Wednesday, September 12, 2012

KKO ဥက္ကဋ္ဌနှင့် ထွေ/တွင်းကို တာဝန်မှ ယာယီရပ်ဆိုင်း

ဟင်္သာနီ (မွန်မြေ) | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ် 

စံခလပူရီ (မဇ္ဈိမ) ။    ။ တရားဝင် နိုင်ငံရေး ပါတီ တခုအဖြစ် ထူထောင်ရန်ရှိသည့် ကလို့ထူးဘော ကရင်အစည်းအရုံး (KKO) ၏ ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးတို့အား တာဝန်မှ ယာယီရပ်စဲထားလိုက်ကြောင်း KKO ၏ နာယက ဗိုလ်ချုပ်စောလားပွယ် က စက်တင်္ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။
ဥက္ကဋ္ဌ မန်းရောဘတ် ဘဇန်နှင့် အထွေထွေ အတွင်းရေးမှူး ဦးသောမတ် (ခ) ဦးဂုဏ်အောင် တို့မှာ ပြည်ပနိုင်ငံသားများအဖြစ် ခံယူထားကြဆဲဖြစ်နေ၍ တရားဝင်ပါတီ တည်ထောင်ရာတွင် အခက်အခဲ ဖြစ်နေခြင်းနှင့် အခြား ပါတီတွင်းစည်းကမ်းများအရ ယခုကဲ့သို့ အရေးယူရခြင်းဖြစ်ကြောင်း တာဝန်ရှိပုဂ္ဂိုလ်တဦးက မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ KKO ကို တရားဝင် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ဖို့ ရှိပါတယ်။ အဲဒီမှာလည်း အခက်အခဲ ရှိတယ်။ သူတို့နှစ်ဦးက တဖက် နိုင်ငံသားအဖြစ် ခံယူထားတယ်လေ။ နောက်တချက်က ချင်းမိုင်မှာ အစည်းဝေး သွားတက်တာ။ ကျနော်တို့ စစ်ဦးချုပ် ကိုယ်တိုင် သဘောထား ရှိတာက တဖက်နိုင်ငံမှာ လုပ်တဲ့ အစည်းအဝေးတွေကို မတက်စေချင်ဘူးလေ။ အဲဒါကို သူတို့က ချိုးဖောက်တာ ဖြစ်လို့ တာဝန်ကနေ ယာယီ ရပ်ဆိုင်းလိုက်တာပါ” ဟု ဒီမိုကရစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBA ဒု-စစ်ဦးစီးချုပ် စောမိုးရှေး က ဆိုသည်။

DKBA စစ်ဦးစီးချုပ်၏ ကြေညာချက်တွင် စက်တင်္ဘာ ၈ ရက်နေ့က ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးတို့ ဦးစီးကျင်းပခဲ့သည့် ဆုံဆည်းမြိုင်ကျေးရွာ ရပ်ကျေး လူထုရွေးကောက်ပွဲတခု၌ ခိုက်ရန်ဖြစ်ပွားမှုနှင့် သေနတ်ပစ်ဖောက်မှု ဖြစ်ခဲ့ရခြင်း၊ စက်တင်္ဘာလ ၁၀ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပသည့် အစည်းအဝေးတခုသို့ ထိုခေါင်းဆောင်နှစ်ဦး မိမိတို့သဘောအလျောက် ထွက်ခွါသွားကြခြင်းတို့လည်း ဖော်ပြပါရှိသည်။

ထိုလုပ်ရပ်များသည် KKO မှ ချမှတ်ထားသည့် မူဘောင်များကို ကျော်လွန်၍ လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် ဆက်လက် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ကိစ္စရပ်များအား ဆက်လက် တာဝန်မခံနိုင်တော့ကြောင်းနှင့် အဖွဲ့အစည်း ရှေ့ဆက် သွားရန် အခက်အခဲ ဖြစ်နေခြင်းကြောင့် ယခုကဲ့သို့ တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ထိုကြေညာချက်ပါ အကြောင်းကိစ္စများနှင့်ပတ်သက်၍ KKO ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးတို့အား
မေးမြန်းစုံစမ်းရန် မဇ္ဈိမက ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ဘဲ အစည်းအဝေး တက်ရောက်နေသည်ဟုသာသတင်းရရှိခဲ့ပြီးထိုကြေညာချက်ပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြန်လ
ည်စောဒက တက်လာဖွယ်ရှိ
ကြောင်း စောမိုးရှေးက ပြောသည်။

KKO ၏ ဖွဲ့စည်းပုံများကိုလည်း ယခုလာမည့် ပွင့်လင်းရာသီ၌ ပြုလုပ်မည့် ပုံမှန် အစည်း အဝေး၌ ပြန်လည်
ပြင်ဆင်မည် ဖြစ်ပြီး လစ်လပ်နေရာများ ပြန်လည် ရွေးချယ် တင်မြှောက်ခြင်းနှင့် ပါတီ မှတ်ပုံတင်ရေး ကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေး ကြမည်ဟု စောမိုးရှေးက ပြောသည်။

တာဝန်မှ ယာယီ ရပ်စဲ လိုက်သည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့လည်း ပုံမှန် အစည်းအဝေး၌ တက်ရောက်ပြီး
ပြန်လည် ရွေးချယ်ခံ ပိုင်ခွင့် ရှိသည်ဟု ဆိုသည်။

Klohhtoobor Karen Organization (KKO) အဖြစ်သို့ ဧပြီလ ၄ ရက်နေ့တွင် ကရင်ပြည်နယ် မြဝတီမြို့နယ် ဆုံဆည်းမြိုင် ရွာထိပ်ရှိ ကော့သူ မွဲခီး စခန်း၌ ကျင်းပသော DKBA တပ်မှူးများအစည်းအဝေး မှ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

Source: http://www.mizzimaburmese.com/news/inside-burma/10088-kko----.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)