မြန်မာနိုင်ငံတွင် စွမ်းအင်အရင်းအမြစ်နှင့် သဘာဝသယံဇာတများ ပေါများလျက် လျှပ်စစ်မီး မှန်မှန် မရရှိခြင်း၊ ရေ မရရှိခြင်း၊ လူအများ အလုပ်အကိုင် မရရှိခြင်းတို့သည် နိုင်ငံတွင် ကျင့်သုံးလျက်ရှိသော စနစ် မှန်ကန်မှု မရှိခြင်းကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။ (မဇ္ဈိမသတင်းဌာန - ဒဂုံမြို့သစ်အရှေ့ပိုင်း NLD ရုံးဖွင့်ပွဲ၊ မေလ ၂၂ ရက်နေ့)
Facebook တွင် ဖတ်ရှုရသည့် Comment များ
San Yu - ပြည်သူတွေနဲ့ တသားတည်းရှိတယ်ဆိုတာ အဲလို့လိုက်လုပ်ပြမှ မရပ်မနား လျှောက်အော်နေမှကို ဆိုလိုတယ် ဆိုရင်တော့ အတော် စဉ်းစားစရာကောင်းနေပါပြီ။ အဲလိုလိုက်လုပ်မှ အလုပ်လုပ်တယ် ထင်တာလောက် ဉာဏ်နည်းတာ ရှိမည်မထင်ပါ။ အင်းလေ … ဒီမိုကရေစီနဲ့ မီးရရေး ဘယ်ဟာက အရင်လုပ်ရမယ်ဆိုတာတောင် ကောင်းကောင်းနားမလည်တာ၊ ဒါလို ဉာဏ်နည်းတာ သိပ်တော့မထူးဆန်းပါ။
(ဆန္ဒထုတ်ဖော်သူတွေကို လေးစားပါတယ်။ အချို့လို တိုင်းပြည်ချစ်ချင်ယောင်ဆောင်ပြီး ဉာဏ်နည်းသူများကို ဆိုလိုတာပါ) !!!!
Yahine Thu - ကြွေးကြော်သံဆိုင်းဘုတ်မှာ ရေးထားတာက ဒီမိုကရေစီ နောက်မှလုပ်၊ လျှပ်စစ်မီးသာ အရင်ပေးလို့ ရေးထားတာ။ သူတို့ ပြောချင်တာက ဒီမိုကရေစီတွေ လေကြီး မိုးကြီးနဲ့ လျှောက်ပြောမနေနဲ့။ လက်တွေ့ကျကျ လုပ်လို့ရတာ လုပ်ပေး။ တကယ်စေတနာရှိရင် တကယ်လုပ်ပြလို့ ပြောနေတာ။ ဒီမိုကရေစီကို ပါးစပ်ဖျားက ပြောရတာ လွယ်တယ်။ လက်တွေ့ကျကျမှာ မီးတောင် လာအောင် လုပ်မပေးဘူးလို့ ပြောတာ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေရာတကာ ဆရာလုပ်ချင်တဲ့ စိတ်မမွေးဘဲ လူထုကို လေ့လာဖို့ ကောင်းတယ်။ ဒီကြွေးကြော်သံက လူထုရဲ့ဆန္ဒကို ဖော်ပြနေတာ။
Yahine Thu - ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိပ်မရှင်းရင် မဝေဖန်သင့်ဘူး။ ဝေဖန်ချင်ရင် ရှင်းရှင်းလင်းလင်း သိအောင် အရင်လုပ်။ မသိဘဲနဲ့ ဝေဖန်တာ မတရားဘူး၊ တာဝန်မဲ့တယ်လို့ ပြောချင်တယ်။ လုပ်နေတဲ့ လူတွေကို အားပျက်အောင် လုပ်ရာကျတယ်။ NLD ဦးဆောင်မှုနဲ့ ဘာဆန္ဒပြပွဲများ လုပ်ဖူးလဲ။
Yahine Thu - လူထုခေါင်းဆောင်က လူထုအသံကို နားမလည်တာကရော ဉာဏ်မနည်းဘူးလား။ လူထုအသံကို လေးလေးစားစား နားမထောင်ဘဲနဲ့ လူထုကို ဆရာလုပ်တာ မလွန်လွန်းဘူးလား။ ရွေးကောက်ပွဲ မကျင်းပခင်က ရွေးကောက်ပွဲ မပြီးသေးလို့ အကြောင်းပြ။ ခု ဒီမိုကရေစီမရသေးလို့ အကြောင်းပြ။ ဘာလဲဟ။
San Yu - ဒေါ်အောင်ဆန်းစုကြည်အသာထား၊ ကျနော့်လို ဘာမဟုတ်တဲ့ကောင်တောင် စဉ်းစားလို့ရတယ်။ မြန်မာပြည်မှာ မီးလာအောင်လုပ်ဖို့ ခုချက်ချင်းကြီး ထလုပ်လို့ မရတာ အားလုံးအသိပါ။ မီးက ပေးစရာမရှိသေးတာပါ။ ပေးစရာရှိလာအောင် ဘာတွေလုပ်မလဲ၊ နည်းစနစ်မျိုးစုံရှိပါမယ်။ ရေအား၊ သဘာဝဓာတ်ငွေ့၊ လေအား … စသဖြင့်ပေါ့။ မျိုးစုံပါပဲ။ အဲဒါတွေ လုပ်နိုင်ဖို့ဆို ဒီမိုကရေစီစနစ်ကို အရင်ကြိုးစား အကောင်အထည်ဖော်မှ လုပ်နိုင်မှာပါ။ သူများတွေ ပြောသလို အစိုးရက မလုပ်လို့ ဘာညာပြောလို့ရပါတယ်။ အဲဒီမလုပ်တာတွေကို လုပ်လာအောင် ဘယ်လိုလုပ်မလဲဆိုတာကျ စဉ်းစားရပါပြီ။
ဒီမိုကရေစီဆိုတာလည်း ငါတို့ကိုပေးကွာ။ အေး … ရော့ယူကွာ ဒီမိုကရေစီဆိုပြီး လုပ်လို့မရတာ လူတိုင်းအသိပါ။ ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ နိုင်ငံတွေကို လေ့လာကြည့်ရင် ဘယ်နည်းစနစ်က အကောင်းဆုံးလဲ လေ့လာလိုက်ရင် သိပါသည်။ လုံးဝပြောင်းလဲလာတာ မဟုတ်သေးပေမယ့်လည်း ယခင်နဲ့စာရင် ပြောင်းလဲလာတာတွေ၊ တိုးတက်လာတာတွေရှိတာ လက်ခံရပါမယ်။ မပြောင်းလဲတာတွေလည်း အများကြီး ရှိနေပါတယ်။ ကျနော်တို့ဆိုတာ အမှောင်ထဲမှာ နေလာတာပါ။ မီးအရမ်းလာစေချင်တာပေါ့။ ခု case မှာ မိမိသဘေားထား ထုတ်ဖော်တာ လုံးဝထောက်ခံပါတယ်။ ဒါမှလည်း အားလုံးသိမှာပါ။ ခုလိုမျိုး လုပ်ရုံနဲ့ မီး အမြဲတမ်းလာဦးမှာ မဟုတ်ပါဘူး။ စနစ်ကျတဲ့ စီမံခန့်ခွဲမှုရှိမှ မီးလာမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ဉာဏ်နည်းသည် မနည်းသည် သမိုင်းက အဖြေပေးပါလိမ့်မည်။ သူ့အဖေတုန်းကလည်း ဉာဏ်နည်းလှချည့်ရဲ့၊ တုံးလှချည့်ရဲ့ဆိုပြီး အောင်ဆန်း-အက်တလီစာချုပ်ချုပ်လာတာကို ဝေဖန်ခဲ့ကြတာပါပဲ။ အချိန်တန်တော့ သမိုင်းက ဗိုလ်ချုပ်အောင်ဆန်းဆိုပြီး ဖြစ်လာတာပါပဲ။ နယ်လ်ဆင်မန်းဒဲလားလည်း ဒီလိုပါပဲ။ သူ့လူတွေက မထောက်ခံခဲ့ပါဘူး။ ထောင်ထဲမှာ သူ့ဘာသာ ကြိုးစားလုပ်ဆောင်ခဲ့တယ်။ ခုတော့ တောင်အာဖရိက ဘယ်လိုတိုးတက်နေပြီလဲ။ အဲတော့ … ဒေါ်အောင်ဆန်းစုကြည် ဉာဏ်နည်းသည် မနည်းသည်ကို သမိုင်းက ဆုံးဖြတ်ပေးပါမည်။ မိမိလိုအင်ကိုမိမိ ထုတ်ဖော်သူများကို လေးစားဦးညွတ်မိပါသည်။
Yahine Thu - ဒီိမိုကရေစီရဖို့က မီးရဖို့ထက် အရေးကြီးတယ် ဆိုတာကို ငြင်းနေတာမဟုတ်ဘူး။ ဘာပြောမှန်း မသိဘဲ ရမ်းတုတ်တာကို ပြောနေတာ။ ဟိုက ပြောတာက ဒီမိုကရေစီ လေကြီးမိုးကြီးတွေ အပိုတွေ ပြောမနေနဲ့ဦး၊ အခြေခံလိုအပ်ချက်ကိုပဲ စေတနာမှန်မှန်နဲ့ လုပ်ပေးဦး၊ ဖြေရှင်းပေးဦးလို့ ပြောနေတာ။ ဟိုက ပြောတာကို နားမလည်ဘဲ တိုက်ရိုက်သိဖို့ မကြိုးစားဘဲ ရေဒီယိုကနေ မသဲမကွဲအကြားနဲ့ လျှောက်ပြောနေလို့ ပြောနေတာ။ ဒီမိုကရေစီက မီးရဖို့ထက် အရေးကြီးတယ်ဆိုတာ ကလေးတောင် သိတယ်။ မီးရဖို့ကိစ္စ နေ့ချင်း လုပ်မရတာလည်း လူတိုင်းသိတယ်။ ဒါပေမယ့် အခု မီးမရတာဟာ နှစ်ပေါင်းနှစ်ဆယ်၊ ကိုယ့်အိတ်ထဲကိုယ်ပဲ တောက်လျှောက်ထည့်လာလို့ ဆိုတာလည်း သိဖို့လိုတယ်။ ဒီအချိန်မှာ ဒီလို ထမပြောကြရင် နောင်အနှစ်နှစ်ဆယ်လည်း အမှောင်ထဲမှာပဲ ဆက်နေရလိမ့်မယ်ဆိုတာလည်း သိဖို့လိုတယ်။
Chan Nyein Zaw – (မြန်မာပြည်မှာ မီးလာအောင်လုပ်ဖို့ ခုချက်ချင်းကြီး ထလုပ်လို့ မရတာ အားလုံးအသိပါ။ မီးက ပေးစရာမရှိသေးတာပါ။ ပေးစရာရှိလာအောင် ဘာတွေလုပ်မလဲ၊ နည်းစနစ်မျိုးစုံရှိပါမယ်။ ရေအား၊ သဘာဝဓာတ်ငွေ့၊ လေအား … စသဖြင့်ပေါ့။ မျိုးစုံပါပဲ။ အဲဒါတွေ လုပ်နိုင်ဖို့ဆို ဒီမိုကရေစီစနစ်ကို အရင်ကြိုးစား အကောင်အထည်ဖော်မှ လုပ်နိုင်မှာပါ။) ဆိုတော့ ပြည်သူတွေက တုံးတယ် ဆိုလိုတာလား။ မသိလို့တော့ မထင်နဲ့ သိတယ်။ အစိုးရတဖွဲ့လုံး ဘာလုပ်သင့်တယ်ဆိုတာ သတိပေးနေတာ။ အရင် နအဖလက်ထက်မှာ ဦးသိန်းစိန် ဘာတာဝန်တွေ ယူခဲ့တဲ့သူလဲ။ အမျိုးသားညီလာခံမှာ ဘယ်တာဝန်ယူခဲ့တဲ့သူလဲ။ ပိုနေလို့ ရောင်းစားရတာပဲလို့ ပြောတဲ့ လျှပ်စစ်ဝန်ကြီးဆိုသူကို ဘယ်သူ ခန့်အပ်ထားတာလဲ San Yu …။
Source: http://drlunswe.blogspot.com.au/

No comments:
Post a Comment