Wednesday, June 13, 2012

ကလိုထူးဘော အစည်းအရုံး၏ အခြေခံ ကျန်းမာရေး သင်တန်း ဆင်းပွဲ

သတင်း-ဓါတ်ပုံ= အဲခေါင်သောင့်

ကလိုထူးဘော အဖွဲ့မှ ဖွင့်လှစ်သည့် ၆လကြာ အခြေခံ ကျန်းမာရေး သင်တန်း ဆင်းပွဲကို ဇွန်လ ၁၀ရက်နေ့က ၄င်းတို့ ထိန်းချုပ်နယ်မြေဖြစ်သည့် ဆုံဆည်းမြိုင်မှာ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ကလိုထူးဘော ကရင်အစည်းအရုံး ဥက္ကဌ မန်းရောဘတ်ဇန်၊ ကလိုထူးဘော စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ်နှင့် KKO အစည်းအရုံး အဖွဲ့ဝင်များ၊ တပ်ဗိုလ်တပ်မှူးများ၊ မဟာမိတ် အဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများနှင့် သင်တန်းသူ သင်တန်းသားတို့ တက်ရောက်ခဲ့ကြသည်။

သင်တန်းမှူး ဗိုလ်စောခိုင် (မြန်မာစစ်တပ်နဲ့ တိုက်ပွဲ ပြင်းထန်ချိန်က အဇင်းဒေသမှာ ဒဏ်ရာ အနည်းငယ် ရရှိခဲ့သူ ဖြစ်သည်။)

သင်တန်းသို့ ကလိုထူးဘော တပ်ဖွဲ့ဝင်များအပြင် အခြား ကရင်၊ ပအိုဝ့်၊ ရခိုင်၊ ဗမာ၊ ချင်းစသည့် တိုင်းရင်းသား လူမျိုး ပေါင်းစုံ ၆၀နီးပါးခန့် တက်ရောက် သင်ကြားခဲ့ကာ သင်တန်းမှူး အဖြစ် ကလိုထူးဘော စစ်ဌာနချုပ်မှ ဗိုလ်စောခိုင်မှ တာဝန်ယူခဲ့သည်ဟု သိရသည်။

သင်တန်းအောင်မြင် ပြီးဆုံးသည့် သင်တန်းသူ သင်တန်း သားများကို သင်တန်း ပြီးဆုံးသွားပြီး ဖြစ်သဖြင့် ၄င်းတို့ သက်ဆိုင်ရာ အဖွဲ့အစည်း၊ ကျေးရွာ ဒေသများသို့  ပြန်လည် တာဝန်ထမ်းဆောင် နိုင်တော့မည် ဖြစ်သည်။ 

မြန်မာ အစိုးရနှင့် ကလိုထူးဘော အစည်းအရုံးတို့ အပစ်ရပ်အပြီး ယခုသင်တန်းသည် ပထမဆုံး ဖွင့်လှစ်ခဲ့သည့် သင်တန်း ဖြစ်ပြီး နောင်တွင်လည်း ယခုလို အပတ်စဉ် သင်တန်း ဖွင့်လှစ်သွားရန် ရှိကာ တခြား တပ်မှူးငယ်သင်တန်း၊ နိုင်ငံရေး သင်တန်းနှင့် စစ်သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားရန် ရှိသည်ဟုလည်း စုံစမ်းသိရှိရသည်။

 ဆုံဆည်းမြိုင် ဒေသ၊




သင်တန်းသူ သင်တန်းသားများ
ညပိုင်း သင်တန်းချိန်
သင်တန်းမှူးမှ အမှာစကား ပြောနေစဉ်
သင်တန်းသူ သင်တန်းသားများ

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)