Monday, May 21, 2012

DKBA က မူးရစ်ဆေးဝါး ကင်းစင်ရေး လူထု အစည်းအဝေးပွဲ ကျင်းပ

Sunday, 20 May 2012 18:24
BA_02ကရင်ပြည်နယ် မြ၀တီမြို့ နယ် ဆုံစည်းမြိုင် ကျေးရွာရှိ ကလို့ထူးဘော ကရင် အမျိုးသား အစည်းအရုံး (K.K.O) အဖွဲ့ အခြေခံ ထားသော ဒေသ၌ မူးရစ်ဆေးဝါး ကင်းစင်သော လူထု စည်းဝေးပွဲ တရပ် ယနေ့ မနက် (၁၀) နာရီမှ ၁၂ နာရီ အထိ ကျင်းပခဲ့သည် ဟု ဒီကေဘီအေ ပြောခွင့်ရသူ စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး စောကိုမျိုးက ဆိုပါသည်။


“ စည်းဝေးပွဲကိုတော့ ကျနော်တို့နယ်မှာ ရှိတဲ့ ကျေးရွာပေါင်း (၄၀) ကျော်က ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ခေါ် ပြီး တော့ ကျင်းပခဲ့ကြတာပါ။ အဓိက ဆုံးဖြတ်ကြတာက မူးရစ်ဆေးဝါး ကင်းစင်ရေး နယ်မြေ ဆိုင်းဘုတ် တင်ပွဲ လုပ်ပါတယ်။ ပြီး တော့ လူထုတွေ လိုအပ်နေတဲ့ လမ်းပမ်း ဆက်သွယ်ရေး ကိစ္စ၊ ကျေးလက် ပညာရေးနဲ့ ကျန်းမာရေး ကိစ္စတွေအပြင်၊ စိုက်ပျိုးရေးနဲ့ ပါတ်သက်တဲ့ မြေယာ ပိုင်ဆိုင်မှု ကိစ္စတွေလည်း ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်” ဟုဆိုပါသည်။
အခမ်းအနားကို ကလို့ထူးဘော စစ်ထောက်ချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး စောစတီးက ဦးဆောင်ပြီး၊ စစ်ဦးစီး ဒုတိယတန်း ဗိုလ်မှူး စောထွန်းထွန်း၊ ကလို့ထူးဘော ဒုတပ်မှူး ဗိုလ်မှူး စောထွန်းမြင့်အောင်၊ စစ်ရေး ဆိုင်ရာ ဌာနမှူး ဗိုလ်မှူး စောလုံ့လုံ၊ စစ်ဦးစီး တတိယတန်း ဗိုလ်ကြီးစောကိုမျိုးနှင့် ကလို့ထူးဘေ ကရင်အမျိုးသား အစည်းအရုံး အတွင်းရေးမှူး တို့လည်း တက်ရောက်ခဲ့ပါသည်။
K.K.O_image(K.K.O) မူးယစ်ဆေးဝါး ကင်းစင်ရေး ဆိုင်းဘိုတ် တင်ပွဲ ဓါတ်ပုံ
ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဖွယ်ကို မူးရစ်ရာဇာအဖြစ် ထိုင်းနိုင်ငံမှ စွပ်စွဲခဲ့ပြီးနောက်ပိုင်း ၄င်းတို့သည် သူတို့ အခြေခံသော နယ်မြေကို မူးရစ်ဆေးဝါး ကင်းစင်သော နယ်မြေအဖြစ် သတ်မှတ်ပြီး လှုပ်ရှားလာခဲ့သည်ဟု အကဲခတ်များ ကဆိုပါသည်။
ထိုင်းနိုင်ငံ၏ စွပ်စွဲချက်ကိုလည်း သတင်းစာ ရှင်းလင်းပွဲ နှစ်ကြိမ်တိုင် ကျင်းပပြီး ငြင်းဆန်ခဲ့သလို နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ (DEA) နှင့် ထိုင်းနိုင်ငံ မူးရစ်တိုက်ဖျက်ရေး အဖွဲ့ (ONCB) တို့ကိုလည်း DKBA ဌာနချုပ်သို့ လာရောက် စုံစမ်း စစ်ဆေးပါရန် ဖိတ်ခေါ်ထားခဲ့သော်လည်း ယနေ့အထိ ထူးခြားမှုမရှိ သေးဟုဆိုပါသည်။

Source: http://phophtaw.org/burmese/index.php/news/local-news/1619-dkba------.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)