Home
News
World News
Contact
Video
Photo
History
Statement
Article
Interview
Humanright
Poem
Links
Friday, October 26, 2012
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ လုပ်ဆောင်မှု ပုံသဏ္ဍာန် သဲကွဲမှုမရှိကြောင်း SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား
Friday, 26 October 2012
SNLD တည်ထောင်ခြင်း ၂၄ နှစ်ပြည့် အထိမ်းအမှတ် မိတ်ဆုံစားပွဲတွင် ဦးခွန်ထွန်းဦးအား တွေ့ရစဉ်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ လုပ်ဆောင်မှု ပုံသဏ္ဍာန် သဲကွဲမှု မရှိကြောင်း SNLD (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက Eleven Media Group သို့ ပြောပါသည်။
ဦးခွန်ထွန်းဦးသည် အောက်တိုဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော SNLD တည်ထောင်ခြင်း (၂၄)နှစ်ပြည့် အထိမ်းအမှတ် မိတ်ဆုံစားပွဲတွင် Eleven Media Group နှင့် တွေ့ဆုံရာ၌ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဆွေးနွေးတာတွေ ရှိပေမယ့်လို့ မသဲကွဲဘူး ဖြစ်နေတယ်။ အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးတာလား။ ယုံကြည်မှု တည်ဆောက်ဖို့ ဆွေးနွေးတာလား။ နိုင်ငံရေးအရ ဆွေးနွေးတာလား။ မသဲကွဲဘူး ဖြစ်နေတယ်။ အခုဆို KIO က နိုင်ငံရေးအရ ဆွေးနွေးဖို့ ပြောနေတယ်”ဟု ဦးခွန်ထွန်းဦးက ပြောပါသည်။
လက်ရှိအချိန်တွင် အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုသည် မြန်မာနိုင်ငံ၏ အဓိက လက်ငင်း လိုအပ်ချက်ဖြစ်နေပြီး အပစ်အခတ်ရပ်စဲရေးမှ တစ်ဆင့် ယုံကြည်မှုတည်ဆောက်ခြင်း၊ ထိုမှတစ်ဆင့် နိုင်ငံရေး အရ ဆွေးနွေးခြင်း စသည်တို့ကို ပြုလုပ်ရမည်ဟု ဦးခွန်ထွန်းဦးက ပြောသည်။
"အရေးကြီးဆုံးက ယုံကြည်မှု တည်ဆောက်ဖို့ပဲ။ အခုချိန်ထိ အဲတာကို မလုပ်နိုင်သေးဘူး ဖြစ်နေတယ်။ ယုံကြည်မှုရှိမှ ဆက်သွားလို့ ရမှာ" ဟု ဦးခွန်ထွန်းဦးက ပြောပါသည်။
အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် ပတ်သက်ပြီး သဘောထားတစ်ရပ်ကိုလည်း အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် SNLD ၂၄ နှစ်ပြည့် အထိမ်းအမှတ် သဘောထား ကြေညာချက်တွင်လည်း ဖော်ပြခဲ့ပါသည်။
အဆိုပါ ကြေညာချက်တွင် အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုသည် ယနေ့ မြန်မာနိုင်ငံ၏ အဓိက လက်ငင်း လိုအပ်ချက်အဖြစ် ခံယူကြောင်း၊ အပစ်အခတ် ရပ်စဲရေးသည် ငြိမ်းချမ်းရေး တံခါးဝအဖြစ် ယူဆကြောင်း၊ ငြိမ်းချမ်းရေး အစစ်အမှန် ရရှိအောင် ဆက်လုပ် ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံ ရေး ဆွေးနွေး ညှိနှိုင်းမှုများ ကျင်းပပြီး သဘောတူညီမှုများ ရအောင် ဆက်လက် ကြိုးပမ်းရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း စသည့်အချက်ကို ထည့်သွင်း ဖော်ပြခဲ့သည်။
ထို့အပြင် ဒေသအပေါ် အခြေခံသော အမည်သစ်များဖြင့် ဖွဲ့စည်းမည့် ပြည်ထောင်စု ပုံသဏ္ဍာန်ကို လက်မခံဘဲ တိကျပြတ်သားစွာ ဆန့်ကျင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော အမျိုးသားရေး လက္ခဏာ ဖြစ်သည့် အမည်နာမ အခေါ်အဝေါ်များအား ဖျက်သိမ်းပြီး ဒေသအပေါ် အခြေခံသော အမည်သစ်များဖြင့် ဖွဲ့စည်းမည့် ပြည်ထောင်စု ပုံသဏ္ဍာန်ကို ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လက်မခံ၊ တိကျပြတ်သားစွာ ဆန့်ကျင်ပါသည်”ဟု သဘောထား ကြေညာချက်တွင် ဖော်ပြခဲ့သည်။
လက်ရှိအချိန်တွင် ပြည်ထောင်စု ပုံသဏ္ဍာန်နှင့် ပတ်သက်ပြီး ပြောင်းလဲမည့် သတင်းများ အတိအကျ ထွက်ပေါ်လာခဲ့ခြင်း မရှိသေးသော်လည်း ခန့်မှန်း ပြောဆိုမှုများ ရှိနေသည့်အတွက် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အချက်တစ်ချက်အနေဖြင့် သဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
SNLD အနေဖြင့်မူ မူလရည်မှန်းချက် ဖြစ်သော စစ်မှန်သည့် ဖက်ဒရယ် ပြည် ထောင်စု ဖွဲ့စည်းရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးများကို ဒီမိုကရေစီ နိုင်ငံရေး စနစ်ဖော်ဆောင်ရေးနှင့်အတူ တစ်ပြိုင်နက်တည်း ဆက်လက် ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီ စနစ်သို့ ပြုပြင်ပြောင်းလဲရေး လုပ်ရပ်များကို ထောက်ခံ အားပေး သွားမည် ဖြစ်ပြီး လူတစ်စု၊ လူတစ်သိုက်၏ လက်ဝါးကြီးအုပ် ဆောင်ရွက်နေမှုများကို ဆန့်ကျင်တိုက်ဖျက် သွားမည် ဖြစ်ကြောင်း သဘောထား ကြေညာချက်တွင် ဖော်ပြခဲ့သည်။
SNLD ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ အတွင်းက တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌမှာ ဦးခွန်ထွန်းဦးဖြစ်ပြီး ဒုတိယ ဥက္ကဋ္ဌမှာ ဦးစိုင်းညွန့်လွင် ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အနှံ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်(၂၃) နေရာ အနိုင်ရရှိခဲ့ကာ NLD ပြီးနောက် မဲဆန္ဒနယ် ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သော ပါတီ ဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွှန့်လွင်တို့အား "ရှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံ ကောင်စီ" ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ဖမ်းဆီးခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ၂၀၁၂ခုနှစ် ဇန်န၀ါရီလတွင် ဦးခွန်ထွန်းဦးနှင့် ဦးစိုင်းညွှန့်လွင်တို့ ပြန်လည် လွတ်မြောက်လာခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေး ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ပါသည်။
Source: http://news-eleven.com/index.php?option=com_content&view=article&id=16152:-----snld----&catid=42:2009-11-10-07-36-59&Itemid=112
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
Download Karen [or] Burmese fonts Here
Zwekabin Font + Keyboard
Zwekabin Keyboard Layout
KBTS
Download Zawgyi Font
Zawgyi Installer (64bit)
Zawgyi Installer (32bit)
Download Karen or Burmese Fonts by clicking link Above
Saw Ba Oo Gyi
Mahn Ba Zan
Gen. Saw Bo Mya
Mahn Sha Lar Phan
Saw Ba Thin Sein
Gen. Tamla Baw
Karen and Burmese Important Website
Burma Media Center
BBC
VOA
RFA
DVB
Karen News Webpage
KIC
Kwekalu
KTWG
KHRG
Labels
article
(253)
history
(37)
humanright
(74)
interview
(91)
news
(2482)
newspaper
(3)
photo
(23)
poem
(21)
statement
(72)
video
(294)
world news
(63)
မြန်မာသတင်းဌာန
ရှမ်းသံတော်ဆင့်
မိုးမခ
ဧရာဝတီ
မဇ္ဈိမ
ယနေ့မြန်မာ
Blog Links
သောသီခို
KYOကိုးရီးယား
စောကျော်ခွီး
ကညောဖိုး
ဖူ့တာမိတ်
E-Book
Software
Music
မီးမုန်တိုင်း
ဗိုလ်မှူးကြီး မေရီအုန်း
ဟားတိုက်ရယ်တယ်မမှတ်လိုက်နဲ့ ငြုပ်သီးစပ်လို့
တိုးတက်ဖွံ့ဖြိုးရေး နဲ့ လူ့အခွင့်အရေး
ဦးပိုင်လူများမမြင်ချင်
အမှန်အတိုင်းမြင်စေချင်ပါသည်
ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ
ယုံကြည်မှုတွေအတွက်မယုံကြည်ခြင်း
The Role of the UNFC
ဗမာပြည်ကိုသိမ်းပိုက်ကြ
ဖြေရှင်းရမယ့် တိုင်းရင်းသားအရေး
ငြိမ်းချမ်းရေးလိုချင်သလား
ယနေ့မြန်မာ့နိုင်ငံရေးမြင်ကွင်း
ဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့၏ မြန်မာနိုင်ငံ...
View More
Any Video Converter PRO
Dreamweaver
CyberLink PowerDVD 10
English Myanmar Dictionary
BurnAwarePortable
Magic DVD Creator
Computer Whole Information
Photo Slideshow Creator v2.47
The Most Powerful Guitar Chord Dictionary
View More
Karen Song (Dick Dick)
Currency Converter
!-end>!-currency>
No comments:
Post a Comment