Wednesday, October 10, 2012

အနားပေးခံရသည့် KNU ထိပ်သီးများ ရှင်းလင်းပွဲလုပ်မည်

Tuesday, October 09, 2012
ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ( ဓာတ်ပုံ - ပြည်တော်မြင့်
 အဖွဲ့မှ ထုတ်ပယ်ခံရခဲ့သော ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထိပ်တန်းခေါင်းဆောင် ၃ ဦးက စနေနေ့တွင် သတင်းသမားတို့နှင့်တွေ့ဆုံမည်ဟု KNU အရာရှိတဦးက ပြောသည်။
၎င်းက “လာမယ့် ၁၃ ရက်နေ့မှာ စစ်ဦးစီးချုပ်နဲ့အဖွဲ့က အဖွဲ့အတွင်းမှာ  


ညီညွတ်ရေး ပြန်လည်ရရှိဘို့အတွက် မြ၀တီမှာရှိတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့  ဆက်ဆံရေးရုံးမှာ မနက် ၉ နာရီက စပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်တယ်” ဟု ဘားအံခရိုင်ဥက္ကဌ ပဒိုအောင်မော်အေးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

အထုတ်ပယ်ခံများနှင့်၎င်းတို့ကိုထောက်ခံသူများက အဖွဲ့အတွင်း ညီညွတ်ရေး ပြန်ရရန်အတွက် ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့တွင် ယနေ့ တွေ့ဆုံကြသည်။  ထို့နောက် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် KNLA တပ်မှူးတဦးက ပြောသည်။
ရာထူးမှ ထုတ်ပယ်ခံရ ၃ ဦး
ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ စစ်ဦးစီးချုပ်
ပဒိုဒေးဗစ်ထော၊ ဗဟိုတရားရေးဌာန တာဝန်ခံ
ပဒိုရောဂျာခင်၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ

ယနေ့ဆွေးနွေးပွဲသို့  ထုတ်ပယ်ခံထားရသူများဖြစ်သည့်   ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊  ပဒိုရောဂျာခင်တို့ တက်ရောက်ကြသည်။  KNU တပ်မဟာမှူးအချို့နှင့်ခရိုင်ဥက္ကဌအချို့လည်း တက်ရောက်ခဲ့ကြပြီး စည်းလုံးညီညွတ်မှု ပြန်လည်တည်ဆောက်ကြရန် သဘောထားများ ပေးခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့်  ပဒိုအောင်မော်အေးက ပြောသည်။

လက်ရှိတွင် ထုတ်ပယ်ခံများကို ထောက်ခံသည့်အဖွဲ့နှင့် KNU ဗဟိုတို့အကြားတွင် သဘောထား တင်းမာနေ သည်ဟု ကရင့်အရေး လေ့လာသူများက သုံးသပ် ပြောဆိုကြသည်။

KNU ဒုဥက္ကဌ ပဒိုဒေးဗစ်သကဘောက “အကြိမ်ကြိမ် စည်းမျဉ်းစည်းကမ်းတွေ ဖောက်ဖျက်ခဲ့တဲ့အတွက် ဒီလူ ၃ ဦးကို အများသဘောအရ အဖွဲ့ကနေ ထုတ်ပယ်လိုက်တာ ဖြစ်တယ်” ဟု ယခုလ ၅ ရက်နေ့ညက ပြောကြားခဲ့သည်။

၎င်းတို့၃ ဦးသည် ဗဟို၏ခွင့်ပြုချက်မရဘဲ ဘားအံမြို့တွင် KNU ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်ခဲ့ပြီးနောက်  ရာထူးမှ အနားပေးခံရခြင်း ဖြစ်သည်။

Source: http://blog.irrawaddy.org/2012/10/knu_9.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)