Saturday, August 18, 2012

KKO/DKBA ဦးဆောင်ပြုလုပ်သည့် ကျိုက်ဒုံမြို့နယ် ကရင့်အာဇာနည်နေ့သို့ လူထု ၂၀၀၀ကျော် တက်ရောက်

 


လွန်ခဲ့တဲ့ သြဂုတ်လ ၁၂ရက်နေ့က ကျရောက်တဲ့ (၆၂) နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ် အတွင်းမှာ DKBA/KKOတို့က ဦးဆောင် ကျင်းပခဲ့ပြီး ဒေသခံ ကရင်တိုင်းရင်းသား (၂၀၀၀) ကျော် တက်ရောက်တယ်လို့ သိရပါတယ်။
ကျိုက်ဒုံမြို့နယ် ပူရေကျေးရွာ မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ နယ်မြေဟာ ဒီကေဘီအေ ၉၀၂တပ်ရင်း အခြေစိုက်ရာ နေရာလည်း ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားသို့ KKO တွဲဖက်အတွင်းရေးမှူး စောဂုဏ်အောင်၊ DKBAတပ်မှူး ဗိုလ်မှူးကြီး စောစန်းအောင်နှင့် နယ်မြေခံ DKBAတပ်ဖွဲ့ဝင်များ၊ မဟာမိတ် အဖွဲ့များနှင့် ဒေသခံ ကရင်လူထုတွေ တက်ရောက်ခဲ့ပါတယ်။

 ဒါ့အပြင် ဌာနချုပ် ကော်သူးမွဲခီးတွင်လည်း KKO ဥက္ကဌ မန်းရောဘတ်ဇန်နှင့် DKBAစစ်ဦးစီးချုပ် ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဗဟိုခေါင်းဆောင်တွေက ၆၂နှစ်ပြည့် အာဇာနည်နေ့အခမ်းအနားကို တရက်တည်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 ယခင် ဒီကေဘီအေ အဖြစ် မိခင်ကေအဲန်ယူ ကနေ ခွဲထွက်ခဲ့ပြီး နောက်ပိုင်း နှစ်ပေါင်း (၁၈) နှစ်ကျော်ကြာ တရားဝင် မကျင်းပနိုင်ခဲ့တဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနား ယခု ပြန်လည် ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။  (အဲခေါင်သောင့်)
ကျိုက်ဒုံမြို့နယ်က ကရင့်အာဇာနည်နေ့ ဓါတ်ပုံ- ဓါတ်ပုံ-နေ့သစ်။





No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)