Sunday, September 9, 2012

တိုင်းရင်းသား ရေးရာ ၀န်ကြီး များနှင့် သမ္မတ တို့၏ အရေး မပါသော တွေ့ဆုံပွဲ

Saturday, 08 September 2012 

Ethnic_02ယမန်နေ့ ညနေပိုင်းက တွေ့ဆုံသော သမ္မတ၏ တိုင်းရင်းသား ရေးရာ တွေ့ဆုံပွဲသည် အစိုးရက ချမှတ် ထားသော မူဝါဒ များကို တိုင်းရင်းသား ရေးရာ ၀န်ကြီးများအား အသိပေးသည့် တွေ့ဆုံပွဲ မျှသာ ဖြစ်သည်ဟု အစည်း အဝေးကို တက်ရောက် ခဲ့သည့် တိုင်းရင်းသား ရေးရာ ၀န်ကြီး တဦးက ပြောပါသည်။
“ ဒီပွဲက သမ္မတရဲ့ မိန့်ခွန်းကြားနာ ပွဲပါဘဲ။ တပြည်ထောင် အတွေးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ မူတွေကို ၀ိုင်းပြီး အကောင်အထည် ဖေါ်ကြဖို့ ပြောပြတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပြီးတော့ ရေးရာ ၀န်ကြီးတွေကို ဘာခံစားခွင့် ပေးမယ် ဆိုတဲ့ ကြွားလုံးတွေလည်း ပါသေးတယ်။ ကျနော်တို့ ကြားချင်နေတာက တိုင်းရင်းသား အခွင့်အရေးတွေကို ဘယ်လို မြုင့်ပေးမလဲ ဆိုတာကို ကြားချင်နေတာ။ ဘယ်လို လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်တွေ ရမလဲပေါ့။ ဘယ်ဟုတ်မလဲ ဒုတိယသမ္မတရဲ့ နှစ်ချို့နေတဲ့ အခွင့်အရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဆက်လက်န နှိမ်နှင်းမယ် ဆိုတဲ့ သမ္မတရဲ့ သဘောထား မျိုးတွေဘဲ ကြားနေရတယ်လေ။ အဓိပ္ပါယ်ကို မရှိဘူး ဒီဆွေးနွေးပွဲက” ဟု ဆိုပါသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် ပါတ်သက်ပြီး သမ္မတသည် ပြည်နယ် အဆင့်ဖြင့် အပစ်အခတ် ရပ်စဲရေး၊ ပြည်ထောင်စု အဆင့်ဖြင့် နိုင်ငံရေး ဆွေးနွေးရေးနှင့် တတိယ အဆင့်ဖြင့် လွှတ်တော်တွင်းသို့ ၀င်ရောက်ရေးကိုသာ မှာကြားခဲ့ခြင်း ဖြစ်ပါသည်။ KIO/KIA နှင့်သာ အပစ်အခတ် ရပ်စဲပါက ပြည်တွင်းငြိမ်းချမ်းရေး ကိုရရှိသွားပြီး ဖြစ်သည်ဟု ဆိုပါသည်။ ဒုတိယ သမ္မတသည်လည်း တိုင်းရင်းသား စာပေသင်ကြားရေးတွင် လက်ခံနိုင်ဖွယ် မရှိသော သဘောထား ဟောင်းကို အသစ် ထပ်မံ ဖွင့်ပြနေဆဲ ဖြစ်သည်ဟု ဆိုပါသည်။
http://www.president-office.gov.mm/briefing-room/news/2012/09/07/id-1320
၂၀၀၈ အခြေခံဥပဒေကို လက်မခံကြသော လက်နက်ကိုင် တိုင်းရင်းသားများသည် သမ္မတက လွှတ်တော်ဝင်ရေးကိုသာ သဘောထားနေသဖြင့် မ၀င်ပါက ချေမှုန်းခံရမည့် သဘောကို တိုင်းရင်းသား ရေးရာ ၀န်ကြီးများအား ထပ်မံအတည်ပြုပြော ဆိုနေခြင်းသာ ဖြစ်သည်ဟု တွေ့ဆုံပွဲကို တက်ရောက်ခဲ့သော ရေးရာဝန်ကြီးတဦးက ဆိုပါသည်။
တိုင်းရင်းသား စာပေပြသနာသည် တိုင်းရင်းသားအလိုက် သူ့တာဝန် သူယူကြမည် ဖြစ်သည်၊ တရားဝင် သင်ကြားခွင့် အခွင့်အရေးကိုသာ တောင်းဆိုနေကြခြင်း ဖြစ်ပါသည်။ ကရင်ပြည်နယ်တွင် ကရင်စာကို တရားဝင်သင်ကြားခွင့် မပေးသင့်ဘူးလား ဆိုသည့် အခွင့်အရေးကို တောင်းဆိုနေခြင်း ဖြစ်သလို ကရင်ပြည်နယ်တွင် ကရင်စာကို ရုံးသုံးဘာသာအဖြစ် ပူးတွဲ မသတ် မှတ်သင့်ဘူးလား ဟူသည့် အခွင့်အရေးမျိုး ကိုသာ တိုင်းရင်းသား များက ကြားချင် နေကြခြင်း ဖြစ်သည်ဟု ဆိုပါသည်။
Pressident__Ethenic_meeting_02
“ သမ္မတကို ပြောချင်တာက မဆလ ခေတ်မှာလည်း၊ ဒီစကားဘဲ၊ န၀တ၊ နအဖ နဲ့ အခုနိုင်ငံကို ပြုပြင်ပြောင်းလဲပါ့မယ် ဆိုတဲ့ ဦးသိန်းစိန် အစိုးရသစ် ကလည်း ဒီစကားပါဘဲ ဆိုတာ သမ္မတကို ရိပ်မိစေချင်တယ်။ သိတယ်ဆိုလျှင်တော့ KIO မမှားဘူး ဆိုတာလည်း သူ့ကို သိစေချင်ပါတယ်။ ဟံသာဝတီ ဦးဝင်းတင် ပြောသလိုဘဲ တိုင်းရင်းသာတွေနဲ့ ဖြစ်တဲ့ ပြသနာတိုင်းဟာ ဗမာ အစိုးရ ဖက်ကသာ အလွန်တွေ ချည်းဘဲ ဆိုတာ ဗိုလ်ချုပ် အောင်ဆန်းက ပြောခဲ့ဘူးတယ်လို့ ဆိုပါတယ်။ အခုလည်း အဲဒီလိုဘဲ ဖြစ်နေတယ်။ ဒီတော့ ဒီနည်းတွေ မပြောင်းဘူးဆိုရင် မြန်မာနိုင်ငံဟာ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး” ဟု ရှမ်းပြည်ရေးရာ ၀န်ကြီး တဦးက ဆိုပါသည်။
သမ္မတသည် ဤတွေ့ဆုံ ပွဲမျိုးကို တနှစ် နှစ်ကြိမ် တွေ့ဆုံနိုင်ရန် ကြိုးစားမည့် အကြောင်း၊ အစိုးရ၏ ရည်မှန်းချက်များ အောင်မြင်အောင် တိုင်းရင်းသား လူမျိုးရေးရာ ၀န်းကြီးများကလည်း မိမိတို့ လူမျိုးစု များနှင့် အတူ ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း သွားပါသည်။
ယင်းအခမ်း အနားသို့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ပြည်ထဲရေး ၀န်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ နယ်စပ် ရေးရာ ၀န်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ သမ္မတ ရုံးဝန် ကြီးများ၊ ဒုတိယ ၀န်ကြီး ဦးသန့်ရှင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရေးရာ တိုင်းရင်းသား ၀န်ကြီးများ တက်ရောက် ကြပါသည်။ အနှစ်သာရ အားဖြင့် ဤတွေ့ဆုံပွဲသည် တိုင်းရင်းသား အရေးအတွက် မည်သည့် အကျိုးမှ ရှိလိမ့်မည် မဟုတ်ဟု တိုင်းရင်းသား ရေးရ ၀န်ကြီးများက မှတ်ချက်ပြုကြောင်း သိရပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)