Sunday, July 29, 2012

အလှဆုံးအပြုံး

တေးရေး- ထက်ခေါင်
တေးဆို- အရှိုင်း

တော်လှန်ရေးအတွက် စေတနာသန့်စွာဖြင့် ပေးဆပ်ခဲ့သော၊ ပေးဆပ်ဆဲ တော်လှန်ရေး ရဲမေ ဆေးဆရာမများအား ဤသီချင်းလေးဖြင့်ဂုဏ်ပြုအပ်ပါသည်။

စာသားကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
အလှဆုံးအပြုံး

လျှိုမြောင်စိမ့်စမ်းအလယ် တောင်ကမ်းပါးယံတွေကြားဝယ်
အလှဆုံးပန်းကလေးတပွင့်ကို တွေ့ဘူးခဲ့
ကြုံဆုံလာခဲ့တယ် ထိုအချိန်ကာလများရယ်
ရင်မှာ သက်ဆုံးထိ စွဲမြဲနေမှာဘဲ

ကျည်ဆံတွေကြားဝယ် တည်ငြိမ်စွာနဲ့ရယ်
ခြေလှမ်းမပျက် အပြုံးပန်းစွက်သူရယ်
ဒဏ်ရာတွေရရင် သူလေသွက်လက်စွာပြုစုမယ်
ရှေ့တန်းအတွက် အားထားရလောက်တယ်

ဆရာမ သူ့ပြုံးလေး လှပဝင့်ထယ် /လှပချိုတယ်
လူနာတွေ ရင်မှာတအားတက်စေတယ်
ဝေဒနာကို မမှုတဲ့ သူ့ရဲ့ပြုံးပန်းနဲ့တကယ်
သူလေကြွမ်းကျင်စွာ ပြုစုပေးလိမ့်မယ်

ဆယ်လီကော့တက်နဲ့ အားဆေးတခွက်တောင်မလိုတယ်
ဒဏ်ရာကိုထီမထင်ကာ ရင်မှာကူးစက်လာတယ်
တော်လှန်ရေးအတွက် ကြိုးပမ်းထမ်းရွက်တဲ့သူရယ်
ကိုယ်လေမင်းကိုတကယ် လေးစားဦးညွတ်တယ်

ခိုင်ကြည်တဲ့စိတ်ဓါတ်မာန်နဲ့ ပြုံးအလှပိုင်ရှင်ရယ်
မင်းစေတနာ တကယ်ဖြူစင်ရှင်းသန့်တယ်
ရန်သူကိုဖမ်းမိလာလည်း ပြုစုရန်မငြင်းပယ်
မင်းနှလုံးသားက တကယ်ဘဲ မြင့်မြတ်တယ်

အမျိုးသားရေးလွတ်မြောက်ရန်အတွက် အားထုတ်စွမ်းဆောင်မယ်
တော်လှန်ရေးလမ်း ဒီခရီးကြမ်းထဲ
မညည်းစတမ်းဘဲ တထမ်းတရွက်ပါလို့ အားကိုးထိုက်သူရယ်
ဒို့ရင်မှာ တကယ်ကျေးဇူးတင်တယ်

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)