Tuesday, July 3, 2012

SSPP နှင့် အစိုးရ တပ်တို့ ထပ်မံ တိုက်ပွဲဖြစ်

Monday, 02 July 2012 
SP_01ရှမ်းပြည် အလယ်ပိုင်း မိုင်းရှုးမြို့နယ် ဒေသ၌ လှုပ်ရှားနေသည့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSA) မြောက်ပိုင်း တပ်ဖွဲ့နှင့် အစိုးရ ခြေလျှင်တပ်ရင်း (၄) ရင်း တို့သည် ယမာန်နေ့ နံနက် (၈) နာရီမှ ည (၁၁) နာရီအထိ လက်နက်ကြီး များနှင့် အပြန် အလှန် ဖြစ်ခဲ့သည်ဟု SSA မြောက်ပိုင်း၏ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းဆေးအွန်က ပြောပါသည်။
“မိုင်းရှုးမြို့နယ် မိန်းအွတ် ကျေးရွာ အုပ်စုဘက်မှာ လက်နက်ကြီးတွေ နဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်တယ်။ တိုက်ပွဲက တော့ ဇွန်လ (၃၀) ရက်နေ့ ကတည်းက စပြီး တိုက်ပွဲဖြစ်လာခဲ့တာပါ။  မနေ့ ကတော့ အပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။ မန္တလေးမှာ တိုက်ပွဲပြသနာကို ရှင်းလို့တောင် မကြာသေးဘူး တိုက်ပွဲက ဆက်ဖြစ်နေတာပါဘဲ ဟု ဆိုပါသည်။
SSA မြောက်ပိုင်း တပ်ဖွဲ့ကို တိုက်ခိုက်သည့် အစိုးရ တပ်ရင်းများသည် အမှတ် (၂)  စစ်ဆင်းရေး ကွပ်ကဲမှု ဌာနချုပ် လက် အောက်ခံ အမှတ် (၂) စစ်ဗျူဟာ ဗျူဟာမှုး ဗိုက်မှုးကြီး ဝင်းညွန့်က ဦးစီးပြီး ခြေလျှင် တပ်ရင်း ခလရ ၅၁၆၊ ၅၁၇၊ ၁၄၉ နှင့် ၁၅၀ တပ်ရင်းတို့ ဖြစ်သည်။ နှစ်ဖက်စလုံး၌ ထိခိုက် ကျဆုံးမှု စာရင်း အတိအကျ မသိရသေး သော်လည်း ဒါဏ်ရာ ရသူများ ရှိကြောင်း ရှေ့တန်းရောက် SSA အရာရှိ တစ်ဦးက ပြောသည်။

SSA မြောက်ပိုင်း တပ်ဖွဲ့ သည် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိ ယ ဥက္ကဌ (၃) ဦးသိန်းဇော် နှင့် မန္တလေးမြို့၌ တစ်နာရီကျော်ကြာတွေ့ဆုံ ဆွေးနွေးခဲ့ပြီး သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် နှစ် ဖက် တပ်ဖွဲ့များ တိုက်ပွဲ ရပ်ဆိုင်းရန်နှင့် မိမိတို့ တပ်စွဲထားသော နေရာမှ ဆုတ်ခွာပေးရန် သဘောတူ ခဲ့ကြသည်။
ထို့အပြင် နောက်ထပ် တိုက်ပွဲများ မဖြစ်ပွားရန် SSA မြောက်ပိုင်း တပ်ဖွဲ့ကို လွိုင်ဖာဖိန့် အခြေစိုက် စခန်းမှ ဆုတ်ခွါပေးရန် အစိုးရဘက်မှ တောင်းဆိုမှု အပေါ် SSA မှ လက်ခံပြီး တပ်ဆုတ်ပေးခဲ့သည်ဟု ဗိုလ်မှူး စိုင်းလက ဆိုပါသည်။  
SP_02                                                             (ဓါတ်ပုံ - sspp/ssa)
ဤပြသနာများကို ကူညီဖြေရှင်းပေးပါရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ခွန်ထွန်းဦးက  ပြီးခဲ့သည့် ဇွန် လ (၂၁) ရက်နေ့၌ သမ္မတ ဦးသိန်းစိန်ထံ စာရေးပေးပို့ခဲ့ပါသည်။
“ခွန်ထွန်းဦးက သမ္မတဆီ မေတ္တာရပ်ခံတဲ့ စာဖြစ်တယ်။ နှစ်ဘက် ပစ်ခတ်မှု မဖြစ်ဖို့ရယ်။ ကျနော်တို့ ထာဝရ ငြိမ်းချမ်းရေးထံ ချီတက်နေတဲ့ အချိန်မှာ နိုင်ငံရေး ပါတီတွေကော၊ ကျနော်တို့ လက်နက်ကိုင် အဖွဲ့တွေကော ဝိုင်းဝန်း လှုံ့ဆော်ကြမယ် ဆိုရင် အောင်မြင်မယ်လို့တော့ မျှော်လင့် တယ်လေ။” ဟု SSA မှ ဗိုလ်မှုး စိုင်းလ ကပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် SSPP ဇန္နဝါရီလ (၂၈) ရက်နေ့ ပဏာမ အဆင့် အပစ်ရပ် သဘော တူညီမှု ရရှိပြီး (၅) ရက်အတွင်း SSPP/SSA နယ်မြေနှင့် ကပ်လျှက် ရှိသည့် အစိုးရ တပ်ဖွဲ့မှ ရှေ့တန်း တပ်များ အားလုံးကို ရုတ်သိမ်း ပေးပါမည်ဟု ဂတိပေးထားသော်လည်း ယနေ့တိုင် မရုတ်သိမ်းသည့် အပြင် ထိုးစစ်ဆင် တိုက်ခိုက် မှုပါဖြစ်လာ ခဲ့ပါသည်။

Source: http://www.phophtaw.org/burmese/index.php/news/local-news/1810-sspp-.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)