်ဈေးခံစားနိုင်ရန် ဒေသခံများ ၏ ရင်းနှီးမြှုပ်နှံခွင့် ရှယ်ယာလက်မှတ်ကိုလည်း မြေယာမှတ်ပုံတင်မှတဆင့် အသိအမှတ်ပြုသွားပါရန် တောင်းဆိုပါသည်။
၃။ လျော်ကြေး ဆိုသည်မှာ ဈေးဖြတ်ဈေးနှိမ်သည့် သဘောမဖြစ်စေရ။ ဆိုလိုသည်မှာ တဧက သိန်း ၃၀၀၀ ဈေး ပေါက် သည့်အချိန်တွင်လည်း ဈေးကွက်၏ တန်ဖိုးကို အကျိုးခံစားခွင့်ရှိသင့်သည်။ လျော်ကြေးနှင့် လူနေအိမ်ယာမှာ ယာယီဖြေ ရှင်းမှုဖြစ်ပြီး ဆင်းရဲမှုပပျောက်ရေးအတွက် ရေရှည်ဖြေရှင်းမှုမဟုတ်ဟု သဘောပေါက်သည်။ မြေယာမှတ် ပုံတင်မှသည် အစုရှယ်ယာ လက်မှတ်အထိ တောင်သူလယ်သမားဘ၀၏ ရေရှည်ရင်းနှီးမြုပ်နှံခွင့်ဆိုင်ရာ အကျိုးခံစားခွင့်ကို အသိအ မှတ်ပြုပါရန် တောင်းဆိုပါသည်။
၎။ မြေယာမှတ်ပုံတင်ရသူများသည် ရောင်းလိုကလည်းရောင်းခွင့်ရှိပြီး မရောင်းလိုကလည်း မရောင်းဘဲ နေခွင့်ရှိရမည်။ ဆိုလိုသည်မှာ မြေယာကို အတင်းတွယ်ကပ်ကာ ဖွံ့ဖြိုးမှုနှင့် စီးပွားရေးဇုန်စီမံကိန်းကို ဆန့်ကျင်သူများမဟုတ်ဘဲ လိုအပ် သလိုဖယ်ရှားပေးမည်ဖြစ်သော်လည်း အပိုဒ် (၂) ပါ ရှယ်ယာလက်မှတ်ကို ကိုင်ဆောင်ခွင့်ကိုသာ တောင်းဆိုခြင်းဖြစ် ကြောင်း ရှင်းလင်းစွာအသိပေးလိုက်သည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်နိုင်ပါသေးတယ်။
ဦးကိုလေးလွင် – ၀၉-၇၃၁၂၅၉၁၄
ကိုစိုင်ငယ် – ၀၉-၄၉၈၅၀၁၇၇
Source: http://www.naytthit.net/?p=27167

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)