အောက်တိုဘာ ၂ဝ၊ ၂ဝ၁၂
တိုင်းရင်းသားလူမျိုးများ၏ တန်းတူကိုယ်ပိုင် စီမံခန့်ခွဲမှုရရှိရေး နှင့် လူ့အခွင့်အရေးများ ညီမျှစွာ ရရှိဖြစ်ပေါ်လာစေရေးအတွက် လက် ရှိ အစိုးရ အနေဖြင့် လက်တွေ့ပုံ သဏ္ဌာန်ဖြစ်မလာသေးသောကြောင့် အနာဂတ်တွင် ယင်းကိစ္စများကို အာ မခံပေးရန် လိုအပ်နေ၍ နိုင်ငံတော် သမ္မတအကြံပေးများနှင့် ဒီမိုကရေစီ မိတ်ဆွေပါတီတို့ တွေ့ဆုံဆွေးနွေးပွဲ ၌ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ် ပါတီ ဗဟိုအလုပ်အမှုဆောင် တစ်ဦး က တောင်းဆိုခဲ့ကြောင်း သိရသည်။
''ဖက်ဒရယ်ကိစ္စကို တောင်း ဆိုတာက တိုင်းရင်းသား အရေးတင်
မကဘူး၊ ဗမာလူမျိုးတွေရဲ့ အရေး လည်း ပါတယ်။ လက်တွေ့ကျင့် သုံးတဲ့ နေရာမှာ
ထိထိရောက်ရောက် ရှိအောင် ရှေ့ဆောင်ပေးဖို့၊ ရှေ့တန်း ပေးဖို့ အနာဂတ်မှာ
အာမခံပေးဖို့ တောင်းဆိုတာပါ'' ဟု ၄င်းက ထပ်ပြောသည်။
''နိုင်ငံတော်သမ္မတ အကြံပေး များနှင့် ဒီမိုကရေစီ မိတ်ဆွေပါတီ များ တွေ့ဆုံဆွေးနွေးမှုကို ရန်ကုန် မြို့ရှိ နိုင်ငံတော်သမ္မတ အကြံပေး ရုံးခန်း၌ အောက်တိုဘာလ ၂ဝ ရက် နေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ ရာ တိုင်းရင်းသားပါတီများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံမှုရခဲ့ပြီး တိုင်း ပြည်ပြုပြင်ပြောင်းလဲရေးအတွက် အကြံÓဏ်သစ်များရခဲ့ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်က တွေ့ဆုံဆွေးနွေး မှု အပေါ် သုံးသပ်ပြောပြသည်။
''တွေ့ဆုံဆွေးနွေးမှုက ကောင်း ပါတယ် တိုင်းရင်းသား အရေးကိစ္စ တွေ အများကြီးပါတယ်၊ရင်းရင်းနှီး နှီး ထိတွေ့မှုရှိတယ်၊ အကြံဥာဏ် သစ်တွေလည်း ရတယ်၊ ခြုံငုံပြီးပြော ရရင် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး မှာ ပိုပြီး ခရီးရောက်ဖို့ပေါ့၊ ပါတီ တွေဘက်က ရှုမြင်ချက်တွေနဲ့ ဒေသ ဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုတွေပါ တယ်''ဟု ၄င်းကထပ်မံပြောပြ သည်။
အဆိုပါ ဆွေးနွေးပွဲတွင် တိုင်း ရင်းသားများ၏ အခြေခံလိုအပ်ချက် များကို ဆွေးနွေးခဲ့သလို တိုင်းရင်း သားလူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ် ခွင့် တန်းတူညီမျှ ဖြစ်လာစေရေး ကိစ္စများကို ဆွေးနွေးခဲ့ရာ ပြည်နယ် များအနေဖြင့် နိုင်ငံမှ ခွဲမထွက်ပါ ဆိုသော သဘောတူညီချက်များလည်း ပါဝင်ကြောင်း ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေးပါတီဥက္ကဋ္ဌ ဦးအောင်သန်း ကပြောသည်။
''စဉ်းစားထားတဲ့ ဖက်ဒရယ် ပုံစံက ခွဲမထွက်ရဘူး၊ တိုင်းရင်းသား တွေနဲ့မှ ပတ်သက်တာမဟုတ်ဘူး၊ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တာ၊ တိုင်း ရင်းသားတွေထဲမှာ ဗမာလည်း တိုင်းရင်းသားပဲ အားလုံးအကျုံးဝင် တဲ့ ကိစ္စပါ၊ ဒီကိစ္စကို နိုင်ငံတော် သမ္မတက လက်ခံမယ်လို့ ယုံကြည် တယ်၊ နိုင်ငံတော်သမ္မတ အကြံ ပေးတွေကတော့ လက်ခံကြပါတယ်'' ဟု ၄င်းကထပ်ပြောသည်။
နိုင်ငံတော်သမ္မတအကြံပေးများ နှင့်တိုင်းရင်းသားဒီမိုကရေစီမိတ် ဆွေပါတီများ တွေ့ဆုံဆွေးနွေးပွဲသို့
နိုင်ငံတော်သမ္မတအကြံပေးဒေါက် တာနေဇင်လတ်၊ ဦးကိုကိုလှိုင်နှင့် သက်ဆိုင်ရာပါတီမှ ဥက္ကဋ္ဌ
နှင့် အ တွင်းရေးမှူးများ တက်ရောက်ခဲ့ကြ သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှ
ရရှိသော အကြံဥာဏ်များသည် နိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် များစွာ
အထောက်အပံ့ရကြောင်း နိုင်ငံတော် သမ္မတ အကြံပေးဒေါက်တာနေဇင် လတ်က ထပ်ပြောခဲ့သည်။
''ဖက်ဒရယ်ကိစ္စ အကောင် အထည်ပေါ်လာမယ်ဆိုရင် ချက်ခြင်း ငြိမ်းချမ်းရေးရပြီးတော့ အဆင်ပြေ သွားမှာ၊ တိုင်းရင်းသားလူမျိုးတွေ အားလုံး၊ ပြည်ထောင်စု တစ်စုလုံး တောင်းတနေတဲ့ စစ်မှန်တဲ့ ပြည် ထောင်စုကြီး အနေနဲ့ တစ်တိုင်းတစ် ပြည်လုံး အေးအေးဆေးဆေး ဖြစ် သွားမယ်၊ အဆင်ပြေသွားမယ်၊ ဘယ်သူမှလက်နက်ကိုင်ချင်မှာ မ ဟုတ်တော့ဘူး''ဟု ဆွေးနွေးပွဲတက် ရောက်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
No comments:
Post a Comment