အောင်ထူး (ရှေ့နေ)
အောက်တိုဘာလ (၁၃)
ရက် ၂၀၁၂ ခုနှစ်
ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေေ သး (U Win Tin)
ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေး
ဟံသာဝတီ ဦးဝင်းတင်၊ အောက်တိုဘာ ၁၃၊ ၂၀၁၂
( Myanmar Independence Journal )
ဒီရက်ပိုင်းအတွင်း မြန်မာ အင်ဒီ
ကိုအောင်ထွန်းကို စစ်အာဏာရှင် အ စိုးရက တစ်ချိန်က ဖမ်းဆီးခဲ့တယ် ။ ချုပ်နှောင်ခဲ့တယ်။ ပြီးတော့ ထုံးစံ အတိုင်းပေါ့။ ညှဉ်းပန်း ခဲ့တယ်။နှိပ်စက်ခဲ့တယ်။ အားလုံး ပြီးတော့ ဆိုပါစို့ ။ ထုံးစံအတိုင်း သံတိုင်နောက်က ထောင်ငရဲခန်းထဲ သွင်းလိုက်တယ်။ ထုံးစံအတို င်း ထောင်ထဲမှာနှစ်ပရိစ္ဆေဒတွေ အကြာကြီး ပိတ်လိုက်တယ်။ထုံးစံ အတိုင်း သူ့ကို လူ့ငရဲခန်းထဲပိ တ်ထားခိုက် စစ်ထောက်လှမ်းရေး ယမ မင်းတို့လုပ်ကြံမှုတွေစိတ်ကြိုက် လုပ်ကြတယ်။
ဒီလို မတရား ချုပ်နှောင်မှုတွေ၊ ညှဉ်းပန်းမှုတွေ ၊ ငရဲခန်း သွင်း ပိတ်မှုတွေ ထောင်တွင်း လုပ်ကြံမှု တွေ၊ လွတ်ချိန်သင့်လို့လွတ်ခွင့်ကြုံလာရင်တောင် အကျဉ်းသားရဲ့လူ့ သိက္ခာ၊ နိုင်ငံရေး သိက္ခာ၊ ယြုံ ကည် ချက် သိက္ခာကို ဖဲ့ခြွေချိုး ဖျက်တဲ့ ခံဝန်ချက် အမျိုးမျိုး ကိုလက်မှတ်ထိုး ခိုင်းတာတွေ၊ အဲ ဒါတွေ အားလုံးအတွက် စစ်အာဏာရှင် ပါးကွက်သားတွေ ငါတို့ (နိုင်ငံ ရေး အကျဉ်းသားတွေ)ကိုဝန်ချတောင်းပန်ရမယ်။ ငါတို့ အဖွဲ့အစည်းတွေ ကို ဝန်ချ တောင်းပန်ရမယ်။ ငါတို့  ဘက်က ရပ်တည်ခဲ့တဲ့ ပြည်သူလူထု တွေကို ဝန်ချတောင်းပန်ရမယ်တဲ့။
မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်မှာ လွှင့်လိုက်တဲ့ ကိုအောင်ထွန်းရဲ့ အသံက ကြေညာချက်ပုံစံနဲ့ ထွက်လာ တယ်။ သူ့အသံကစစ်အာဏာရှင်ဟောင်ြး ကီး ချုပ်နှစ်ချုပ်ကို နာမည်နှ င့်တကွ လူကောင်ဆွဲထုတ် စွပ်စွဲ တာ ဖြစ်တယ်။ သူ့အသံ ကပြည်သူလူထု ကြီးတစ်ရပ်လုံးကို သိကြားစေ သက် သေညွှန်းတဲ့ ပုံစံမျိုးနဲ့ ဖွင့် ချတာ ဖြစ်တယ်။
အဲသလို နိုင်ငံရေး အကျဉ်းသားဟော င်း အကျော်ဇေယျတစ်ဦးရဲ့ အသံကို ကျွန်တော် ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။
ထပ်ဆင့် သဘောတူတယ်။
ထပ်ဆင့် ထောက်ခံတယ်။
ထပ်ဆင့် ဆန္ဒပေးတယ်။
ဒီလိုပဲ လိုရင်းကိုတိုတိုရှင်း ရှင်း ပြောစရာရှိတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ကိုအောင်ထွန်း လိုပဲ လူ့ငရဲကို ဖြတ်သန်း ခဲ့သူ ။ ဒီတော့နောက်ထပ် ထပ်ဆင့်ပြော စရာတွေ ရှိတယ်။ နည်းနည်းပြောပါ ရစေ။
ထပ်ဆင့် ထောက်ခံတယ်။
ထပ်ဆင့် ဆန္ဒပေးတယ်။
ဒီလိုပဲ လိုရင်းကိုတိုတိုရှင်း
အားနာလို့ နည်းနည်းပြောပါရစေ ခွ င့်တောင်းတာ။ ပြောစရာတွေ ကတော့ အများကြီး။
၁၉၈၉ ဇူလိုင် ၃ ရက်မှာ ကျွန်တော်ထောင်ထဲ ရောက်တယ်။ အဲဒီနှစ် စက် တင်ဘာ ၃ဝ ရက်မှာ ထောင်ဒဏ်အပြစ် ပေးခံရတယ်။ ၃လလောက် အကြား ကာ လမှာ ကျွန်တော်ဟာ အချုပ်သား။ြ ပစ်ဒဏ်ကျခံရတဲ့ ထောင်သား မဟုတ်ေ သးဘူး။ အပြစ် တစ်စုံ တစ်ရာ ရှိ တယ်လို့သတ်မှတ်ခြင်း ခံရတဲ့သူ မ ဟုတ်သေးဘူး။
ဒါပေမယ့် ကျွန်တော်ညှဉ်းပန်းမှုေ တွ ခံရတယ်။ နှိပ်စက်မှုတွေ ခံ ရတယ်။ အများကြီး ခံရတယ်။ ကြိမ် ဖန်များစွာ ခံရတယ်။ ညမအိပ် နေ့ မနားရက်ပေါင်းများစွာ ခံရတယ်။ ညှဉ်းပန်းသမျှကို ဝမ်းဟင်းလင်းနဲ့  လည်စင်းခံရတယ်။
ဒါက အချုပ်သားဘဝ(အပြစ်မဲ့ ဘဝ)နဲ့  ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာ။
ဒါက အချုပ်သားဘဝ(အပြစ်မဲ့ ဘဝ)နဲ
ထောင်သားဘဝ (အပြစ်ကျဘဝ) ရောက်ေ တာ့ကော။ မေးနေစရာ မလိုပါဘူး။ ပို လို့သာ ဆိုးလာတော့တာပေါ့။ စစ်ေ ထာက်လှမ်းရေးကထောင်ထဲ မှာပဲ တပ် စွဲနေတာကိုး။ လာချင်ရင် အနီးလေး ဖြစ်နေတော့တာပေါ့။ အပြင်နိုင် ငံရေးက ချွတ်ချွတ်ပျက်ပျက် ဖြစ် နေတယ်။ ဒီတော့ထောင်ထဲမှာ ကျွန်တော်တို့ ဖွတ်ဖွတ်ညက်ညက်ကြေနေကြရတော့တာပေါ့။ စစ်ခွေးတိုက်
သွ င်းခံရလိုခံရ။ ရဲဘက် စခန်း သွင်းခံရလိုခံရ။စစ်ထောက်လှမ်းရေး က ကျောချင်တိုင်း ကျောတဲ့ စစ်ကြော ရေး ရုံး သွင်းခံရလိုခံရ။ ကျန်ေ ကာင်း ကျန်ရာ လူ့သိက္ခာ ဗလာကျင်း အောင်ဖဲ့ခြွေချွတ်ခွာ ခံရလိုခံ ရ။ ဖဲ့တာ ခြွေတာ ခံရတာတွေထဲမှာ အ ဆိုးဆုံးက ကျွန်တော့်ပါးစပ်ထဲက မွေးရာပါသွားတွေ ချောင်ခြွေ ချိုး ချွတ်ခံရတာပဲ။ စစ်ထောက်လှမ်းေ ရး လက်ချက်နဲ့ ကျွန်တော့်သွားေ တွ အကုန်ကြွေကုန်တယ်။
သွ
၁၉၉၁ ကနေ ၁၉၉၈ အထိ သွား ဝတ်လစ် စားလစ် ပါးစပ်နဲ့ ထောင်ထမင်ြး ကမ်း ဟပ်နေခဲ့ရတယ်။ ၇ နှစ်အကြာ ၁၉၉၈ ရောက်မှသွားတုတပ်ခွင့် ပေး တယ်။
ပိုဆိုးတာ နောက်တစ်ခု ရှိသေးတယ် ။
၁၉၉ဝ ဇန်နဝါရီမှာ ကျွန်တော် အူ ကျရောဂါ ရတယ်။ အိပ်ရာထဲ ဗုန်းဗု န်း လဲတဲ့အဖြစ် ဆိုက်တယ်။ အာဏာ ပိုင်တွေက ဘာကုသမှုမှမလုပ်ပေးဘူး ။ ပြောမရ ဆိုမရဘဲ။ ၅ နှစ်တိတိြ ကာ တယ်။ နောက်ဆုံး အူတွေခေါက်ေ သမလောက် ဖြစ်မှ ဆေးရုံပို့တယ်။ ရန်ကုန်ဆေးရုံကြီးခွဲစိတ်ခန်းထဲ ကို တိုက်ရိုက်ပို့ရတယ်။ ခွဲစိ တ်ရတယ်။ လူတော့ မသေဘူး။ မွေးရာ ပါ တစ်ရှဉ်းတော့ “နတ်သင်း” ဖြစ် ရတယ်။
အဆိုးတကာ့ ထိပ်ခေါင် လူ့ငရဲ မီး လောင်ခံရတဲ့ အဖြစ်က ဒီလို။
၂ဝဝ၅ ဇူလိုင် ၆ ရက် မနက်မှာ ကျွ န်တော့်ကို လွှတ်ပေးမယ်လို့ လြာေ ပာ တယ်။ ထောင်မှူးက ခေါ်ထုတ်တယ်။ လွှတ်မယ့် အကျဉ်းသား ၁ဝဝကျော်နဲ့ ဆုံရတယ်။ လွှတ်ဝရမ်းရေးဖို့ ကျွ န်တော်တို့ တစ်တွေကို ကိုယ်မှတ် စစ် တယ်။ ထောင်ကျ တုန်းက မှတ် တမ်းယူ ထားခဲ့တဲ့ ကိုယ်အင်္ဂါအမှ တ်အသားတွေနဲ့ ပြန်ညှိတယ်။ အားလုံး ပြီးတော့ လွှတ်ဝရမ်း ပေးတယ်။ ညျွန်မှူးရုံး အစည်းအဝေးခန်းမထဲ သွင်းတယ်။အကျဉ်းဦးစီးညွှန်ချုပ် ဗိုလ်မှူးကြီး ဇော်မင်းက ဩဝါဒေ ပးတယ်။
နောက်ဆုံးအတန်းမှာ ထိုင်နေ တဲ့ ကျွန်တော့်ကိုညွှန်ချုပ်က နာမည် ခေါ်တယ်။ ရှေ့ဆုံးတန်းကို ဖိတ် တ ယ်။ ရှေ့ဆုံးရဲ့ ရှေ့ မှာ အပြင် ကတရားသူကြီးတွေ၊ ဥပဒေ အရာရှိြ ကီးတွေ၊ ရဲအရာရှိကြီးတွေ၊ ထောင် အရာရှိကြီး တွေ ထိုင်နေတယ်။ညွှ န်ချုပ်က သူ့ဩဝါဒထဲမှာကျွန်တော့်နာမည်ကို တကြော်ကြော် ခေါ်-အော် -ဖော်တယ်။
“ဆရာကြီး ဦးဝင်းတင်လည်း ဒီနေ့လွ တ်ပြီ။ ကျွန်တော်တို့က ဆရာကြီး စာတွေကို ဖတ်ပြီး ကြီးခဲ့တာ။ ဆရာ ကြီး ကျန်းမာ ချမ်းသာ လိုရာဆန္ဒ ပြည့်ပါစေ”
ညွှန်ချုပ် ဩဝါဒ ဆုံးတော့ အားလုံး ခန်းမထဲက ထွက်ကြတယ်။
ထောင်ဘူး(တံခါးမကြီးခန်းမ)ထဲကို ဝင်ကြတယ်။ အားလုံးတန်းစီ လွတ် လမ်း ချီကြတယ်။ လွတ်လူတွေထဲမှာ ဒီချုပ်က လူငယ်တာဝန်ခံ(၂)မြင့်ေ ဋ္ဌး ပါတယ်။ လွတ်လူတွေ တော်တော်လေး ထွက်ကုန်တော့ ဒုတိယ ညွှန်ကြားေ ရးမှူးချုပ်က လာပြောတယ်။ ဆရာကြီးနဲ့ ဒီလူတွေဒီလူတွေ ခဏနေကြပါဦး ။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ေ မာင်ဦး လာတွေ့ ချင်တယ် ပြောလို့ ပါ။ ဝန်ကြီး စောင့်ရင်း ထမင်းေ လး စားပါဦးတဲ့။
ကျွန်တော်တို့ လူသိုက်က ၁ဝ ယော က်။ ကျား ၈၊ မ ၂ ။ (ကျား ၈ ထဲမှာ ဒီချုပ်ခေါင်းဆောင် တစ်ယောက် ပါတယ်။ တောင်ငူမြို့ကဦးအောင်စိုးမြင့်။ ၁၉၉ဝ အထွေထွေရွေးကောက် ပွဲမှာ အရွေးခံခဲ့ရသူ။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း အရွေးခံရသူ။ အခုနေပြည်တော်မှာ လွှတ်ေ တာ် တက်နေတယ်)။ ထမင်းစားပြီးရုံ ရှိသေး။ ထောက်လှမ်းရေး ၂ ယောက် ကျွန်တော့်ကို လာခေါ်တယ်။ အကျရုံးကိုလိုက်သွားရ တယ်။ အကျရုံးမှာ တစ်အောင့်လောက် မကြာဘူး။ ခေါ င်းစွပ်စွပ်ပြီး အပြင်ခေါ်ထုတ်ြ ပန်တယ်။ တစ်နေရာ ရောက်လို့ ခေါ င်း စွပ်ချွတ်တော့။ လားလား ကျွန် တော်မနက်က ထွက်လာခဲ့တဲ့ ထောင် ခန်း။ မနက် ထွက်လာတုန်းက ရှိရှိ သမျှ ဘုဉ္ဇာဟိ လုပ်ခဲ့လို့ အခန်း ကပြောင်တလင်းခါနေတယ်။ စားစရာ နတ္တိ၊ ခြုံစရာ ဝတ်စရာ ဘာမျှမရှိ။ ရေသောက်စရာ ခွက်မှ မကျန်။ မိုး သာ စုန်းစုန်းချုပ် သွားတယ်။ဘယ် သူဘယ်ဝါမှ ကျွန်တော့်အခန်း ပေါ် မလာ။ ကျွန်တော့်ကို ဘာစကား တစ် ခွန်းမှ လာမပြော။
ဒီလိုနဲ့ နောက်ထပ်ထောင်ထဲ မှာ ၂ နှစ်ကျော်အပိတ်ခံခဲ့ရပြန်တယ်။ ၂ ဝဝ၈ စက်တင်ဘာ ၂၃ မှကျွန်တော်ေ ထာင်က တကယ်လွတ်တယ်။
ထောင်သမိုင်းမှာ ကျွန်တော့်လို ရာဇဝင် ရိုင်းခဲ့တဲ့သူ မရှိခဲ့ ဘူး။ ကျွန်တော် ကြားဖူးနားဝ ရှိ သလောက် တစ်ယောက်မှ မရှိခဲ့ဘူး။ လူထုဦးလှလိုပုဂ္ဂိုလ် ထောင်ဒဏ်ြ ပန်ကျော့ခဲ့ရဖူးတယ်။ လွတ်ရက်ေ ရာက်တော့ သူ့ကိုထောင်ဗူးဝရုံး ပို့တယ်။ လွှတ်ဝရမ်း ပေးတယ်။ နော က်ထပ် ပုဒ်မ ၁ဝ(ဃ) ကပ်တယ်။ ထော င်ထဲပြန်သွင်းတယ်။ ထောင်ပြန်ကျ တယ်။
ကျွန်တော် အင်းစိန်ထောင်မှာ ရှိ နေတုန်း ကွန်မြူနစ်ဗဟိုက ကိုသက် ခိုင်လည်း ထောင်ကျနေတယ်။ တစ်ရက် မှာ သူ့လွတ်နေ့ စေ့တယ်။စစ်ထောက် လှမ်းရေးတွေ သူ့အခန်းရှေ့ ရောက် လာကြတယ်။ လွှတ်ဝရမ်း ဖတ်ပြတယ်။ ပြီးတော့ ပုဒ်မ ၁ဝ(ဃ)ကပ်တယ်။ သူ လည်းတစ်ကျော့ပြန် ထောင်ကျတယ်။
ဒီကိစ္စတွေ ကျွန်တော် သိသားပဲ။ြ ကားဖူးသားပဲ။ ဒါပေမယ့် ကျွန်တော့် အဖြစ်နဲ့ မတူကြဘူး။ ကျွန်တော် က လွတ်ပြီးသားလူ။ လွတ်တာမှကွင်းလုံးကျွတ် လွတ်ပြီးသားလူ။ ထော င် လုပ်ငန်း သဘောအရ အားလုံး၊ အကု န်လုံး၊ အူတွင်းချေးခါး မကျန် စ စ်ပြီးဆေးပြီး မေးပြီး မြန်းပြီး ရာခိုင်နှုန်းပြည့် လွတ်ပြီးသား လူ။ နောက်ထပ် ဘာပုဒ်မမှ မကပ်။ နောက်ထပ် ဘာတရားမှ မစွဲ။ နောက် ထပ် ဘယ်ရုံးမှ မတင်။ ကျွန်တော့် ကိုနောက်ထပ် ၂ နှစ်ကျော် ထောင် ထဲသွင်း ပိတ်ထားခဲ့တာဟာ ဘာသဘော လဲ။ ဘာအဓိပ္ပာယ်လဲ။ ဘယ်လို ဖြေရှ င်း မလဲ။ ဘယ်လိုခုခံချေပမလဲ။
ဗြောင် မတရားချုပ်နှောင်တာ။ အရပ်စကားနဲ့ ပြောရရင် “ဘလိုင်း” မတ ရား ချုပ်နှောင်တာ။ ဥပဒေမဲ့ မတ ရား ချုပ်နှောင်တာ။စစ်အာဏာရှင်ေ တွ မတရားလုပ်တာ။ စစ်အစိုးရက နို င်ငံ သားတစ်ဦး အပေါ် တရားမဲ့ပြုတာ ။ကိုင်း… ဥပဒေ ပညာရှင်တွေ ကျွန်ေ တာ့် အမှုကို ဘယ်လို အဆုံးအဖြတ်ေ ပးကြမလဲ။ စစ်အာဏာရှင် တွေကို ဘယ်လို ခုခံကာကွယ်ကြမလဲ။ကျွန်တော့် ကို ဘယ်လို စောင့်ရှောက် ကြမလဲ ။ တရားဥပဒေ စိုးမိုးရေး မရှိခဲ့ လို့ ဒီလိုဖြစ်ခဲ့တာလို့ ပြော က မှာလား။ စစ်အာဏာရှင် ခေတ်ကတရား ဥပဒေမဲ့ခဲ့လို့ ဒီလိုဖြစ်တာလို့ ပြောကြမှာလား။
ဒီလို စစ်အာဏာရှင်တွေ၊ စစ်အာဏာ ရှင် အစိုးရတွေ၊ စစ်အာဏာရှင် ပါး ကွက်သားတွေ၊ စစ်အာဏာရှင် လက်ပါးစေတွေ၊ စစ်အာဏာရှင်လက်ကိုင်တုတ်တွေ၊ စစ်အာဏာရှင် ကပ်ပါးတွေ၊ မတရား လုပ်ခဲ့ကြတာတွေ တရားမဲ့ ကျူးလွန်ခဲ့ကြတာတွေ၊ အားလုံးကို သင်ပုန်းချေပစ်လိုက်ရမှာလား။
သူတို့အားလုံးကို ဝန်ချ တောင်း ပန် ခိုင်းကြမှာလား။
သူတို့အားလုံးကို ပြည်သူ့ခုံရုံးတင်၊ စစ်ဆေး အပြစ်ပေး ကြမှာလား ။
သူတို့အားလုံးကို နိုင်ငံတကာ ခုံရုံးတင် စစ်ဆေး အပြစ်ပေး ကြမှာ လား။
နိုင်ငံရေးအကျဉ်းသားတွေ အားလုံး အတွက် သူတို့အားလုံးဆီက နစ်နြာေ ကး၊ လျော်ကြေး၊ တောင်းပန်ကြေး၊ ကန်တော့ကြေးတောင်းကြမှာလား။
စစ်အာဏာရှင်တွေကို နိုင်ငံရေး အ မွေဆက်ခံတဲ့ စစ်တစ်ပိုင်း အစိုး ရတစ်ခုလုံးကို သမဝါယမအစိုးရအဖွဲ့  လုပ်ခိုင်းကြမှာလား။
လုပ်ချင်တာ လုပ်။ လုပ်သင့်တာ လု ပ်။ လုပ်ဖို့လိုတာ လုပ်ကြပါ။
ကောင်းတာချည်းပါပဲ။ ကျွန်တော်ေ ထာက်ခံ ပါတယ်။
အရေးတော်ပုံ တပ်သား တစ်ယောက်အေ နနဲ့ သဘောထား ပြောပါလို့ မေးမလား။ နိုင်ငံရေး အကျဉ်းသား ဟောင်း တိုင်းက ဒီလိုပြောကြလိမ့်မယ် ထင်တယ်။
စစ်အာဏာရှင်တွေ တစ်မြုံလုံးကို
ကမ္ဘာမကျေဘူးဟေ့။
ဗမာမကျေဘူးဟေ့။
ငါမကျေဘူးဟေ့။
ကျွန်တော်တစ်ယောက်ထဲရဲ့ ထပ်ဆင့်
စစ်အာဏာရှင်တွေဟာ သမိုင်းကြွေး ဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်း လွတ်ခွင့် ရနေကြတယ်။ တရားဥပဒေေ ကြွးဆပ်ကြရမယ့်တာဝန်တွေကလည်း ကင်း လွတ်ခွင့် ရနေကြတယ်။ ကွယ်လွန် သူ စာရေး ဆရာကြီး သတင်းစာ ဆရြာ ကီး အိုးဝေဦးညိုမြ စကားလုံးအတို င်း“ငရဲခွေးကြီးလွတ်နေဆဲ” (Hell Hound at Large) လို့ ပြောရမှာပေါ့။
နောက်တစ်မျိုး ပြောရမယ်ဆိုရင် ဒီလို ပြောပြချင်တယ်။
“ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေေ သးတယ်”။
ဟံသာဝတီ ဦးဝင်းတင်
No comments:
Post a Comment