Saturday, May 19, 2012

Sanction များ ဆိုင်းငံ့ ထားခြင်းဖြင့် မြန်မာ့ နိုင်ငံ ရေးကို ပြောင်းလဲရန် UNFC တောင်းဆိုမည်

သတင်း - နိုင်ငံတကာ
kun_okkarသွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် ဆိုင်ရှင်များ ဆိုင်းငံ့ထားသည့် နည်းလမ်းဖြင့် မြန်မာ့နိုင်ငံရေး ပြောင်းလဲ သွားစေရန် ရည်ရွယ်ပြီး ယခုလ အကုန်ပိုင်း၌ ပြည်ပနိုင်ငံများသို့ ခရီး ထွက်ခွာပြီး တောင်းဆိုမည်ဖြစ်ကြောင်း UNFC မှ အမည် မဖော်လိုသူ ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့ပါသည်။
“ ဒီကိစ္စအတွက် ကျနော်တို့ ကိုယ်စားလှယ် လေးဦးကို အမေရိကန် ဥရောပ နိုင်ငံတွေကို စေလွှတ်ပြီး lobby ခရီးစဉ်အနေနဲ့သွားဖို့ ရှိပါ တယ်” ကိုယ်စားလှယ်တွေလည်း ရွေးချယ်ထားပြီးပါပြီး” ဟုပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ဤခရီးစဉ်သည် ပြီးခဲ့သည်လက ထိုင်းနိုင်ငံ ဇင်းမယ်မြို့၌ လေးရက်ကြာ ကျင်းပခဲ့သော NCUB, NLD-LA နှင့် UNFC ကိုယ်စားလှယ်များ၊ ကမ္ဘာ့ရှေ့နေများ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ အမေရိကန် နိုင်ငံဆိုင်ရာ ဥပဒေ အကြံပေး အရာရှိ ဒေါက်တာ ဝီလျံတို့ ပါဝင်သော ဆွေးနွေးပွဲမှ သဘောတူညီချက် ရရှိခဲ့သည့် အစီအစဉ်ဖြစ်သည်။
ယခု သွားရောက်မည့် Lobby ခရီးစဉ်၌  ကျန်ရှိနေသော နိုင်/ကျဉ်းများ လွတ်မြောက်ရေး၊ ပြည်တော်ပြန်များ ချွင်းချက်မရှိ လွပ်လပ်စွာ ပြန်နိုင်ရေး၊ လူထုအတွက် အကျိုးဖြစ်မည့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ မမြင်တွေ့ ရသေးသရွေ့ အနောက်နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး အစီအစဉ်များကို ဆိုင်းငံ့ထားရေးများ တောင်းဆိုမည်ဖြစ်ပါသည်။ ထို့အပြင်၊ မြောက်ကိုးရီးယားနှင့် ဆက်ဆံနေမှုနှင့် စစ်ဘက်ဆိုင်ရာ အကူအညီ ရယူနေမှုကို တားမြစ်ရေး၊ နိုင်ငံရေး ပါတီများနှင့် အပစ်ရပ် အဖွဲ့များအပေါ် မတရားအသင်း ကြေငြာထားသည့် ကြေငြာချက်အား တရားဝင် ပြန်လည်  ရုပ်သိမ်းပေးရေးတို့ ကိုလည်း တိုက်တွန်း သွားမည်ဖြစ်ပါသည်။
IMG_2524
UNFC ကိုယ်စားလှယ်များကို ဂျပန်ခရီးစဉ် အတွင်း၌ တွေ့ရပုံ
“အခု သွားမယ့် ခရီးစဉ်ကို ဒေါက်တာ ဝီလျံတို့လို ဥပဒေ ကျွှမ်းကျင် ပညာရှင်တွေ ဦးဆောင်ပြီးတော့  UN တို့ ၊ အမေရိကန် သမ္မတ ၊ EU ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံတွေကို သွားပြီးတော့ တင်ပြတောင်းဆို သွားဖို့ ရှိပါတယ်။ ဒီလို လုပ်တာဟာလည်း လက်ရှိ ဦးသိန်းစိန် အစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေကို ဖိအားပေးနိုင်ဖို့ နိုင်ငံရေး လမ်းကြောင်းအရ ချဉ်းကပ်မှု ပုံစံတစ်မျိုးပါ” ဟု ၄င်း အမည် မဖော်လိုသူ ကိုယ်စားလှယ်မှ ဆက်လက် ပြောကြားသွားပါသည်။
မေလ (၁၀) ရက်နေ့၌ ထုတ်ပြန်သည့် UNFC ကြေငြာချက်၌လည်း ဇွန်လ (၁၀) ရက်နေ့ နောက်ဆုံးထား၍ ကချင်ဒေသ ထိုးစစ်ဆင် နေမှုများကို ရပ်တန့်ရန်နှင့် သို့မဟုတ်ပါက အပစ်ရပ်ထားသည့် ပါတီကြီး (၃) ပါတီမှ မိမိတို့ အစိုးရနှင့် လက်မှတ် ရေးထိုးထားသည့် အပစ်ရပ်ရေး သဘောတူညီချက်များကို ပြန်လည်သုံးသပ် သွားမည်ဟု တောင်းဆိုထားပါသည်။
IMG_2592
UNFC ကိုယ်စားလှယ်များကို ဂျပန်ခရီးစဉ် အတွင်း၌ တွေ့ရပုံ
UNFC အဖွဲ့သည် ၂၀၁၁ ဖေဖော်ဝါရီလ၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့နှင့် ကနဦး၌ ဖွဲ့စည်းထားခဲ့ပါသည်။ နောက်ပိုင်း နိုဝင်ဘာ လ၌ တစ်ဖန် တိုးချဲ့ ဖွဲ့စည်းခဲ့ရာတွင် နောက်ထပ် အဖွဲ့ဝင် (၆) ဖွဲ့ ထပ်မံ ပါဝင်လာပြီး ယခု အဖွဲ့ဝင်ပေါင်း (၁၂) ဖွဲ့ ရှိပါသည်။ ၄င်းအဖွဲ့ဝင် အဖွဲ့အစည်း များမှာ KIO (Kachin Independent Organization), KNU (Karen National Union), NMSP (New Mon State Party), SSA-SSPP (Shan State Army – Shan State Progressive Party), KNPP (Karenni National Progressive Party), CNF (Chin National Front)  PSLF (Palong State Liberation Front), LDU (Lahu Democratic Union), ANC (Arankan National Council), WNO (Wa National Organization), PNLO (Pa’O National Liberation Organization), KNO (Kachin National Organization) တို့ ဖြစ်ကြပါသည်။

Source: http://www.phophtaw.org/burmese/index.php/news/internation-news/1610--unfc-.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)