Tuesday, August 14, 2012

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမူ တိုင်းရင်းသားများ လက်မခံ

Monday, 13 August 2012 
HT_LLLLLLLLLOအစိုးရ၏ တိုင်းရင်းသားများအပေါ် ထားရှိခဲ့သည့် လက်ရှိ သဘောထားသည် မူဟောင်းများဖြစ်၍ ဆက်လက် ဖိအားပေးနေ ပါက ရရှိထားသည့် ငြိမ်းချမ်းရေးများသည် ပျက်ပြားသွားနိုင်ဖွယ် အနေအထားရှိကြောင်း ညီညွတ်သော တိုင်းရင်သား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာမှ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့ပါ သည်။

“အစိုးရရဲ့ တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ မူ(၈) ချက်ဟာ ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိဘူး၊ တရား နည်းလမ်း မကျ ဘူး၊ မျှတမှု မရှိဘူး၊ သူတို့ အတွက် အသာစီး ယူထားပြီးတော့ ကျွှန်တော်တို့ တိုင်းရင်းသားတွေ သူတို့ ကြားကို ဝင်ရောက် စေတဲ့ နည်းဟာ တိုင်းရင်းသား အခွင့်အရေးတွေ ဘယ်လိုမှ ရနိုင်မှာ မဟုတ်ပါဘူး၊ ဒီမူတွေဟာ မူဟောင်းပါ။ သူတို့က ဒီမူနဲ့ ဘဲ ဆက် လက်တွန်းအားပေးလာမယ် ဆိုရင် ငြိမ်းချမ်းရေးဟာ ရှေ့ဆက်သွားဖို့ မဖြစ်နိုင်တဲ့ အနေအထားပါ” ဟု နိုင်ဟံသာမှ ပြောပါသည်။
သြဂုတ်လ ၁၂ ရက်နေ့၌ သမ္မတ အိမ်တော် သဘင်ဆောင်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ လုပ်ငန်း ကော်မီတီ၏ ၁/၂၀၁၂ အစည်းအဝေး၌ ၄င်းတို့ ချမှတ်ထားသော တိုင်းရင်းသား အပစ်ရပ်အဖွဲ့များလိုက်နာ ရမည့်မူ (၈) ချက်သည် ယခင် စစ်အစိုးရလက်ထက်က ကျင့်သုံးခဲ့သော မူဟောင်းများသာ ဖြစ်သည်ဟု UNFC မှ ရှူ့မြင်ပါ သည်။ ယင်းမူ များသည် မြန်မာနိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ထုတ်ပြန် ကြေငြာထားပါသည်။
“ဒါကလည်း သူတို့ အမြင် သူတို့ ရပ်တည်ချက်ကို ထုတ်ပြတာပါ၊ ဒါကလည်း တရားသေ ဖြစ်ရမယ့် အရာမဟုတ်ပါဘူး၊ ကျွှန်တော်တို့ တိုင်းရင်းသားတွေ ဘက်ကလည်း တရားသေ အနေအထား မဟုတ်ပါဘူး၊ နှစ်ဖက် ညှိနှိုင်း လုပ်ဆောင် သွားဖို့ သင့်ပါတယ်၊ ပြည်သူ လူထု တွေရဲ့ သဘောထား တွေကိုလည်း အခြေခံ ရမယ်၊ ကျွှန်တော်တို့ တိုင်းရင်းသားတွေ အားလုံး ကလည်း ဒီလိုပဲ မြင်ပါတယ်၊ ဒီထက် ဆိုးလာရင်တော့ အပစ်အခတ် ရပ်စဲရေး ဆိုတာ ပျက်ပြား နိုင်တဲ့ အနေအ ထားပဲ ရှိပါတယ်” ဟု နိုင်ဟံသာမှ ပြောပါသည်။
r31POOKPPပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှု လုပ်ငန်းကော်မီတီ
အဆိုပါ အစည်းအဝေးတွင် ဒု-သမ္မတ စိုင်းမောက်ခမ်းက “ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ရေးမှာ နှစ်ဦး နှစ်ဖက် တွေ့ဆုံ လက်မှတ် ရေးထိုးပြီးရုံမျှဖြင့် ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင်၊ ထိလွယ်ရှလွယ်သော အခြေအနေ ဖြစ်၍ အခန့်မသင့်ပါက အချိန်မရွေး နောက်ဆုတ် ပျက်စီးသွားနိုင်ကြောင်း” ထည့်သွင်း ပြောဆိုခဲ့ပြီး ဖြစ်ပါသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မီတီကို ၃/၅/၂၀၁၂ ရက်နေ့က နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် ၁၁/၂၀၁၂ ဖြင့် ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မီတီ (၁၁) ဦး ပါရှိ ပါသည်။ ထို့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မီတီ ကိုလည်း သမ္မတရုံး အမိန့်အမှတ် ၁၂/၂၀၁၂ ဖြင့် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်ပေါင်း (၅၂) ဦးရှိပါသည်။ တိုင်းရင်းသား အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုမူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းမှ တာဝန်ယူ တွေ့ဆုံလျက် ရှိပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)