Monday, June 25, 2012

မြို့နယ်အုပ်ချုပ်ရေးမှူးက သတ်မှတ်ပေးလိုက်သော ကရင်တော်လှန်ရေးခေါင်ဆောင် စောဘဦး ၏ ကျောက်တိုင်

ဒီမိုကရင် --၁၈-၆ -၂၀၁၂

ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ယခင် ဦးနု အစိုးရလက်ထက်က ၀န်ကြီးချုပ်ဦးနု ကိုယ်တိုင်စိုက်ထူပေးခဲ့သော အာဇာနည်ကျောက်တိုင်အား (၁၄-၆-၂၀၁၂)ရက်နေ့တွင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ မှ မြို့မိမြို့ဖများ၊ ပြည်သူလူထုအား တွေ့ဆုံပွဲတွင် ကရင်တော်လှန်ရေး ခေါင်းဆောင် ဦးစောဘဦး ၏ အထိမ်းအမှတ် ကျောက်တိုင် ဖြစ်ကြောင်း သတ်မှတ် ပြောကြားလိုက်သည်။

ဝန်ကြီးချုပ် ဦးနု နှင့်အတူ တွေ့ ရသော ကရင်တော်လှန်ရေး ခေါင်းဆောင် ဦးစောဘဦး

၎င်းအာဇာနည်ကျောက်တိုင်သည် နအဖလက်ထက်က ပယကဥက္ကဌ ဗိုလ်မှူးကြီး စောခင်စိုးမှ အာဇာနည် ကျောက်တိုင်ကို ကုန်သည်ကြီးများ ဥက္ကဌ ဖြစ်သူ ဒေါ်သင်းသင်းမြတ် (တရုတ်မ)ထံ ရောင်းစားခဲ့သည်။
ဒေါ်သင်းသင်းမြတ်ဆိုသူသည် အာဇာနည်ကျောက်တိုင်ကို ၀ယ်ယူသည့်အပြင် စည်ပင်သာယာပိုင် ဒုံမေပတီဈေးမြေနေရာနှင့် ဘုရင့်နောင်လမ်းပေါ်ရှိ အများပိုင် ကုန်သွယ်ရေးရုံးတို့ကိုပါ အာဏာပိုင်နှင့်ပေါင်းကာ တရားမ၀င် ၀ယ်ယူထားခဲ့ပါသည်။
ဒေါ်သင်းသင်းမြတ် ဆိုသူသည် ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ပါတီမှ နိယုံး (ကုန်သည်များဥက္ကဌ) နှင့် ပူးပေါင်းကာ မြန်မာအာဏာပိုင်များကို လဘ်ပေးလဘ်ယူ လုပ်ကာ ကြိုးကိုင်ခိုင်းထားသည်။

မကြာသေမီ လပိုင်းခန့်က (၂၄)နာရီလျှပ်စစ်မီးရရှိရေးအတွက် နိယုံး၏ ညီဖြစ်သူ ထိုင်းနိုင်ငံသား တဦးကို ပတ်စ်ပို့ မပါပဲ မြ၀တီမှတဆင့် ဘားအံမြို့ကို ခေါ်ဆောင်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပေးခဲ့သည်။ ပြီးခဲ့သည့် လပိုင်းခန့်က ပဲခူးမြို့အ၀င်တွင် ဂျူတီမဲ့ပစ္စည်း မှန်လုံကား(၄)စီး ကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။

၎င်းမှန်လုံကားများပေါ်တွင် ထိုင်းနိုင်ငံကို ဖြတ်ကာ စင်္ကာပူနိုင်ငံမှ သယ်ဆောင်ခဲ့သော နိုင်ငံခြားအရက်မျိုးစုံကို ဖမ်းဆီးသိမ်းဆည်းခံရသည်။ နိုင်ငံခြားအရက်များ ခိုးသွင်းနေသည်ကို မြ၀တီမြို့ အကောက်ခွန်ဝန်ထမ်းများ သိသော်လည်း မဖမ်းရဲ ဖြစ်ခဲ့ရသည်။ ပြည်နယ်ဝန်ကြီးချုပ်ကို ခါးပိုက်ဆောင်ထဲ ထည့်ထား၍ နိုင်ငံခြား အရက်မျိုးစုံ ပါသော မှန်လုံကား(၄)စီး သံလွင်တံတားကို လွယ်ကူစွာ ကျော်ဖြတ်ကာ ပဲခူးဂိတ် ဈေးညှိမတည့်၍ အဖမ်းခံ လိုက်ရခြင်း ဖြစ်သည်။
ဒေါ်သင်းသင်းမြတ်၏ အဓိက ကုန်သွယ်မှုလုပ်ငန်းသည် နိုင်ငံခြားအရက်မျိုးစုံ ခိုးသွင်းခြင်းဖြစ်၍ နှစ်(၂၀)ကျော် ရင်းနှီးစွား ကုန်သွယ်လုပ်ခဲ့ခြင်း ဖြစ်သည်။

ခိုးသားငါးရာ ၀ိုင်းရံထားသော ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း သည် နိုင်ငံတော်သမ္မတရုံးမှ အာဇာနည်ကျောက်တိုင်အား အများပိုင်မြေအဖြစ်သတ်မှတ် ညွှန်ကြားပေးရန် လမ်းညွှန်ချက်ကို မကျေနပ်၍ တရုတ်မ ဒေါ်သင်းသင်းမြတ်နှင့် ပူးပေါင်းကာ ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦး ၏ ကျောက်တိုင်အဖြစ် သတ်မှတ်ပေးရန်ဟု ခရိုင်အုပ်ချုပ်ရေးမှူးကို ထပ်ဆင့် ညွှန်ကြားသည်ဟု သိရှိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ဘဲဥကို မုန်လာဥ လုပ်သည့်နေရာတွင် အရမ်းကျွမ်းကျင်ခဲ့လို့ ဒုတိုင်းမှူးဘ၀ကနေ ရွေးကောက်ပွဲမ၀င်ပဲ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်ဟု တပ်မတော်အသိုင်းမှ ဝေဖန်မှုများ ပြန့်လွင့်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ယခင်က ၀န်ထမ်းများကို ပါးရိုက်၊ စောင့်ကန်၊ ဆဲဆိုခြင်းများနှင့် ဖိနှိပ်ချုပ်ကိုင်ခဲ့သော်လည်း၊ ယခုအခါ ၄င်း၏ အသံမထွက်ရန် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တဆင့် မိုက်ရိုင်းဆက်ဆံမှုများနှင့် ဖိနှိပ် အုပ်ချုပ် စေခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူးတို့သည် ၄င်းတို့၏ မွေးထားသော မိဘမျက်နှာ မထောက်ပဲ ပြည်နယ်ဝန်ကြီးချုပ်၏ မိုက်ရိုင်းစေသည့် အပြုအမူကို ကျင့်သုံးကာ ပြည်သူများကို ဆက်ဆံကြသည်။ ပြည်သူက ရွေးချယ်ထားသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကိုပင် ခရိုင်အုပ်ချုပ်ရေးမှူးက လူမှုအစည်းအဝေး တစ်ခုတွင် ခင်ဗျားပါးစပ်ပိတ်ထားဟု မိုက်ရိုင်းစွာ ပြောဆိုခဲ့သည်။
မြ၀တီမြို့ ပြည်သူများအနေဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးကို အမြန်ဆုံးပြောင်းစေချင်ကြသည်ဟု သိရှိနေကြသော်လည်း ကရင်ငြိမ်းချမ်းရေးအဖွဲ့များ အနေဖြင့် ကရင်တော်လှန်းရေးခေါင်းဆောင် စောဘဦး ၏ ကျောက်တိုင် သတ်မှတ်ပေးသည့်အတွက် ၀မ်းသာမဆုံး လွန်စွာ ကျေးဇူးတင်နေကြောင်း သိရှိရပါသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ဘဲဥကို မုန်လာဥ လုပ်သည့်နေရာတွင် အရမ်းကျွမ်းကျင်ခဲ့လို့ ဒုတိုင်းမှူးဘ၀ကနေ ရွေးကောက်ပွဲမ၀င်ပဲ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်ဟု တပ်မတော်အသိုင်းမှ ဝေဖန်မှုများ ပြန့်လွင့်ခဲ့သည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ယခင်က ၀န်ထမ်းများကို ပါးရိုက်၊ စောင့်ကန်၊ ဆဲဆိုခြင်းများနှင့် ဖိနှိပ်ချုပ်ကိုင်ခဲ့သော်လည်း၊ ယခုအခါ ၄င်း၏ အသံမထွက်ရန် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တဆင့် မိုက်ရိုင်းဆက်ဆံမှုများနှင့် ဖိနှိပ် အုပ်ချုပ် စေခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူးတို့သည် ၄င်းတို့၏ မွေးထားသော မိဘမျက်နှာ မထောက်ပဲ ပြည်နယ် ၀န်ကြီးချုပ်၏ မိုက်ရိုင်းစေသည့် အပြုအမူကို ကျင့်သုံးကာ ပြည်သူများကို ဆက်ဆံကြသည်။
ပြည်သူက ရွေးချယ်ထားသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကိုပင် ခရိုင်အုပ်ချုပ်ရေးမှူးက လူမှုအစည်းအဝေးတစ်ခုတွင် ခင်ဗျားပါးစပ်ပိတ်ထားဟု မိုက်ရိုင်းစွာ ပြောဆိုခဲ့သည်။

မြ၀တီမြို့ ပြည်သူများအနေဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးကို အမြန်ဆုံးပြောင်းစေချင်ကြသည်ဟု သိရှိနေကြသော်လည်း ကရင်ငြိမ်းချမ်းရေး အဖွဲ့များ အနေဖြင့် ကရင်တော်လှန်းရေးခေါင်းဆောင် စောဘဦး ၏ ကျောက်တိုင် သတ်မှတ်ပေးသည့်အတွက် ၀မ်းသာမဆုံး လွန်စွာ ကျေးဇူးတင်နေကြောင်း သိရှိရပါသည်။

ဒီမိုကရင်
http://www.hittai.net/index.php?show=rm&fileid=166&t=home15&id=12

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)